ဆီးချိုရောဂါလို့ဘာလို့ခေါ်သလဲ..


ဆီးချိုရောဂါဟာ နှလုံးပျက်စီးမှုနဲ့ ကျောက်ကပ်ပျက်စီးနိုင်မှုကို သာမန်ထက်ခြောက်ဆ ပိုမိုမြင့်မားစေနိုင်တဲ့အန္တရာယ်ရှိတဲ့ရောဂါတစ်ခုပဲဖြစ်ပါတယ်။

ဒီရောဂါဟာစားသောက်နေထိုင်မှုစနစ်ကို ပြောင်းလဲပစ်လိုက်ရစေနိုင်ရုံသာမကအခြားပြင်းထန်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာများကိုလည်းရရှိစေနိုင်ပါတယ်။ဆီးချိုရောဂါဟာ နှလုံးရောဂါ လေဖြတ်ခြင်း ကျောက်ကပ်ပျက်စီးခြင်း မျက်လုံးကွယ်ခြင်းနဲ့ခန္ဓာကိုယ်အစိတ်အပိုင်းများဖြတ်တောက်ပစ်ရခြင်းအန္တရာယ်တွေရဲ့အဓိကအကြောင်းရင်းလဲဖြစ်နေတတ်ပြန်ပါတယ်။ဒါပေမယ့်ဆီးချိုရောဂါကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခဲ့ရင်တော့အဲ့ ဒီနောက်ဆက်တွဲပြသနာတွေကနေ ကာကွယ်နိုင်ပါလိမ့်မယ်…

ဆီးချိုရောဂါနဲ့ဆက်စပ်နေတဲ့နောက်ဆက်တွဲပြဿနာတွေကတော့ နှလုံးသွေးလွှတ်ကြောယိုယွင်း၍ဖြစ်သောရောဂါ (coronary artery disease) ၊ အာရုံကြောနှင့်ပတ်သက်သည့်ရောဂါများ ၊ အမြင်အာရုံကိုထိခိုက်ခြင်း နဲ့ ကျောက်ကပ်ကိုထိခိုက်စေခြင်းများဖြစ်နိုင်ပါတယ်..။

ဆီးချိုရောဂါရှိသူတွေဟာ..သာမန်လူများထက်..အမြင်အာရုံကွယ်ပျောက်ဖို့ ၂၅ ဆပိုမိုများပြားပါတယ်…ကျောက်ကပ်ဆိုင်ရာရောဂါများ ကိုသာမန်လူထက် ၁၇ ဆပိုမိုဖြစ်နိုင်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကိုဖြတ်တောက်ပစ်ရဖို့အတွက်တော့ ၃၀ မှ၄၀ ဆ အထိ ပိုမိုဖြစ်ပွားနိုင်ပါတယ်..နှလုံးကြွက်သားများ (သွေးမရောက်နိုင်သောကြောင့်)ပိတ်ဆို့ သေဆုံးခြင်း..ကို ၂ ဆမှ၎ ဆ ပိုမိုဖြစ်စေနိုင်ပြီး လေဖြတ်ခြင်းအန္တရာယ်ကိုတော့ ဆီးချိုရောဂါမရှိသူတွေထက် နှစ်ဆပိုမို ခံစားရဖွယ်ရှိတယ်လို့လေ့လာချက်များကဆိုပါတယ် ..

ဒါကြောင့် စားသောက်မှုစနစ်ကိုပြုပြင်ပြောင်းလဲခြင်းအပါအ၀င် ကိုယ့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကိုလည်း ကျန်းမာရေးနဲ့အညီ အထူးပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်…ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းနဲ့…ကိုယ်အလေးချိန်လျှော့ချခြင်းတွေဟာ ဆီးချိုရောဂါကို အဟန့်အတားဖြစ်စေနိုင်ပါလိမ့်မယ်…

ဆီးချိုရောဂါဟာာဇီဝတွင်းဖြစ်ပျက်မှုဆိုင်ရာ ကြောက်စရာအကောင်းဆုံးနဲ့ အရေးအကြီးဆုံးရောဂါတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ဘယ်အဂါင်္အဖွဲ့အစည်းကိုမဆို (ဥပမာ ..နှလုံး.၊ကျောက်ကပ် .စသည်) အကျိုးသက်ရောက်မှုရှိနိုင်တဲ့..ရောဂါတစ်ခုဖြစ်ပါတယ်..မကူးစက်နိုင်ပေမယ့် မျိုးရိုးလိုက်တတ်ပါတယ်…

ပုံမှန်အားဖြင့်ဆိုလျှင် သွေးတွင်းမှ ဂလူးဂို့စ်တွေဟာတစ်ရှူးများအတွင်းသို့ ၀င်ရောက်ပြီးစွမ်းအင်အဖြစ်ပြောင်းလဲသွားပါတယ်.။ထိုသို့ဖြစ်ပေါ်ရန်အတွက် အင်ဆူလင်ဟုခေါ်သော ဟော်မုန်း လိုအပ်ပါတယ်။

ဆီးချိုရောဂါဖြစ်ပွားရတဲ့အဓိက အကြောင်းရင်းကတော့ အင်ဆူလင် ဆိုတဲ့ဟော်မုန်းကို ခန္ဓာကိုယ်မှာရှိတဲ့ မုန့်ချိုအိတ် (pancreas ) မှ လုံးဝ မထုတ်ပေးနိုင် သဖြင့်သော်လည်းကောင်း ၊ ထုတ်ပေးနိုင်သော်လည်း ခန္ဓာကိုယ်ရှိ ဆဲလ်များက အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်း မရှိ၍ သော်လည်း ကောင်း.. သွေးတွင်း သကြားဓာတ် များပြားလာရပါတယ်..သွေးတွင်းမှာ ရှိတဲ့ပိုလျှံနေတဲ့ ဂလူးဂို့စ်တွေကို ကျောက်ကပ်မှာရှိတဲ့ glomeruli လို့ခေါ်တဲ့စစ်ထုတ်တဲ့အရာလေးတွေက စစ်ထုတ်ပစ်တဲ့အခါမှာတော့ ဆီးထဲမှာ သကြားဓာတ် (ဂလူးဂို့စ်) တွေပါဝင်လာရပါတော့တယ်.။ေ

သွေးထဲမှာရော ဆီးမှာပါ ဂလူးဂို့စ်(သကြားဓာတ်)တွေ များနေတဲ့ ရောဂါဖြစ်လို့ ဆီးချိုသွေးချိုရောဂါ လို့အမည်တွင်တာ ဖြစ်ပါတယ်…။
.
သူငယ်ချင်းတို့ ဗဟုသုတများစွာ တိုးပွားကြပါစေနော်..

ခင်မင်လျက်..
.
WHP
.

1.http://en.wikipedia.org/wiki/Diabetes_mellitus
2.lecture notes on pharmacology ,volume 3 ,university of pharmacy , Ygn .. မှအချက်အလက်အချို့ကို ဘာသာပြန် ကိုးကားထားခြင်းဖြစ်ပါသည်..။

Post a Comment

0 Comments