ဂတိ
*****
*****
သိပ်မလှတဲ့ ကိုယ့်အပြုံး အတွက်
တတ်နိုင် သလောက် ရိုးသားဖြူစင် မှုတွေ သုံးပေးမယ် ……
ကိုယ်ပြုံးတိုင်း ပကတိ ခံစားချက်တွေ ပေးပါ့မယ် ……။
တတ်နိုင် သလောက် ရိုးသားဖြူစင် မှုတွေ သုံးပေးမယ် ……
ကိုယ်ပြုံးတိုင်း ပကတိ ခံစားချက်တွေ ပေးပါ့မယ် ……။
သိပ် မလှတဲ့ ကိုယ့် အဝတ်အစားတွေ အတွက်
တတ်နိုင်သလောက်
ကိုယ်ကျင့်သီလ တွေ ဆင်ယင်မယ် …
ကိုယ့်  အကျင့် နဲ့ ဂုဏ်ကျက်သရေ တင့်တယ်စေပါ့မယ် ……။
တတ်နိုင်သလောက်
ကိုယ်ကျင့်သီလ တွေ ဆင်ယင်မယ် …
ကိုယ့်  အကျင့် နဲ့ ဂုဏ်ကျက်သရေ တင့်တယ်စေပါ့မယ် ……။
ပြိုးပြက်လှပခြင်းတွေ
သိပ် မဝတ်ဆင်နိုင်တဲ့
ကိုယ့် အခြေ အနေအတွက်
"ရောင့်ရဲတင်းတိမ်ခြင်း" တွေ
ကို ရတနာ အဖြစ် ဆင်မြနိးမယ်
ကိုယ့် လက်ဝတ်ရတနာ အတွက်
မင်းမှာ…
စိုးရိမ်ပူပန်မှု ကင်းဝေးပါစေမယ်……။
သိပ် မဝတ်ဆင်နိုင်တဲ့
ကိုယ့် အခြေ အနေအတွက်
"ရောင့်ရဲတင်းတိမ်ခြင်း" တွေ
ကို ရတနာ အဖြစ် ဆင်မြနိးမယ်
ကိုယ့် လက်ဝတ်ရတနာ အတွက်
မင်းမှာ…
စိုးရိမ်ပူပန်မှု ကင်းဝေးပါစေမယ်……။
သိပ် မဖြူစင်တဲ့ ကိုယ့်အသားအရေ အတွက်
မနာလို ခြင်း ဂုဏ်ပြိုင်ကင်းမှုနဲ့
အတတ်နိုင်ဆုံး လျှော်ဖွတ်မယ်
ကိုယ့်စိတ်ထားမှာ မင်းအေးချမ်းပါစေမယ် ……။
မနာလို ခြင်း ဂုဏ်ပြိုင်ကင်းမှုနဲ့
အတတ်နိုင်ဆုံး လျှော်ဖွတ်မယ်
ကိုယ့်စိတ်ထားမှာ မင်းအေးချမ်းပါစေမယ် ……။
သိပ်မတောက်ပတဲ့ ကိုယ့် ဂုဏ်ရှိန်ဝါ အတွက် …
စာပေတွေနဲ့ ကမ္ဘာကြီး အကြောင်းတွေ တတ်နိုင်သလောက်
ဝေမျှမယ်……
ကိုယ့် ဗဟုသုတ မှာ
မင်း အသိဥာဏ်လင်းလက်ပါစေမယ် ……။
စာပေတွေနဲ့ ကမ္ဘာကြီး အကြောင်းတွေ တတ်နိုင်သလောက်
ဝေမျှမယ်……
ကိုယ့် ဗဟုသုတ မှာ
မင်း အသိဥာဏ်လင်းလက်ပါစေမယ် ……။
သိပ်မချမ်းသာတဲ့ကိုယ့်စညိးစိမ်ဥစ္စာ အတွက်
သံသရာမှာ ပါ သုံးစွဲလို့ရတဲ့
ဝိပဿနာ ရဲ့ အကြောင်း
မင်းကိုပြောပြမယ်……
ကိုယ့် ကြွယ်ဝ မှု မှာ
မင်းကုသ်ုလ်တွေ
တစ်သံသရာလုံး ရပါစေမယ် ………။
သံသရာမှာ ပါ သုံးစွဲလို့ရတဲ့
ဝိပဿနာ ရဲ့ အကြောင်း
မင်းကိုပြောပြမယ်……
ကိုယ့် ကြွယ်ဝ မှု မှာ
မင်းကုသ်ုလ်တွေ
တစ်သံသရာလုံး ရပါစေမယ် ………။
ဝတ်မှုံလေး


0 Comments