တောင်ငူမြို့မြောက်မျက်နှာ အရပ်
အခန်းကျဉ်းလေးထဲ မှ အပေအတေလေး စကားဆိုခန်း

.
သြော် လူ့ဘုံခန်းဝါ လူ့ပြည့်ရွာ မှာ အင်တာနက်မတက် တစ်မိနစ်နှစ်ကျပ် ပိုက်ဆံတွေလည်း ဖြတ်လွန်းလို့ အသက်ရှိစဉ် မသေခင်ကို အစဉ် မမှန် လွန်မမြန်သည့် မတန်မရာလုပ် ခပ်စုတ်စုတ်လိုင်းများကို တခုတ်ကယ်တရ မောင်းထုတ်ရလျှင်ဖြင့် တစ်မိနစ်လည်းနှစ်ကျပ် ပေးရကျိုးနပ်လေငဲ့ မရပ်မနား အဝိုင်းနားမှ အားမလိုအားမရ သုံးရပါငြားကပဲ လားလားမျှမတက်သည့်နက် အလွန့်လွန်ကို ခက်တော့တယ်
3 G ဝေလာဝေး wifi လည်းနှေးပေါ့တကယ် အဝိုင်းလည်ကာပိတ်ပိတ်ပျောက် ..အနှေးတကာ့ထွတ်ခေါင် လိပ်များနောင် ကျားမြီးကိုဆွဲ ဖြစ်သည့်ဇွဲသုံး ဇနကထုံး နှလုံးမူလျက် ပက်ကျိကတောင်ကိုကျော် ပြောင်မြောက်အောင်နှေးနိုင်တဲ့ ကော်နက်ရှင်နော်...။
.
ဟယ် ... သို့သော်လည်း ငါပဲ ..ဇွဲ ရှိလှ မသုံးလျှင်မရ မနေနိုင်လှတာမို့ မရရအောင်စောင့်ကာထိုင် အပီအပြင်ကိုမှိုင်တော့တယ်
ကံဆိုင်လို့တကယ် 3G ကိုတွယ်မိရင် ပြင်ဆင်ကာတကယ် ပေါက်ကရတွေရေးလိုက်မယ် တွေးလျက်
တယ်ကရ *ကွန်နက်ရှင်အတွက် အပြုံးများမပျက် :/ :/
.
တယ်ကရ = ဂရုမစိုက် မလေးမစား။(ရေသည်ပြဇာတ်မှစကား)

ကော်နက်ရှင်ပြဇာတ်
အာပေတူး၏ တစ်ကိုယ်တည်း ကော်နက်ရှင် ဆိုးရွားကြောင်းညည်းညူခန်းမှ ကောက်နုတ်ပါသည် ……:P

ဝတ်မှုံလေး

0 Comments