တောင်ငူက ဟင်းရည်ကျဲ
******************
တောင်ငူက ဟင်းရည်ကျဲ နဲ့ငှက်ပျောအူ…
မြင်မြင် ချင်း မှာပဲ ကိုယ်ဟာ
တစ်ဖက်သတ် မုန်းနေသူပေါ့……
မြင်မြင် ချင်း မှာပဲ ကိုယ်ဟာ
တစ်ဖက်သတ် မုန်းနေသူပေါ့……
ခပ်ပျစ်ပျစ် ဆန်လှော်အနှစ် အရသာတွေ နဲ့ ပျော်ပိုက်ခဲ့တဲ့လျှာ…
သူ့ကို မျိုချတဲ့အခါ
သူစိမ်းတရံဆန်ဆန် ပြန်တွန်းလှန်ခဲ့…
စကားဆိုတတ်ရင် ကတ်ကတ်လန်အောင်ပြန်ရန်တွေ့မှာ အသေအချာ……။
သူ့ကို မျိုချတဲ့အခါ
သူစိမ်းတရံဆန်ဆန် ပြန်တွန်းလှန်ခဲ့…
စကားဆိုတတ်ရင် ကတ်ကတ်လန်အောင်ပြန်ရန်တွေ့မှာ အသေအချာ……။
ဘယ်လိုရှောင်ရှောင်သူ့ကို မလွတ်…
ဒီတော့ ခပ်ရွတ်ရွတ်နဲ့မျိုချ…
ဆေးခါးကြီး သောက်ရသလို……။
ဒီတော့ ခပ်ရွတ်ရွတ်နဲ့မျိုချ…
ဆေးခါးကြီး သောက်ရသလို……။
သြော်…
အချိန်မှတ်သားတဲ့ ကားပုံလေးတွေ
ကိုယ့်စာအုပ်စင်လေးပေါ်များလာနဲ့အမျှ……
အချိန်မှတ်သားတဲ့ ကားပုံလေးတွေ
ကိုယ့်စာအုပ်စင်လေးပေါ်များလာနဲ့အမျှ……
ရှ နဲ့ ချ သံလေးက
နားဝင်ပီယံကာ ချိုမြ……
နားဝင်ပီယံကာ ချိုမြ……
မုန့်ဖက်ထုပ်ကို မုန့်ထုပ်ကြီးလို့ခေါ်တတ်လာခဲ့ရ…။
ဒီလိုနဲ့ …
အခုအခါ
တောင်ငူက ဟင်းရည်ကျဲ…
ကိုယ့်ရဲ့အသည်းစွဲ……
ဗိုက်ဆာတဲ့အချိန် ဆွဲလိုက်ရတဲ့အခါ…
လမင်းကြီးတစ်ခုလုံးကို မျိုချထားရသလို…
လျှာ ခံတွင်း မှာ ချိုမြိန်သာယာလို့ ………။
အခုအခါ
တောင်ငူက ဟင်းရည်ကျဲ…
ကိုယ့်ရဲ့အသည်းစွဲ……
ဗိုက်ဆာတဲ့အချိန် ဆွဲလိုက်ရတဲ့အခါ…
လမင်းကြီးတစ်ခုလုံးကို မျိုချထားရသလို…
လျှာ ခံတွင်း မှာ ချိုမြိန်သာယာလို့ ………။
တောင်ငူက ဟင်းရည်ကျဲ ပေးတဲ့သင်ခန်းစာ…
အချိန်ဆိုတာ တကယ်တော့
အံ့အားသင့် ဖွယ် မျက်လှည့်ဆရာ…အဖြစ်
အခြေအနေတွေ အားလုံးကို
တွက်ဆ လို့ မရအောင် ပြောင်းလဲစေပစ်ခဲ့တယ် ……။
အချိန်ဆိုတာ တကယ်တော့
အံ့အားသင့် ဖွယ် မျက်လှည့်ဆရာ…အဖြစ်
အခြေအနေတွေ အားလုံးကို
တွက်ဆ လို့ မရအောင် ပြောင်းလဲစေပစ်ခဲ့တယ် ……။
အမြဲခင်လျက်
ဝတ်မှုံလေး
ဝတ်မှုံလေး



0 Comments