ဘဝ…တဲ့
ပျော်ရွှင်စရာတွေနဲ့သာ နေထိုင်ရမယ်ဆိုရင်
ဘဝက သိပ်ကိုတိုတောင်းနေမှာ ……
ဝမ်းနည်းစရာတွေနဲ့သာ
ရှေ့ဆက်ရမယ်ဆိုရင်
ဘဝက သိပ်ကို ရှည်ကြာနေမှာ ……
ရယူလိုမှုတွေနဲ့သာ
ပြည့်လျှမ်းရင်
ဘဝက သိပ်ကို ပူလောင်နေမှာ…
အတ္တမာန တွေနဲ့သာ
ဦးစီးရင်
ဘဝက သိပ်ကို အထီးကျန်ဆန်နေမှာ ……
ချစ်မြတ်နိုး ခြင်းတွေနဲ့သာ
လွှမ်းခြုံရင်
ဘဝက သိပ်ကို
စိုးရိမ်နေရမှာ …
ပေးဆပ်ခြင်းတွေနဲ့သာ
ဖြည့်စွက်ရင်
ဘဝက သိပ်ကို
ပြည့်ဝ နေမှာ …
သတိ တရားတွေနဲ့သာ
ရှေ့ဆက်ရင်တော့
အဲ့ဒီ ဘဝ ဆိုတာ …
ငြိမ်းအေးခြင်း အတွက်
လွတ်မြောက်ရာပေါ့ ………။
မမြဲသောအကြောင်းအရာတွေကိုအခြေခံပြီး "မာန" ဆိုတာတွေ ဖြစ်လာခဲ့ရင် ကျွန်မပြန်ဖတ်ဖို့ ………:)
ဝတ်မှုံလေး