အထီးကျန်ခြင်းကို
အခက်အလက်လုပ်ပြီးပေါ့…
အခက်အလက်လုပ်ပြီးပေါ့…
ကိုယ့် ပန်းပွင့်လေးတွေကို
အမေ တင့်တယ်စေရုံလေး …
ပန်စေချင်တာ ………။
အမေ တင့်တယ်စေရုံလေး …
ပန်စေချင်တာ ………။
ကိုယ့်သစ်သီးတွေကို
အဖေ မနာဖျား ရရုံလေး
စားစေချင်တာ ……။
အဖေ မနာဖျား ရရုံလေး
စားစေချင်တာ ……။
ကိုယ့် အရိပ်ကလေးမှာ …
မောင်လေးမမောရရုံလေး
နားစေ ချင်တာ …။
မောင်လေးမမောရရုံလေး
နားစေ ချင်တာ …။
ကိုယ့်အကိုင်းအခက်ကို
ညီမလေး စိတ်မညစ်ရရုံလေး
မှီခိုစေချင်တာ ……။
ညီမလေး စိတ်မညစ်ရရုံလေး
မှီခိုစေချင်တာ ……။
သစ်ပင်ဟာ…
ခံယူချက်တွေ တနင့်တပိုး ……
ခံယူချက်တွေ တနင့်တပိုး ……
ပျော်ရွှင်မှုတွေ ညှိုးတဲ့အခါညှိုး …
မျှော်လင့်ချက်တွေ ပျိုးတဲ့အခါပျိုး…
ရည်မှန်းချက်တွေ ကျိုးတဲ့အခါ ကျိုး ………
အဲ့ဒီလို အမျိုးမျိုး တွေနဲ့ …
ကြုံသမျှ ကို သင်ခန်းစာလိုကောက် ထည့် ……
သက်တမ်း ၂၅ နှစ် ၂၅ မိုး ထဲကိုရောက်ခဲ့တယ် ………။
ကြုံသမျှ ကို သင်ခန်းစာလိုကောက် ထည့် ……
သက်တမ်း ၂၅ နှစ် ၂၅ မိုး ထဲကိုရောက်ခဲ့တယ် ………။
ဝတ်မှုံလေး


0 Comments