မဟာသမယသုတ်တော် မြန်မာပြန်
ပထမသင်္ဂါယနာတင်မှတ်တမ်း
အရှင်အာနန္ဒာ-“အရှင်မဟာကဿပထေရ်ဘုရား။ အကျွန်ုပ်အာနန္ဒာသည် မြတ်စွာဘုရားရှင်ထံမှ ဤသို့ အတိုင်းအရှည်ရှိသည့် စကားတော်များအား ကြားနာမှတ်သားခဲ့ရပါ၏။
ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော သဗ္ဗေညုမြတ်စွာဘုရားရှင်သည် သက္ကတိုင်း ကပိလဝတ်ပြည်(အနီးရှိ) မဟာဝုန်တောတွင် အားလုံး ရဟန္တာပုဂ္ဂိုလ်သာဖြစ်ပေသည့် ရဟန်းသံဃာတော်ပေါင်းငါးရာနှင့်အတူ သီတင်းသုံးနေထိုင်တော်မူသောအခါတွင် စကြဝဠာတစ်ထောင်စီရှိသော လောကဓာတ်တိုက် ဆယ်တိုက်တို့မှ နတ်ဗြဟ္မာအပေါင်းတို့သည် မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်တို့ကို ဖူးတွေ့ရန်အတွက် အများအပြား စုဝေးရောက်ရှိလာကြပေ၏။
သုဒ္ဓါဝါသဘုံမှ ဗြဟ္မာလေးဦးအကြောင်း
ထိုအခါတွင် သုဒ္ဓါဝါသဘုံတွင်နေသည့် ဗြဟ္မာလေးဦးတို့သည်-‘ဤ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော သဗ္ဗေညုမြတ်စွာဘုရားရှင်သည် သက္ကတိုင်း ကပိလဝတ်ပြည်(အနီးရှိ) မဟာဝုန်တောတွင် အားလုံး ရဟန္တာပုဂ္ဂိုလ်သာဖြစ်ပေသည့် ရဟန်းသံဃာတော်ပေါင်းငါးရာနှင့်အတူ သီတင်းသုံးနေထိုင်တော်မူသောအခါတွင် စကြဝဠာတစ်ထောင်စီရှိသော လောကဓာတ်တိုက် ဆယ်တိုက်တို့မှ နတ်ဗြဟ္မာအပေါင်းတို့သည် မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်တို့ကို ဖူးတွေ့ရန်အတွက် အများအပြား စုဝေးရောက်ရှိလာကြပေ၏။
ငါတို့သည်လည်း မြတ်စွာဘုရားရှင် ထံသို့ သွားကြပြီး မြတ်စွာဘုရားရှင် အနားတော်တွင် ကိုယ်စီကိုယ်စီ ဂါထာတစ်ပုဒ်စီ ရွတ်ဆိုလျှောက်ထားရလျှင် ကောင်းပေမည်။ ’ဟူ၍ အကြံဖြစ်ကြလေ၏။
ထို့နောက် ထိုဗြဟ္မာလေးဦးတို့သည် ဥပမာဆိုရသော် ခွန်အားရှိသော ယောကျာ်း၏ အလျင်အမြန် ကွေးသောလက်ကို ဆန့်ခြင်း နှင့် ဆန့်သောလက်ကို ကွေးခြင်း ပြုသကဲသို့ သုဒ္ဓါဝါသဗြဟ္မာဘုံမှ ပျောက်ကွယ်ပြီး မြတ်စွာဘုရားရှင်၏ ရှေ့တော်တွင် အထင်အရှားပေါ်ကာရောက်ရှိကြကုန်၏။
ကိလေသာရန်သူတို့၏ ထိပါးအနိုင်ယူခြင်းကို မခံရသော အပရာဇိတအမည်ရှိ သံဃာတော်တို့ကိုဖူးတွေ့လိုသော သုဒ္ဓါဝါသဗြဟ္မာ
ထိုဗြဟ္မာလေးဦးတို့သည် မြတ်စွာဘုရားရှင်ကို ရှိခိုးပြီး တစ်နေရာတွင် ရပ်ပြီးသောအခါ ဗြဟ္မာတစ်ဦးသည် မြတ်စွာဘုရားရှင်၏ရှေ့တော်တွင်-‘အရှင်ဘုရား။ မဟာဝုန်တောတွင် နတ်ဗြဟ္မာအပေါင်းတို့သည် စုဝေးရောက်ရှိကြသဖြင့် အစည်းအဝေးကြီးဖြစ်နေလျက်ရှိပါ၏။ အကျွန်ုပ်တို့သည်လည်း ကိလေသာရန်သူတို့၏ ထိပါးအနိုင်ယူခြင်းကို မခံရသော အပရာဇိတအမည်ရှိ သံဃာတော်တို့ကို ဖူးတွေ့ရန်အတွက် ဤတရားသဘင် အစည်းအဝေးရှိရာသို့ လာရောက်ကြပါ၏’။’ဟူ၍ ပြောဆိုလျှောက်ထား၏။
ဣန္ဒြေတည်ငြိမ်သော သံဃာတော်တို့ကိုဖူးတွေ့လိုသော သုဒ္ဓါဝါသဗြဟ္မာ
ထို့နောက် ဗြဟ္မာတစ်ဦးသည် မြတ်စွာဘုရားရှင်၏ရှေ့တော်တွင်-‘ အရှင်ဘုရား။ ဤအစည်းအဝေးရှိ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်ဖြောင့်မတ်စွာ ပြုထား(ပြီး)ကြပါ၏။ ရထားထိန်းသည် မြင်းဇက်ကြိုးတို့ကို ကိုင်၍ ထိန်းနိုင်သကဲ့သို့ ပညာရှိ ရဟန်းတို့သည်လည်း ဣန္ဒြေ(အမူအရာ)တို့ကို ထိန်းသိမ်းတော်မူနိုင်ကြပေ၏။’ဟူ၍ ပြောဆိုလျှောက်ထား၏။
ရာဂဒေါသမောဟမရှိသော သံဃာတော်တို့ကိုဖူးတွေ့လိုသော သုဒ္ဓါဝါသဗြဟ္မာ
ထို့နောက် ဗြဟ္မာတစ်ဦးသည် မြတ်စွာဘုရားရှင်၏ရှေ့တော်တွင်-‘ အရှင်ဘုရား။ မြတ်စွာဘုရားရှင် ကောင်းမွန်စွာ ဆုံးမထားပြီးသည်ဖြစ်သဖြင့် တပ်မက်ခြင်းတဏှာကင်းပြီး သန့်ရှင်းစင်ကြယ်သော ထိုရဟန္တာငယ်တို့သည် (တပ်မက်လိုချင်သော)ရာဂ၊ (အမျက်ထွက်ခြင်း)ဒေါသ၊ (တွေဝေမသိခြင်း)မောဟ ဟူသော ခလုတ်တံသင်း နှင့် တံခါးကျည်း မင်းတုပ်တို့ကိုဖြတ်ပြီးလျှင် (တပ်မက်လိုချင်သော)ရာဂ၊ (အမျက်ထွက်ခြင်း)ဒေါသ၊ (တွေဝေမသိခြင်း)မောဟ ဟူသော တံခါးတိုင်ကို နှုတ်ပြီး လှည့်လည်၍သွားလာနေကြကုန်၏။ ’ဟူ၍ ပြောဆိုလျှောက်ထား၏။
မြတ်စွာဘုရားရှင်အားကိုးကွယ်ခြင်းအကျိုးကိုပြောကြားသည့် သုဒ္ဓါဝါသဗြဟ္မာ
ထို့နောက် ဗြဟ္မာတစ်ဦးသည် မြတ်စွာဘုရားရှင်၏ရှေ့တော်တွင်-‘ အရှင်ဘုရား။ မြတ်စွာဘုရားရှင်ကို ကိုးကွယ်အားထားရာဟူ၍ ကိုးကွယ်အားထားဆည်းကပ်သူ အားလုံးသည် မကောင်းသော အပါယ်လောကဘုံသို့ မရောက်ကြဘဲ လူ့ခန္ဓာကို စွန့်ပယ်ပြီးသောအခါတွင် နတ်ပြည်သို့ ရောက်ရှိကြပါလတ္တံ့။ ’ဟူ၍ ပြောဆိုလျှောက်ထား၏။
မြတ်စွာဘုရားရှင် နတ်တို့အမည်များအား ကြေညာဖြစ်ကြောင်း ရဟန်းတို့အား မိန့်တော်မူခြင်း
ထိုအခါတွင် မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား-‘ ရဟန်းတို့။ စကြဝဠာတစ်ထောင်စီရှိသော လောကဓာတ်တိုက် ဆယ်တိုက်တို့မှ နတ်ဗြဟ္မာအပေါင်းတို့သည် မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်တို့ကို ဖူးတွေ့ရန်အတွက် အများအပြား စုဝေးရောက်ရှိလာကြပေ၏။
ရဟန်းတို့။ အတိတ်ကာလအခါတွင် ပွင့်တော်မူခဲ့သော ပူဇော်အထူးကို ခံယူတော်မူထိုက်သည့် မြတ်စွာဘုရားရှင်တို့၏လက်ထက်တော်အခါကလည်း ယခုငါ၏လက်ထက်ကဲ့သို့ ဤမျှ အတိုင်းအတာရှိသည့် နတ်ဗြဟ္မာတို့သည် စုဝေးခဲ့ကြလေပြီ။
ရဟန်းတို့။ အနာဂတ်ကာလအခါတွင်လည်း ပွင့်တော်မူမည်ဖြစ်သော ပူဇော်အထူးကို ခံယူတော်မူထိုက်သည့် မြတ်စွာဘုရားရှင်တို့၏လက်ထက်တော်အခါတွင်လည်း ယခုငါ၏လက်ထက်ကဲ့သို့ ဤမျှ အတိုင်းအတာရှိသည့် နတ်ဗြဟ္မာတို့သည် စုဝေးမည်ဖြစ်ပေ၏။
ရဟန်းတို့။ (ငါသည်) နတ်ဗြဟ္မာအပေါင်းတို့၏ အမည်နာမတို့ကို ပြောကြားမည်။
ရဟန်းတို့။ (ငါသည်) နတ်ဗြဟ္မာအပေါင်းတို့၏ အမည်နာမတို့ကို ကြေညာမည်။ ’
ရဟန်းတို့။ (ငါသည်) နတ်ဗြဟ္မာအပေါင်းတို့၏ အမည်နာမတို့ကို ဟောကြားမည်။
(ရဟန်းတို့) ဤစကားကို နာယူပြီး နှလုံးသွင်းကြလော့။ (ငါ)ဟောပေမည်။’ ဟူ၍ မိန့်တော်မူလေ၏။
ရဟန်းတို့က-‘အရှင်ဘုရား။ ကောင်းပါပြီ။’ဟူ၍ မြတ်စွာဘုရားရှင်၏စကားတော်ကို နာခံလေ၏။
မြတ်စွာဘုရားရှင်နှင့် ရဟန်းတို့၏ အပြုအမူမြင်ကွင်းအခြေအနေ
မြတ်စွာဘုရားရှင်သည်-‘ ရဟန်းတို့။ ဂါထာဖွဲ့ပြီး ဟောကြားပေအံ့။ အကြင်ရဟန်းတို့သည် မြေတည်နတ်များ မှီတည်နေထိုင်ရာ အရပ်ဒေသများ၊ တောင်ရှိလှိုဏ်ဂူတွင်းတို့ကို မှီခိုနေကြကုန်၏။ ထိုရဟန်းတို့သည် နိဗ္ဗာန်ကို ရည်မှန်းသော စိတ်ရှိကြ၏။ တည်ငြိမ်သောစိတ်လည်း ရှိကြ၏။ ထိုများပြားသော ရဟန်းတို့သည် ကြက်သီးမွေးညှင်းမထတုန်လှုပ်ခြင်းမရှိဘဲ ခြင်္သေ့မင်းကဲ့သို့ တစ်ပါးတည်း ကိန်းအောင်းနေထိုင်လေ့ရှိ၏။
ဖြူစင်သောစိတ်ရှိပြီး နောက်ကျူခြင်းကင်းပြီး သန့်ရှင်းကြည်လင်ကြပေ၏။ ’ဟူသော တရားစကားကို ဟောတော်မူ၏။
အရှင်အာနန္ဒာ-ထိုအချိန်တွင် မြတ်စွာဘုရားရှင်သည် ကပိလဝတ်ပြည(အနီးတွင်) မဟာဝုန်တောရှိ တပည့်သာဝက ငါးရာကျော်တို့ (မြတ်စွာဘုရားရှင်၏ အဆုံးအမ)သာသနာတော်တွင် နှစ်သက်စွာ နေကြသည်ကို သိတော်မူသောကြောင့် -‘ရဟန်းတို့။ နတ်ဗြဟ္မာအပေါင်းတို့သည် (သင်တို့ရှိရာသို့) ဦးတည်ပြီး လာရောက်ကြကုန်၏။ ထိုနတ်ဗြဟ္မာအပေါင်းတို့ကို ဒိဗ္ဗစက္ခုဉာဏ်အမြင်ဖြင့် သိမြင်ကြကုန်လော့။’ဟူ၍ အမိန့်ရှိတော်မူလေ၏။
ထိုရဟန်းတို့သည်လည်း မြတ်စွာဘုရားရှင်၏အဆုံးအမကို ကြားနာရ၍ သိရန်အတွက် (ဒိဗ္ဗစက္ခုဉာဏ်အမြင်ရရန်) အားထုတ်ကြ၏။
ထိုရဟန်းတို့တွင် နတ်ဗြဟ္မာတို့ကို မြင်နိုင်ရန်စွမ်းသည့် ဒိဗ္ဗစက္ခုအမြင်ဉာဏ်သည် ရရှိဖြစ်ပေါ်လေ၏။
အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာပေါင်းအယောက်တစ်ရာကို မြင်ကြရ၏။
အချို့သောရဟန်းတို့သည် နတ်ဗြဟ္မာပေါင်းအယောက်တစ်ထောင်ကို မြင်ကြရ၏။
အချို့သောရဟန်းတို့သည် နတ်ဗြဟ္မာပေါင်းအယောက်ခုနှစ်သောင်းကို မြင်ကြရ၏။
အချို့သောရဟန်းတို့သည် နတ်ဗြဟ္မာပေါင်းအယောက်တစ်သိန်းကို မြင်ကြရ၏။
အချို့သောရဟန်းတို့သည် မရေမတွက်နိုင်သောနတ်ဗြဟ္မာအပေါင်းကို မြင်ကြရ၏။
အားလုံးသောအရပ်မျက်နှာများသည် နတ်ဗြဟ္မာတို့ဖြင့် ပြည့်နှက်လျက်ရှိပေ၏။
ထိုအချိန်တွင် သမန္တစက္ခု၊ဒိဗ္ဗစက္ခု၊ဗုဒ္ဓစက္ခု၊မံသစက္ခု၊ပညာစက္ခု ဟူသော စက္ခုငါးပါးအားပိုင်ဆိုင်အစိုးရ တော်မူသော သဗ္ဗေညုမြတ်စွာဘုရားရှင်သည် ရဟန်းများ၏ တစ်ပါးချင်းစီ သိပုံမြင်ပုံ အားလုံးကို ထူးခြားသောဉာဏ်ဖြင့် သိမြင်ခွဲခြားမှတ်သားပြီးနောက် သာသနာအဆုံးအမတော်တွင် နှစ်သက်ပျော်ရွှင်ကုန်သော ထို တပည့်သာဝကရဟန်းတို့အား-‘ရဟန်းတို့။ နတ်ဗြဟ္မာအပေါင်းတို့သည် (ဤအစည်းအဝေးရှိရာအရပ်သို့) ဦးတည်ရောက်ရှိနေကြလေ၏။ ထို နတ်ဗြဟ္မာတို့ကို ဒိဗ္ဗစက္ခုဟူသော အမြင်ဉာဏ်ဖြင့် ကြည့်ရှုသိကြလော့။ ထိုနတ်ဗြဟ္မာတို့ကို (ငါသည်) သင်တို့အား(သိစေရန်) ဂါထာစကားဖြင့် အစဉ်တိုင်း (အစီအစဉ်တကျ) ပြောကြား(ကြေညာ)ပေအံ့။’ဟူ၍ မိန့်တော်မူ၏။
မဟာသမယအစည်းအဝေးရှိ နတ်ဗြဟ္မာ၏အမည်များကို ကြေညာခြင်း
(က)မဟာသမယအစည်းအဝေးရှိ မြေတည်နတ်များ၏အမည်များ
(၁)တောတောင်နေနတ်များ၏အမည်များ
သဗ္ဗေညုမြတ်စွာဘုရားရှင်-‘ရဟန်းတို့ မြေတွင်တည်နေ နေထိုင်ပြီး ကပိလဝတ်ပြည်ကို မှီခို၍နေထိုင်ကြသည့် ဘုန်းတန်ခိုးအာနုဘော်ကြီးမားပြီး ရုပ်အဆင်းချောမောကာ အခြံအရံအသိုင်းအဝိုင်းများကြသည့် နတ်ပေါင်း ခုနှစ်ထောင်တို့သည် (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ(သောစိတ်ဖြင့် )လာရောက်ကြလေ၏။
ဟိမဝန္တာတောင်တွင် နေထိုင်ကြသော အမျိုးမျိုးသော အရောင်အသွေးရှိသော ဘုန်းတန်ခိုးအာနုဘော်ကြီးမားပြီး ရုပ်အဆင်းချောမောကာ အခြံအရံအသိုင်းအဝိုင်းများကြသည့် နတ်ပေါင်း ခြောက်ထောင်တို့သည် (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ(သောစိတ်ဖြင့် ) လာရောက်ကြလေ၏။
သာတာဂီရိတောင်တွင် နေထိုင်ကြသော အမျိုးမျိုးသော အရောင်အသွေးရှိသော ဘုန်းတန်ခိုးအာနုဘော်ကြီးမားပြီး ရုပ်အဆင်းချောမောကာ အခြံအရံအသိုင်းအဝိုင်းများကြသည့် နတ်ပေါင်း သုံးထောင်တို့သည် (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ(သောစိတ်ဖြင့် ) လာရောက်ကြလေ၏။
(ဤဆိုအပ်ခဲ့ပြီးသော) အမျိုးမျိုးသော အရောင်အသွေးရှိသော ဘုန်းတန်ခိုးအာနုဘော်ကြီးမားပြီး ရုပ်အဆင်းချောမောကာ အခြံအရံအသိုင်းအဝိုင်းများကြသည့် နတ်ပေါင်း တစ်သောင်းခြောက်ထောင်တို့သည် (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ(သောစိတ်ဖြင့် ) လာရောက်ကြလေ၏။
ဝေဿာမိတ္တတောင်တွင် နေထိုင်ကြသော အမျိုးမျိုးသော အရောင်အသွေးရှိသော ဘုန်းတန်ခိုးအာနုဘော်ကြီးမားပြီး ရုပ်အဆင်းချောမောကာ အခြံအရံအသိုင်းအဝိုင်းများကြသည့် နတ်ပေါင်း ငါးရာတို့သည် (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ(သောစိတ်ဖြင့် ) လာရောက်ကြလေ၏။
ရာဇဂြိုဟ်ပြည် ဝေပုလ္လတောင်တွင်နေသော ကုမ္ဘီရနတ်စစ်သူကြီးအား သိန်းပေါင်းမကသော နတ်တို့သည် ခယခြံရံကြ၏။ ထို ရာဇဂြိုဟ်ပြည်နေ ကုမ္ဘီရနတ်စစ်သူကြီးသည်လည်း (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ လာရောက်လေ၏။
(၂)နတ်မင်းကြီးလေးပါးနှင့်မိသားစုများ
အရှေ့အရပ်ကို အစိုးရသည့် ဂန္ဓဗ္ဗနတ်တို့၏အရှင် ဓတရဋ္ဌ နတ်မင်းကြီးသည် များပြားသောအခြံအရံအား ပိုင်ဆိုင်၏။
ထိုနတ်မင်းကြီး၏ သားတော်တို့သည် များပြားလှ၏။ ခွန်အားကြီးမားပြီး တန်ခိုးအာနုဘော်ကြီးမားကာ ရုပ်အဆင်းချောမောသည့်အပြင် အခြံအရံအသိုင်းအဝိုင်းအများအပြားအား ပိုင်ဆိုင်သည့် ဣန္ဒအမည်ရှိထိုသားတော်တို့သည်လည်း (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ လာရောက်လေ၏။
တောင်အရပ်ကို အစိုးရသည့် ကုမ္ဘဏ်တို့၏အရှင် ဝိရုဠက နတ်မင်းကြီးသည် များပြားသောအခြံအရံအား ပိုင်ဆိုင်၏။
ထိုနတ်မင်းကြီး၏ သားတော်တို့သည် များပြားလှ၏။ ခွန်အားကြီးမားပြီး တန်ခိုးအာနုဘော်ကြီးမားကာ ရုပ်အဆင်းချောမောသည့်အပြင် အခြံအရံအသိုင်းအဝိုင်းအများအပြားအား ပိုင်ဆိုင်သည့် ဣန္ဒအမည်ရှိထိုသားတော်တို့သည်လည်း (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ လာရောက်လေ၏။
အနောက်အရပ်ကို အစိုးရသည့် နဂါးတို့၏အရှင် ဝိရုပက္ခ နတ်မင်းကြီးသည် များပြားသောအခြံအရံအား ပိုင်ဆိုင်၏။
ထိုနတ်မင်းကြီး၏ သားတော်တို့သည် များပြားလှ၏။ ခွန်အားကြီးမားပြီး တန်ခိုးအာနုဘော်ကြီးမားကာ ရုပ်အဆင်းချောမောသည့်အပြင် အခြံအရံအသိုင်းအဝိုင်းအများအပြားအား ပိုင်ဆိုင်သည့် ဣန္ဒအမည်ရှိထိုသားတော်တို့သည်လည်း (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ လာရောက်လေ၏။
မြောက်အရပ်ကို အစိုးရသည့် နတ်ဘီလူးတို့၏အရှင် ကုဝေရ နတ်မင်းကြီးသည် များပြားသောအခြံအရံအား ပိုင်ဆိုင်၏။
ထိုနတ်မင်းကြီး၏ သားတော်တို့သည် များပြားလှ၏။ ခွန်အားကြီးမားပြီး တန်ခိုးအာနုဘော်ကြီးမားကာ ရုပ်အဆင်းချောမောသည့်အပြင် အခြံအရံအသိုင်းအဝိုင်းအများအပြားအား ပိုင်ဆိုင်သည့် ဣန္ဒအမည်ရှိထိုသားတော်တို့သည်လည်း (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ လာရောက်လေ၏။
အရှေ့အရပ်တွင် ဓတရဋ္ဌနတ်မင်းကြီး၊ တောင်အရပ်တွင် ဝိရုဠက နတ်မင်းကြီး၊ အနောက်အရပ်တွင် ဝိရုပက္ခနတ်မင်းကြီး၊ မြောက်အရပ်တွင် ကုဝေရနတ်မင်းကြီးဟူသော ထို နတ်မင်းကြီးလေးယောက်တို့သည် အရပ်လေးမျက်နှာပတ်ဝန်းကျင်တို့ကို အလွန်လင်းထိန်တောက်ပအောင်ပြုပြီး ကပိလဝတ်ပြည်(အနီး)မဟာဝုန်တောတွင် တည်ရှိနေလျက်ရှိ၏။
(၃)နတ်မင်းကြီးလေးပါး၏အခြွေအရံများနှင့်ဂန္ဓဗ္ဗမျိုးနွယ်နတ်များ
ထိုနတ်မင်းကြီး၏ လူယုံတော်ဖြစ်ကြပြီး မာယာဉာဏ်နီများတတ်ပြီး လှည့်ဖြားပြီး ကောက်ကျစ်ယုတ်မာတတ်သည့် မာယာနတ်၊ ကုဋေဏ္ဍုနတ်၊ ဝိဋေဏ္ဍုနတ်၊ ဝိဋုစ္စနတ်၊ ဝိဋူဋနတ်နှင့်တကွ စန္ဒနနတ်၊ ကာမသေဋ္ဌနတ်၊ ကိန္နိဃဏ္ဍုနတ်၊ နိဃဏ္ဍုနတ် တို့သည်လည်း ရောက်ရှိနေကြ၏။
ဤ ပနာဒနတ်၊ဩပမညနတ်၊ (သိကြားမင်း)ရထားထိန်းမာတလိနတ်၊ စိတ္တအမည်ရှိ ဂန္ဓဗ္ဗနတ်၊ သေနအမည်ရှိ ဂန္ဓဗ္ဗနတ်၊ စိတ္တသေနအမည်ရှိ ဂန္ဓဗ္ဗနတ်၊ နဠရာဇနတ်၊ ဇနဝသဘနတ်( ဗိဗ္မိသာရမင်းကြီးဖြစ်ဖူးသူ)၊ ပဉ္စသီခနတ်၊ တိမ္ဗရုနတ် နှင့် သူရိယဝစ္ဆသာနတ်သမီး ဟူသော ဂန္ဓဗ္ဗနတ်တို့နှင့် အခြားသောနတ်တို့သည်လည်း နတ်မင်းကြီး(လေးပါး)တို့နှင့်အတူ (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ(သောစိတ်ဖြင့် ) လာရောက်ကြလေ၏။
(ခ) နဂါးတို့၏အမည်များနှင့်ဧရာဝဏ်ဆင်နတ်မင်း
ထို့အပြင် နာဂသအိုင်တွင် နေသော နဂါးတို့နှင့် ဝေသာလီတွင်နေသော နဂါးတို့သည် နဂါးပရိသတ်အသိုင်းအဝိုင်းတို့နှင့် အတူ (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြလေ၏။
ကမ္ပလအမည်ရှိနဂါး၊ အဿတရအမည်ရှိနဂါး နှင့် ပယာဂဆိပ်ကမ်းနေ နဂါးတို့သည် မိမိတို့၏ဆွေမျိုးအသိုင်းအဝိုင်းနှင့်အတူ (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြလေ၏။
အခြံအရံအသိုင်းအဝိုင်းအများအပြားပိုင်ဆိုင်သော ယမုနာမြစ်တွင်နေကြသည့် နဂါးတို့ နှင့် ဓတရဋ္ဌမျိုးနွယ်နဂါးတို့သည် (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။
ဧရာဝဏ်ဆင်ပြောင်ကြီးအမည်ရှိနတ်သားသည်လည်း (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ လာရောက်ကြ၏။
(ဂ)ဂဠုန်နှင့်နဂါးတို့၏ချစ်ကြည်ရေး
ဂဠုန်ငှက်တို့သည် ပြောခဲ့ပြီးသော နဂါးမင်းတို့ကို အနိုင်ကျင့်ပြီး ဖမ်းယူနိုင်ကြ၏။
နတ်တို့ကဲ့သို့ ဘုန်းအာနုဘော်ရှိ၏။
အမိဝမ်းနှင့် ဥတွင်းမှ နှစ်ကြိမ် မွေးဖွားရသူများဖြစ်၏။ တောင်ပံ ရှိနေ၏။
ကြည်လင်သော မျက်စိ အမြင် ရှိကြ၏။
ဆန်းကြယ်သောအတောင်အမွှေးရှိသဖြင့် စိတြသုပဏ္ဏအမည်ဟူသောအမည်အားပိုင်ဆိုင်ထားကြ၏။ ထိုဂဠုန်တို့သည် ကောင်းကင်ခရီးဖြင့် (မဟာဝုန်)တောအုပ်အလယ်သို့ ရောက်လာကြ၏။
ထိုအခါတွင် မြတ်စွာဘုရားရှင်သည် ဂဠုန်တို့၏ဘေးပြုခြင်းကို အေးငြိမ်းအောင် ပြုတော်မူသဖြင့် နဂါးတို့အတွက် ဘေးရန်ကင်းလေ၏။
နဂါးနှင့်ဂဠုန်တို့သည် သိမ့်မွေသောစကားတို့ဖြင့် ခေါ်ဝေါ်ပြောဆိုကြကာ မြတ်စွာဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်အားထားကြလေ၏။
(ဃ)အသူရာများ၏အမည်များနှင့် အသူရာနှင့်မာရ်နတ်မင်းတို့၏အကြောင်း
ဝရဇိန်လက်နက်ရှိသော သိကြားမင်းကို စစ်ရှုံးသဖြင့် သမုဒ္ဒရာကို မှီခိုနေထိုင်ကြသည့် အသုရာတို့သည် သိကြားမင်း၏ ညီနောင်များပင်ဖြစ်ကြပြီး တန်ခိုးကြီးမားကာ အခြံအရံအသိုင်းအဝိုင်းများကြသူများဖြစ်ပေ၏။
ကာလကဉ္စအသုရာတို့သည် ကြီးမားပြီးကြောက်မက်ဖွယ်ကောင်းသည့် ကိုယ်ခန္ဓာကို ဖန်တီးပြုလုပ်ပြီးလာကြ၏။
ဒါနဝေဃအမည်ရှိလေးသမား အသုရာ၊ ဝေပစိတ္တိအသုရာ၊ သုစိတ္တိအသုရာ၊ ပဟာရာဒအသုရာ တို့သည် မာရ်နတ်မင်းသားနှင့် အတူ (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။
ဗလိအသုရာကြီး၏ ဝေရောစအမည်ရှိ သားတော်ပေါင်းတစ်ရာတို့သည် ဗလိအသုရာစစ်တပ်ကို လက်နက်တပ်ဆင်ပြီး ရာဟု အသုရိန်ကြီးထံသို့ သွားကြပြီး ‘သင့်အတွက် ကောင်းခြင်းမင်္ဂလာဖြစ်ပါစေသတည်း။ မဟာဝုန်တောရှိ ရဟန်းတို့ အစည်းအဝေးသို့သွားရန် အချိန်ကျပါပြီ’ဟူ၍ ပြောဆိုအသိပေးကြလေ၏။
(င) အယောက်ခြောက်ဆယ်သောကောင်းကင်နေနတ်များ၏အမည်များ
ထိုအချိန်တွင် အာပေါ(ရေ)နတ်၊ ပထဝီ(မြေ)နတ်၊ တေဇော(မီး)နတ်၊ ဝါယော(လေ)နတ်၊ ဝရုဏအမည်ရှိနတ်၊ ဝါရဏအမည်ရှိနတ်၊ သောမအမည်ရှိနတ်တို့သည် ယသနတ်နှင့်အတူ (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) ရောက်ရှိကြ၏။
အခြံအရံအများအပြားပိုင်ဆိုင်သည့် မေတ္တာနတ်နှင့် ကရုဏာနတ်တို့သည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။
တန်ခိုးအာနုဘော်ကြီးကြသည့် အဆင်းချောမောပြီး အခြံအရံအများအပြားရှိသည့် အသွေးအရောင် အမျိုးမျိုး ရှိသည့် အားလုံးသော ထို နတ်အစုအဝေးဆယ်အုပ်စုတို့သည် ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။
ဝေဏ္ဍုနတ်၊ သဟလိနတ်၊ အသမနတ်တို့နှင့်အတူ ယမနတ်နှစ်မျိုးတို့သည် (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။
လ၏အခြံအရံအသိုင်းအဝိုင်းဖြစ်သောနတ်တို့သည် လနတ်မင်းကို ရှေ့ထားပြီး (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။
နေ၏အခြံအရံအသိုင်းအဝိုင်းဖြစ်သောနတ်တို့သည် နေနတ်မင်းကို ရှေ့ထားပြီး (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။
ကြယ်နက္ခတ်တို့၏အခြံအရံအသိုင်းအဝိုင်းဖြစ်သောနတ်တို့သည် နေနတ်မင်းကို ရှေ့ထားပြီး (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။
မန္ဒဝလာဟကနတ်တို့သည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။
နတ်တို့၏အကြီးအမှူးခေါင်းဆောင်ဖြစ်သော ရှေးအခါက အလှူဒါနပေးဖူးသဖြင့် ဝါသဝအမည်ရှိ သိကြားမင်းသည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်နေ၏။
တန်ခိုးအာနုဘော်ကြီးကြသည့် အဆင်းချောမောပြီး အခြံအရံအများအပြားရှိသည့် အသွေးအရောင် အမျိုးမျိုး ရှိသည့် အားလုံးသော ထို နတ်အစုအဝေးဆယ်အုပ်စုတို့သည် ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။
ထို့အပြင် မီးလျှံကဲ့သို့ တောက်ပသော အရောင်အရှိန်ရှိသော သဟဘူမည်သော နတ်များ၊ အောင်မဲညိုပန်းပွင့်နှင့်တူသော အရောင်အဆင်းရှိသော အရိဋ္ဌနတ်များ၊ ရောဇနတ်များ၊ ဝရုဏနတ်များ၊ သဟဓမ္မနတ်များ၊အစ္စုတနတ်များ၊ အနေဇကနတ်များ၊ သုလေယျနတ်များ၊ ရုစိရနတ်များ၊ ဝါသဝနေသိ အမည်ရှိနတ်များ ဟူသော နတ်မျိုးတို့သည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။
တန်ခိုးအာနုဘော်ကြီးကြသည့် အဆင်းချောမောပြီး အခြံအရံအများအပြားရှိသည့် အသွေးအရောင် အမျိုးမျိုး ရှိသည့် အားလုံးသော ထို နတ်အစုအဝေးဆယ်အုပ်စုတို့သည် ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။
သမာနနတ်များ၊ မဟာသမာနနတ်များ၊ မာနုသနတ်များ၊ မာနုသုတ္တမနတ်များ၊ ခိဍာပဒေါသိကနတ်များ၊ မနောပဒေါသိကနတ်များ ဟူသော နတ်မျိုးတို့သည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။
ထို့အပြင် ဟရိနတ်များ၊ လောဟိတဝါသီနတ်များ၊ အခြံအရံအများအပြားအား ပိုင်ဆိုင်ထားသော ပါရဂနတ်များ၊ မဟာပါရဂနတ်များ ဟူသော နတ်မျိုးတို့သည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။
တန်ခိုးအာနုဘော်ကြီးကြသည့် အဆင်းချောမောပြီး အခြံအရံအများအပြားရှိသည့် အသွေးအရောင် အမျိုးမျိုး ရှိသည့် အားလုံးသော ထို နတ်အစုအဝေးဆယ်အုပ်စုတို့သည် ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။
သုက္ကနတ်များ၊ ကရမ္ဘနတ်များ၊ အရုဏနတ်များ ဟူသော နတ်တို့သည် ဝေဃနသနတ်များနှင့်အတူ ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။
သဒါမတ္တနတ်များ၊ ဟာရဂဇနတ်များ၊ အခြံအရံအများအပြားပိုင်ဆိုင်သည့် မိဿကနတ်များတို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။
အရပ်မျက်နှာများသို့ သွားလာလေ့ရှိပြီး မိုးရွာစေတတ်သော ပဇ္ဇုန္န(မိုး)နတ်သည်လည်း မိုးထစ်ချုန်းရွာစေလျက် လာရောက်စေ၏။
တန်ခိုးအာနုဘော်ကြီးကြသည့် အဆင်းချောမောပြီး အခြံအရံအများအပြားရှိသည့် အသွေးအရောင် အမျိုးမျိုး ရှိသည့် အားလုံးသော ထို နတ်အစုအဝေးဆယ်အုပ်စုတို့သည် ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။
ခေမိယနတ်များ၊ တုသိတာနတ်ပြည်တွင်နေသောနတ်များ၊ ယာမာနတ်ပြည်တွင်နေသောနတ်များ၊ အခြံအရံအများအပြားပိုင်ဆိုင်သည့် ကဋ္ဌကနတ်များ၊ လမ္ဗီတကနတ်များ၊ လာမသေဋ္ဌနတ်များ၊ ဇောတိအမည်ရှိနတ်များ၊ အာသဝနတ်များ၊ နိမ္မာနရတိနတ်ပြည်တွင်နေသောနတ်များ၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည်တွင်နေသောနတ်များဟူသော နတ်မျိုးတို့သည်လည်း ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။
တန်ခိုးအာနုဘော်ကြီးကြသည့် အဆင်းချောမောပြီး အခြံအရံအများအပြားရှိသည့် အသွေးအရောင် အမျိုးမျိုး ရှိသည့် အားလုံးသော ထို နတ်အစုအဝေးဆယ်အုပ်စုတို့သည် ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။
ဤဆိုအပ်ခဲ့ပြီးသော အသွေးအရောင် အမျိုးမျိုး ရှိသည့် အားလုံးသော ထို အယောက်ခြောက်ဆယ်ရှိသော နတ်အစုအဝေးအုပ်စု ခြောက်စုတို့သည် ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။ ထိုနတ်များနှင့် အမျိုးအမည်တူသော အခြားသောနတ်များသည်လည်း ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။
(ထို အယောက်ခြောက်ဆယ်ရှိသော နတ်အစုအဝေးအုပ်စု ခြောက်စုတို့နှင့် အမျိုးအမည်တူသော အခြားသောနတ် တို့သည်)-‘ပဋိသန္ဓေနေခြင်း မရှိတော့သော၊ တပ်မက်စွဲလန်းခြင်းရာဂ၊ စိတ်ဆိုးခြင်းဒေါသ၊ မသိတွေဝေခြင်းမောဟ ဟူသော ခလုတ်တံတင်း အနှောင့်အယှက်အား မရှိသည်အထိဖယ်ရှားပြီးသော၊ ဩဃလေးဖြာသံသရာမှ ကူးမြောက်လွတ်ကင်းတော်မူပြီးသော အာသဝေါတရားကင်းပြီးသော အရိယာနွယ်ဝင်သံဃာတော်များနှင့် ညစ်ညူးခြင်းကင်းပြီး သန့်ရှင်းသည့် လမင်းကြီးသဖွယ် တင့်တယ်ကျက်သရေရှိတော်မူသော ဩဃလေးဖြာ သံသရာမှ သတ္တဝါအပေါင်းတို့အား လွတ်မြောက်စေတော်မူတတ်သော ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဖူးတွေ့ကြမည်။’ဟူသော စကားအား ကြွေးကြော်သီဆိုပြီး ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ လာကြလေ၏။
(စ) တန်ခိုးထက်သောဗြဟ္မာများ အစည်းအဝေးသို့ တက်ရောက်ကြခြင်း
တန်ခိုးကြီးမားတော်မူသည့် မြတ်စွာဘုရားရှင်၏ သားလှရတနာလည်းဖြစ်ကြသည့် သုဗြဟ္မာအမည်ရှိဗြဟ္မာ နှင့် ပရမတ္ထအမည်ရှိဗြဟ္မာတို့သည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ )အတူတူ လာရောက်ကြလေ၏။
သနင်္ကုမာရဗြဟ္မာနှင့် တိဿဗြဟ္မာတို့သည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြလေ၏။
လက်တစ်ချောင်းဖြင့် စကြဝဠာတစ်ထောင်၊ လက်ဆယ်ချောင်းဖြင့် စကြဝဠာတစ်သောင်းအထိ အရောင်အဝါအလင်း သက်ရောက်နိုင်သော ဗြဟ္မာအယောက်တစ်ထောင်သည် တို့သည် (ဤ မဟာဝုန်တော ရဟန်းတို့၏)အစည်းအဝေးသို့ လာရောက်ကြလေ၏။
ဗြဟ္မာပြည်တွင် ပဋိသန္ဓေတည်ခြင်းနည်းဖြင့် မွေးဖွားဖြစ်တည်ခဲ့သော၊ ဘုန်းတန်ခိုး အာနုဘော်နှင့် ကြီးမားသော ခန္ဓာကိုယ်ရှိသော၊ ကျက်သရေရှိသော မဟာဗြဟ္မာ(မင်း)သည်လည်း အခြား ဗြဟ္မာတစ်ထောင်ကို လွှမ်းမိုးအုပ်ချုပ်နေ၏။
ထိုသို့ ဗြဟ္မာတစ်ထောင် စီ အသီးသီး အုပ်ချုပ်အစိုးရသည့် မဟာဗြဟ္မာ(မင်း)ဆယ်ဦးတို့သည် (ဤ မဟာဝုန်တော ရဟန်းတို့၏)အစည်းအဝေးသို့ လာရောက်ကြလေ၏။
ထိုမဟာဗြဟ္မာများအနက် ဟာရိတအမည်ရှိ မဟာဗြဟ္မာ(မင်း)သည်လည်း ဗြဟ္မာတစ်သိန်း ခြံရံ၍ (ဤ မဟာဝုန်တော ရဟန်းတို့၏)အစည်းအဝေးသို့ လာရောက်လေ၏။
(ဆ) မာရ်နတ်မင်း၏ယုတ်မာပုံ
ရဟန်းတို့။ မာရ်နတ်မင်း၏ မိုက်မဲမှုကို ရှုစားကြလော့။
သိကြား၊ မဟာဗြဟ္မာတို့နှင့်တကွ (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) ဦးတည်လာကြကုန်သော နတ်ဗြဟ္မာအားလုံးတို့ထံသို့ မာရ်နတ်မင်း၏ စစ်သည်များသည် ဦးတည်ချီတက်လာကြလေပြီ။
စစ်သည်အများအပြားအားပိုင်ဆိုင်ထားသော မာရ်နတ်မင်းသည်-‘လာကြလော့။ဖမ်းကြ။ချည်နှောင်ကြလော့၊ ရာဂဖြင့်တုပ်နှောင်ကြလော့။ ထက်ဝန်းကျင်ပတ်ဝန်းကျင်မှနေ၍ ဝိုင်းထားလော့။ သင်တို့သည် တစ်ဦးတစ်ယောက်မှ မလွတ်စေနှင့်။’ဟူသော စကားအား အမိန့်ရှိပြီး လျှပ်စစ်နှင့်တကွ မိုးကြီးထစ်ချုန်းသံခြိမ်းသံကဲ့သို့သော ကြောက်မက်ဖွယ်အသံကို ပြု၍ ဤ (မဟာဝုန်တော ရဟန်းတို့၏)အစည်းအဝေးသို့ မာရ်စစ်သည်ကို စေလွှတ်လေ၏။
သို့သော်လည်း မာရ်နတ်မင်းသည် မိမိအလိုအတိုင်း မဖြစ်လေသဖြင့် ပြင်းထန်စွာ ဒေါသထွက် စိတ်တိုကာ ပြန်ခဲ့ရလေ၏။
(ဇ)မြတ်စွာဘုရားရှင်နှင့်ရဟန်းသံဃာတော်တို့၏ရဲရင့်မှုကို ချီးကျူးသော မာရ်နတ်မင်း
ထိုအချိန်တွင် သမန္တစက္ခု၊ဒိဗ္ဗစက္ခု၊ဗုဒ္ဓစက္ခု၊မံသစက္ခု၊ပညာစက္ခု ဟူသော စက္ခုငါးပါးအားပိုင်ဆိုင်အစိုးရ တော်မူသော သဗ္ဗေညုမြတ်စွာဘုရားရှင်သည်(မာရ်နတ်မင်းပရိသတ်၏ဖြစ်ပျက်ပုံ)အားလုံးကို ထူးခြားသောဉာဏ်ဖြင့် သိမြင်ခွဲခြားမှတ်သားပြီးနောက် သာသနာအဆုံးအမတော်တွင် နှစ်သက်ပျော်ရွှင်ကုန်သော ထို တပည့်သာဝကရဟန်းတို့အား-‘ရဟန်းတို့။ မာရ်နတ်မင်း၏စစ်သည်တို့သည် (သင်တို့ထံသို့) ဦးတည်ချီတက်လာကြနေပြီ။ ထိုမာရ်နတ်မင်း၏စစ်သည်တို့ကို မြင်သိကြလော့’ဟူ၍ မိန့်တော်မူ၏။
ထိုရဟန်းတို့သည် မြတ်စွာဘုရားရှင်၏ အမိန့်တော်ကို ကြားသောကြောင့် (ထို မာရ်နတ်မင်း၏စစ်သည်တို့ကို) သိရန် ကြိုးစား၏။ မာရ်နတ်မင်း၏စစ်သည်တို့သည် ထိုရဟန္တာတို့၏ မွေးညှင်း(တစ်မွှေးကလေး)ကိုမျှ မလှုပ်ရှားမတုန်လှုပ်စေနိုင်သည်ဖြစ်သဖြင့် ထိုရဟန္တာတို့အနားမှာ ရှောင်ဖယ်သွားလေပြီ။
ထိုအခါ မာရ်နတ်မင်းသည် ရဟန်းသံဃာတို့ကို အာရုံပြုပြီး-‘စစ်ပွဲကို အောင်မြင်ပြီးသော၊ ကြောက်ရွံ့ခြင်းမရှိတော့သော၊ ထင်ပေါ်ကျော်ကြားခြင်းရှိသော၊ လူအပေါင်းတို့တွင်လည်း ထင်ရှားသောသူများဖြစ်သည့် ထို (ဘုရား၏တပည့်)သာဝက အားလုံးတို့သည် အရိယာတို့နှင့် အတူ ဝမ်းမြောက်ပျော်ရွှင်ကုန်၏။’ဟူသောဂါထာအား ရွတ်ဆိုခဲ့လေသတည်း။
မဟာသမယသုတ် ပါဠိတော်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ပရိတ်ပျိုး ဂါထာ
(က) သတေဟိ ပဉ္စမတ္တေဟိ ခီဏာသဝေဟိ ကေဝလံ၊ ဘိက္ခူဟိ ဘူပဝံသေဟိ သတ္ထာ ဇိနော ပရိဝုတော။
(ခ) သက္ကေ ကပိလဝတ္ထုသ္မိံဆာယာရမ္မေ မဟာဝနေ၊ သမန္တတော သဟဿေဟိ စက္ကဝါဠေဟိ ဒသဟိ။
(ဂ) အာဂမ္မ သန္နိသိန္နာနံ ဒေဝါနံ ယ မဒေသယိ၊ အာယုဒီဃကရံ သဗ္ဗသမ္ပတ္တိသာဓကံ ဝရံ။
(ဃ) သုဒ္ဓါဝါသပ္ပဘူတီဟိ ဒေဝေဟိ ပဋိနန္ဒိတံ၊ သဗ္ဗရောဂ ဘယု ဂ္ဃါတံ သမယံ တံ ဘဏာမ ဟေ။
ဗြဟ္မာလေးယောက် လျှောက်ပုံ
၃၃၁။ ဧဝံ မေ သုတံ - ဧကံ သမယံ ဘဂဝါ သက္ကေသု ဝိဟရတိကပိလဝတ္ထုသ္မိံ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေ၀ အရဟန္တေဟိ၊ ဒသဟိ စ လောကဓာတူဟိ ဒေဝတာ ယေဘုယျေန သန္နိပတိတာ ဟောန္တိ ဘဂဝန္တံ ဒဿနာယ ဘိက္ခုသံဃဉ္စ။ အထ ခေါ စတုန္နံ သုဒ္ဓါဝါသ ကာယိကာနံ ဒေဝတာနံ ဧတဒဟောသိ “အယံ ခေါ ဘဂဝါ သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသ္မိံ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္ထေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေ၀ အရဟန္တေဟိ၊ ဒသဟိ စ လောကဓာတူဟိ ဒေဝတာ ယေဘုယျေန သန္နိပတိတာ ဟောန္တိ ဘဂဝန္တံ ဒဿနာယဘိက္ခုသံဃဉ္စ။ ယံနူန မယမ္ပိ ယေန ဘဂဝါ တေနုပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ ဘဂဝတော သန္တိကေ ပစ္စေကံ ဂါထံ ဘာသေယျာမာတိ။
၃၃၂။ အထ ခေါ တာ ဒေဝတာ သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ ပသာရိတံ ဝါ ဗာဟံ သမိေဉ္ဇယျ။ ဧဝမေဝ သုဒ္ဓါဝါသေသု ဒေဝေသု အန္တရဟိတာ ဘဂဝတော ပုရတော ပါတုရဟေသုံ။ အထ ခေါ တာ ဒေဝတာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌံသု။ ဧကမန္တံ ဌိတာ ခေါ ဧကာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ။ “မဟာသမယော ပဝနသ္မိံ၊ ဒေဝကာယာ သမာဂတာ။ အာဂတမှ ဣမံ ဓမ္မသမယံ၊ ဒက္ခိတာယေ အပရာဇိတသံဃ”န္တိ။ အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ။ “တတြ ဘိက္ခဝေါ သမာဒဟံသု၊ စိတ္တမတ္တနော ဥဇုကံ အကံသု။ သာရထီ၀ နေတ္တာနိ ဂဟေတွာ၊ ဣန္ဒြိယာနိ ရက္ခန္တိ ပဏ္ဍိတာ” တိ။ အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ။ “ဆေတွာ ခီလံ ဆေတွာ ပလိဃံ၊ ဣန္ဒခီလံ ဦဟစ္စ မနေဇာ။ တေ စရန္တိသုဒ္ဓါ ဝိမလာ၊ စက္ခုမတာ သုဒန္တာ သုသုနာဂါ” တိ။ အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ။ “ယေကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊ န တေ ဂမိဿနိ ္တအပါယဘူမိံ။ ပဟာယ မာနုသံ ဒေဟံ၊ ဒေဝကာယံ ပရိပူရေဿန္တီ” တိ။ ဒေဝတာသန္နိပါတ
(နတ်၊ ဗြဟ္မာတို့၏ အစည်းအဝေး)
၃၃၃။ အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ “ယေဘုယျေန ဘိက္ခဝေ ဒသသု လောကဓာတူသု ဒေဝတာ သန္နိပတိတာ (ဟောန္တိ) တထာဂတံ ဒဿနာယ ဘိက္ခုသံဃဉ္စ။ ယေပိ တေ ဘိက္ခေ၀ အဟေသုံ အတီတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ။ တေသမ္ပိ ဘဂဝန္တာနံ ဧတံပရမာယေ၀ ဒေဝတာ သန္နိပတိတာ အဟေသုံ သေယျထာပိ မယံှ ဧတရဟိ။ ယေပိ တေ ဘိက္ခေ၀ ဘဝိဿန္တိ အနာဂတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ၊ တေသမ္ပိ ဘဂဝန္တာနံ ဧတံပရမာယေ၀ ဒေဝတာ သန္နိပတိတာ ဘဝိဿန္တိ၊ သေယျထာပိ မယှံ ဧတရဟိ။ အာစိက္ခိဿာမိ ဘိက္ခေ၀ ဒေဝကာယာနံ နာမာနိ၊ ကိတ္တယိဿာမိ ဘိက္ခေ၀ ဒေဝကာယာနံ နာမာနိ၊ ဒေသေဿာမိ ဘိက္ခေ၀ ဒေဝကာယာနံ နာမာနိ၊ တံ သုဏာထ သာဓုကံ မနသိကရောထ ဘာသိဿာမီ” တိ။ “ဧဝံ ဘန္တေ” တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။
(၁၆၀၀၀) သော နတ်များ
၃၃၄။ ဘဂဝါ ဧတဒဝေါစ - သိလောက မနုကဿာမိ၊ ယတ္ထ ဘုမ္မာ တဒဿိတာ။ ယေ သိတာ ဂိရိဂဗ ္ဘရံ၊ ပဟိတတ္တာ သမာဟိတာ။ ပုထူသီဟာ၀ သလ္လီနာ၊ လောမဟံသာဘိသမ ္ဘုနော။ သြဒါတမနသာ သုဒ္ဓါ၊ ဝိပ္ပသန္နမနာဝိလာ။ ဘိယျော ပဉ္စသတေ ဉတွာ၊ ဝနေ ကာပိလဝတ္ထဝေ။ တတော အာမန္တယီ သတ္ထာ၊ သာဝကေ သာသနေ ရတေ။ ဒေဝကာယာ အဘိက္ကန္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။ တေ စ အာတပ္ပမကရုံ၊ သုတွာ ဗုဒ္ဓဿ သာသနံ။ တေသံ ပါတုရဟု ဉာဏံ၊ အမနုဿာနဒဿနံ။ အပ္ပေကေ သတမဒ္ဒက္ခံု၊ သဟဿံ အထ သတ္တရိံ။ သတံ ဧကေ သဟဿာနံ၊ အမနုဿာနမဒ္ဒသုံ။ အပ္ပေကေနန္တမဒ္ဒက္ခုံ၊ ဒိသာ သဗ္ဗာ ဖုဋာ အဟုံ။ တဉ္စ သဗ္ဗံ အဘိညာယ၊ ၀၀တ္ထိတွာန စက္ခုမာ။ တတော အာမန္တယီ သတ္ထာ၊ သာဝကေ သာသနေ ရတေ။ ဒေဝကာယာ အဘိက္ကန္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။ ယေ ဝေါဟံ ကိတ္တယိဿာမိ၊ ဂိရာဟိ အနုပုဗ္ဗသော။
၃၃၅။ သတ္တသဟဿာ တေ ယက္ခာ၊ ဘုမ္မာ ကာပိလဝတ္ထဝါ။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။ ဆ သဟဿာ ဟေမဝတာ၊ ယက္ခာ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။ သာတာဂိရာ တိသဟဿာ၊ ယက္ခာ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။ ဣစ္စေတေ သောဠသ သဟဿာ၊ ယက္ခာ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
နတ်မင်း (၆) မျိုး
ဝေသာမိတ္တာ ပဉ္စသတာ၊ ယက္ခာ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။ ကုမီ ္ဘရော ရာဇဂဟိကော၊ ဝေပုလ္လဿ နိဝေသနံ။ ဘိယျော နံ သတသဟဿံ၊ ယက္ခာနံ ပယိရုပါသတိ။ ကုမီ ္ဘရော ရာဇဂဟိကော၊ သောပါဂါ သမိတိံ ဝနံ။
၃၃၆။ ပုရိမဉ္စ ဒိသံ ရာဇာ၊ ဓတရဋ္ဌော ပသာသတိ။ ဂန္ဓဗ္ဗာနံ အဓိပတိ၊ မဟာရာဇာ ယသဿိသော။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။ ဒက္ခိဏဉ္စ ဒိသံ ရာဇာ၊ ဝိရူဠှော တံ ပသာသတိ။ ကုမ ္ဘဏ္ဍာနံ အဓိပတိ၊ မဟာရာဇာ ယသဿိသော။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။ ပစ္ဆိမဉ္စ ဒိသံ ရာဇာ၊ ဝိရူပက္ခော ပသာသတိ။ နာဂါနဉ္စ အဓိပတိ၊ မဟာရာဇာ ယသဿိသော။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။ ဥတ္တရဉ္စ ဒိသံ ရာဇာ၊ ကုဝေရော တံ ပသာသတိ။ ယက္ခာနဉ္စ အဓိပတိ၊ မဟာရာဇာ ယသဿိသော။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္နနာမာ မဟဗ္ဗလာ။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။ ပုရိမံ ဒိသံ ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရူဠှကော။ ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။ စတ္တာရော တေ မဟာရာဇာ၊ သမန္တာ စတုရော ဒိသာ။ ဒဒ္ဒလ္လမာနာ အဋ္ဌံသု၊ ဝနေ ကာပိလဝတ္ထဝေ။
နတ်မင်း (၁၁) ယောက်
၃၃၇။ တေသံ မာယာဝိနော ဒါသာ၊ အာဂုံ ဝဉ္စနိကာ သဌာ။ မာယာ ကုဋေဏ္ဍု ဝိဋေဏ္ဍု၊ ဝိဋုစ္စ ဝိဋုဋော သဟ။ စန္ဒနော ကာမသေဋ္ဌော စ၊ ကိန္နိဃဏ္ဍု နိဃဏ္ဍု စ။ ပနာဒေါ သြပမညော စ၊ ဒေဝသူတော စ မာတလိ။ စိတ္တသေနော စ ဂန္ဓဗ္ဗော၊ နဠော ရာဇာ ဇနေသဘော။ အာဂါ ပဉ္စသိခေါ စေဝ၊ တိမ္ဗရူ သူရိယဝစ္ဆသာ။ ဧတေ စညေ စ ရာဇာနော၊ ဂန္ဓဗ္ဗာ သဟ ရာဇုဘိ။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
နဂါး ဂဠုန် အသုရာများ
၃၃၈။ အထာဂုံ နာဂသာ နာဂါ၊ ဝေသာလာ သဟတစ္ဆကာ။ ကမ္ပလဿတရာ အာဂုံ၊ ပါယာဂါ သဟ ဉာတိဘိ။
ယာမုနာ ဓတရဋ္ဌာ စ၊ အာဂူ နာဂါ ယသဿိနော။ ဧရာဝဏော မဟာနာဂေါ၊ သောပါဂါ သမိတိံ ဝနံ။ ယေ နာဂရာဇေ သဟသာ ဟရန္တိ၊ ဒိဗ္ဗာ ဒိဇာ ပက္ခိ ဝိသုဒ္ဓစက္ခူ၊ ဝေဟာယသာ တေ ဝနမဇ္ဈပတ္တာ၊ စိတြာသုပဏ္ဏာ ဣတိ တေသ နာမံ။ အဘယံ တဒါ နာဂရာဇာနမာသိ၊ သုပဏ္ဏတော ခေမ မကာသိ ဗုဒ္ဓေါ။ သဏှာဟိ ဝါစာဟိ ဥပဝှယန္တာ၊ နာဂါ သုပဏ္ဏာ သရဏမကံသု ဗုဒ္ဓံ။
၃၃၉။ ဇိတာ ဝဇိရဟတ္ထေန၊ သမုဒ္ဒံ အသုရာသိတာ။ ဘာတရော ဝါသဝဿေတေ၊ ဣဒ္ဓိမန္တော ယသဿိနော။ ကာလကဉ္စာ မဟာဘိသ္မာ၊ အသုရာ ဒါနဝေဃသာ။ ဝေပစိတ္တိ သုစိတ္တိ စ၊ မဟာရာဒေါ နမုစီ သဟ။ သတဉ္စ ဗလိပုတ္တာနံ၊ သဗ္ဗေ ဝေရောစနာမကာ။ သန္နယှိတွာ ဗလိသေနံ၊ ရာဟုဘဒ္ဒမုပါဂမုံ။သမယော ဒါနိ ဘဒ္ဒန္တေ၊ ဘိက္ခူနံ သမိတိံ ဝနံ။
(၁၀) မျိုး (၆) လီ နတ်များ
၃၄၀။ အာပေါ စ ဒေဝါ ပထဝီ၊ တေဇော ဝါယော တဒါဂမုံ။ ဝရုဏာ ဝါရဏာ ဒေဝါ၊ သောမော စ ယသသာ သဟ။ မေတ္တာ ကရုဏာ ကာယိကာ၊ အာဂုံ ဒေဝါ ယသဿိနော။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။ ဝေဏ္ဍုဒေဝါ သဟလိ စ၊ အသမာ စ ဒုေ၀ ယမာ။ စန္ဒဿူပနိသာ ဒေဝါ၊ စန္ဒမာဂုံ ပုရက္ခတွာ။ သူရိယဿူပနိသာ ဒေဝါ၊ သူရိယမာဂုံ ပုရက္ခတွာ။ နက္ခတ္တာနိ ပုရက္ခတွာ၊ အာဂုံ မန္ဒဝလာဟကာ။ ဝသူနံ ဝါသဝေါ သေဋ္ဌော၊ သက္ကောပါဂါ ပုရိန္ဒဒေါ။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။ အထာဂုံ သဟဘူ ဒေဝါ၊ ဇလမဂ္ဂိ သိခါရိဝ။ အရိဋ္ဌကာ စ ရောဇာ စ၊ ဥမာပုပ္ဖနိဘာသိနော။ ဝရုဏာ သဟဓမ္မာ စ၊ အစ္စုတာ စ အနေဇကာ။ သူလေယျရုစိရာ အာဂုံ၊ အာဂုံ ဝါသဝနေသိနော။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။ သမာနာ မဟာသမာနာ၊ မာနုသာ မာနုသုတ္တမာ။ ခိဍ္ဍာပဒေါသိကာ အာဂုံ၊ အာဂုံ မနောပဒေါသိကာ။ အထာဂုံ ဟရယော ဒေဝါ၊ ယေ စ လောဟိတဝါသိနော။ ပါရဂါ မဟာပါရဂါ၊ အာဂုံ ဒေဝါ ယသဿိနော။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။ သုက္ကာ ကရမ ္ဘာ အရုဏာ၊ အာဂုံ ဝေဃနသာ သဟ။ သြဒါတဂယှာ ပါမောက္ခာ၊ အာဂုံ ဒေဝါ ဝိစက္ခဏာ။ သဒါမတ္တာ ဟာရဂဇာ၊ မိဿကာ စ ယသဿိနော။ ထနယံ အာဂ ပဇ္ဇုန္နော၊ ယော ဒိသာ အဘိဝဿတိ။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။ ခေမိယာ တုသိတာ ယာမာ၊ ကဋ္ဌကာ စ ယသဿိနော။ လမ္ဗီတကာ လာမသေဋ္ဌာ၊ ဇောတိနာမာ စ အာသဝါ။ နိမ္မာနရတိနော အာဂုံ၊ အထာဂုံ ပရနိမ္မိတာ။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။ သဋ္ဌေတေ ဒေဝနိကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။ နာမနွယေန အာဂစ္ဆံု၊ ယေ စညေ သဒိသာ သဟ။ ပဝုဋ္ဌဇာတိမခိလံ၊ သြဃတိဏ္ဏ မနာသဝံ။ ဒက္ခေမောဃတရံ နာဂံ၊ စန္ဒံ၀ အသိတာတိဂံ။
ဗြဟ္မာများ
၃၄၁။ သုဗြဟ္မာ ပရမတ္တော စ၊ ပုတ္တာ ဣဒ္ဓိမတော သဟ။ သနင်္ကုမာရော တိဿော စ၊ သောပါဂ သမိတိံ ဝနံ။ သဟဿံ ဗြဟ္မလောကာနံ၊ မဟာဗြဟ္မာဘိတိဋ္ဌတိ။ ဥပပန္နော ဇုတိမန္တော၊ ဘိသ္မာကာယော ယဿဿိသော။ ဒသေတ္ထ ဣဿရာ အာဂုံ၊ ပစ္စေကဝသ၀တ္တိနော။ တေသဉ္စ မဇ္ဈတော အာဂ၊ ဟာရိတော ပရိဝါရိတော။
မာရ်နတ် နှောင့်ယှက်ပုံ
၃၄၂။ တေ စ သဗ္ဗေ အဘိက္ကန္တေ၊ သဣန္ဒေ ဒေေ၀ သဗြဟ္မကေ။ မာရသေနာ အဘိက္ကာမိ၊ ပဿ ကဏှဿ မန္ဒိယံ။ ဧထ ဂဏှထ ဗန္ဓထ၊ ရာဂေန ဗဒ္ဓမတ္ထု ဝေါ။ သမန္တာ ပရိဝါရေထ၊ မာ ဝေါ မုဉ္စိတ္ထ ကောစိ နံ။ ဣတိ တတ္ထ မဟာသေနော၊ ကဏှော သေနံ အပေသယိ။ ပါဏိနာ တလမာဟစ္စ၊ သရံ ကတွာန ဘေရဝံ။ ယထာ ပါဝုဿကော မေဃော၊ ထနယန္တော သဝိဇ္ဇုကော။ တဒါ သော ပစ္စုဒါဝတ္တိ၊ သင်္ကုဒ္ဓေါ အသယံဝသေ။
၃၄၃။ တဉ္စ သဗ္ဗံ အဘိညာယ၊ ၀၀တ္ထိတွာန စက္ခုမာ။ တတော အာမန္တယီ သတ္ထာ၊ သာဝကေ သာသနေ ရတေ။ မာရသေနာ အဘိက္ကန္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။ တေ စ အာတပ္ပ မကရုံ၊ သုတွာ ဗုဒ္ဓဿ သာသနံ။ ဝီတရာဂေဟိ ပက္ကာမုံ၊ နေသံ လောမာပိ ဣဉ္ဇယုံ။ သဗ္ဗေ ဝိဇိတသင်္ဂါမာ၊ ဘယာတီတာ ယသဿိနော။ မောဒန္တိသဟ ဘူတေဟိ၊ သာဝကာ တေ ဇနေသုတာတိ။ မဟာသမယသုတ္တံ နိဋ္ဌိတံ။
နတ်တို့အား တိုက်တွန်းခြင်း
သဗ္ဗေသု စက္ကဝါဠေသု, ယက္ခာ ဒေဝါစ ဗြဟ္မနော။ ယံ အမှေဟိကတံ ပုညံ, သဗ္ဗသမ္ပတ္တိသာဓကံ။သဗ္ဗေတံ အနုမောဒိတွာ, သမဂ္ဂါ သာသနေရတာ၊ပမာဒရဟိတာ ဟောန္တု, အာရက္ခာသု ဝိသေသတော။သာသနဿ စ လောကဿ, ဝုဍ္ဎိဘဝတု သဗ္ဗဒါ၊သာသနမ္ပိစ လောကဉ္စ, ဒေဝါ ရက္ခန္တု သဗ္ဗဒါ။သဒ္ဓိံ ဟောန္တု သုခိသဗ္ဗေ, ပရိဝါရေဟိ အတ္တနော၊အနီဃာ သုမနာ ဟောန္တု, အဝေရာ သုမနာ ဟောန္တု,အဗျာပဇ္ဇာ သုမနာ ဟောန္တု, အသောက သုမနာ ဟောန္တု သဟသဗ္ဗေဟိ ဉာတိဘိ။
အတ္တဒဏ္ဍသုတ် ပါဠိတော်
၁။ အတ္တဒဏ္ဍာ ဘယံ ဇာတံ၊ ဇနံ ပဿထ မေဓဂံ။သံဝေဂံ ကိတ္တယိဿာမိ၊ ယထာ သံဝိဇိတံ မယာ။
၂။ ဖန္ဒမာနံ ပဇံ ဒိသွာ၊ မစ္ဆေ အပ္ပေါဒကေ ယထာ။အညမညေဟိ ဗျာရုဒ္ဓေ၊ ဒိသွာ မံဘယမာဝိသိ။
၃။ သမန္တမသာရော လောကော၊ ဒိသာ သဗ္ဗာ သမေရိတာ။ဣစ္ဆံဘဝနမတ္တနော၊ နာဒ္ဒသာသိံ အနောသိတံ။
၄။ သြသာနေတွေ၀ ဗျာရုဒ္ဓေ၊ ဒိသွာ မေ အရတီ အဟု။အထေတ္ထ သလ္လမဒ္ဒက္ခိံ၊ ဒုဒ္ဒသံဟဒယနိဿိတံ။
၅။ ယေန သလ္လေန သြတိဏ္ဏော၊ ဒိသာ သဗ္ဗာ ဝိဓာဝတိ။တမေ၀ သလ္လမဗ္ဗုယှ၊ န ဓာဝတိ န သီဒတိ။
၆။ တတ္ထသိက္ခာနုဂီယန္တိ၊ ယာနိ လောကေ ဂဓိတာနိ၊န တေသု ပသုတော သိယာ။ နိဗ္ဗိဇ္ဈ သဗ္ဗသော ကာမေ၊ သိက္ခေ နိဗ္ဗာနမတ္တနော။
၇။ သစ္စော သိယာ အပ္ပဂဗ္ဘော၊ အမာယော ရိတ္တပေသုဏော။အက္ကောဓနော လောဘပါပံ၊ ဝေဝိစ္ဆံ ဝိတရေ မုနိ။
၈။ နိဒ္ဒံတန္ဒိံသဟေ ထီနံ၊ ပမာဒေန န သံဝသေ။အတိမာနေ န တိဋ္ဌေယျ၊ နိဗ္ဗာနမနသော နရော။
၉။ မောသဝဇ္ဇေ န နီယေထ၊ ရူပေ သ္နေဟံ န ကုဗ္ဗယေ။မာနဉ္စ ပရိဇာနေယျ၊ သာဟသာ ဝိရတော စရေ။
၁၀။ ပုရာဏံ နာဘိနန္ဒေယျ၊ နေ၀ ခန္တိံ န ကုဗ္ဗယေ။ဟိယျမာနေ န သောစေယျ၊ အာကာသံ န သိတော သိယာ။
၁၁။ ဂေဓံ ဗြူမိ မဟောဃောတိ၊ အာဇဝံ ဗြူမိ ဇပ္ပနံ။အာရမ္မဏံ ပကပ္ပနံ၊ ကာမပင်္ကော ဒုရစ္စယော။
၁၂။ သစ္စာ အဝေါက္ကမ္မ မုနိ၊ ထလေ တိဋ္ဌတိ ဗြဟ္မဏော။သဗ္ဗံ သော ပဋိနိဿဇ္ဇ၊ သ ေ၀ သန္တောတိ ဝုစ္စတိ။
၁၃။ သ ေ၀ ဝိဒွါ သ ဝေဒဂူ၊ ဉတွာ ဓမ္မံ အနိဿိတော။သမ္မာသော လောကေ ဣရိယာနော၊ န ပိဟေတီဓ ကဿစိ။
၁၄။ ယောစ ကာမေ အစ္စတရိ၊ သင်္ဂံ လောကေ ဒုရစ္စယံ။န သော သောစတိ နာဇ္ဈေတိ၊ ဆိန္နသောတော အဗန္ဓနော။
၁၅။ ယံ ပုဗ္ဗေတံ ဝိသောသေတိ၊ ပစ္ဆာ တေ မာဟုကိဉ္စနံ။မဇ္ဈေ စေ နော ဂဟေဿသိ၊ ဥပသန္တော စရိဿသိ။
၁၆။ သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္ထိ မမာယိတံ။အသတာ စ န သောစတိ၊ သ ေ၀ လောကေ န ဇီယတိ။
၁၇။ ယဿ နတ္ထိ ‘ဣဒံ မေ’တိ၊ ပရေသံ ဝါပိကိဉ္စနံ။မမတ္တံ သော အသံဝိန္ဒံ၊ ‘နတ္ထိ မေ’တိ န သောစတိ။
၁၈။ အနိဋ္ဌုရီ အနနုဂိဒ္ဓေါ၊ အနေဇော သဗ္ဗဓီသမော။တမာနိသံသံ ပဗြူမိ၊ ပုစ္ဆိတော အဝိကမ္ပိနံ။
၁၉။ အနေဇဿ ဝိဇာနတော၊ နတ္ထိ ကာစိ နိသင်္ခတိ။ဝိရတော သော ဝိယာရဗ ္ဘာ၊ ခေမံ ပဿတိသဗ္ဗဓိ။
၂၀။ န သမေသု န သြမေသု၊ န ဥဿေသု ဝဒတေ မုနိ။သန္တော သော ဝီတမစ္ဆရော၊ နာဒေတိ န နိရဿတီတိ။
အတ္တဒဏ္ဍသုတ္တံ နိဋ္ဌိတံ။
နတ်တို့အား တိုက်တွန်းခြင်း
သဗ္ဗေသု စက္ကဝါဠေသု, ယက္ခာ ဒေဝါစ ဗြဟ္မနော။ယံ အမှေဟိကတံ ပုညံ, သဗ္ဗသမ္ပတ္တိသာဓကံ။သဗ္ဗေတံ အနုမောဒိတွာ, သမဂ္ဂါ သာသနေရတာ၊ပမာဒရဟိတာ ဟောန္တု, အာရက္ခာသု ဝိသေသတော။
သမ္မာပရိဗ္ဗာဇနီယသုတ် ပါဠိတော်
နိမ္မိတရုပ်ပွားတော်ဘုရား၏ အမေး ဂါထာ
၁။ ပုစ္ဆာမိ မုနိံ ပဟူတပညံ၊ တိဏ္ဏံ ပါရင်္ဂတံ ပရိနိဗ္ဗုတံ ဌိတတ္တံ။နိက္ခမ္မ ဃရာ ပနုဇ္ဇ ကာမေ၊ ကထံ ဘိက္ခု သမ္မာ သော လောကေပရိဗ္ဗဇေယျ။
မြတ်စွာဘုရား၏ အဖြေ ပထမ ဂါထာ
၂။ ယဿ မင်္ဂလာ သမူဟတာ၊ ဥပ္ပတာ သုပိနာ စ လက္ခဏာ စ။သော မင်္ဂလဒေါသဝိပ္ပဟီနော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
မြတ်စွာဘုရား၏အဖြေ ဒုတိယ ဂါထာ
၃။ ရာဂံ ဝိနယေထ မာနုသေသု၊ ဒိဗ္ဗေသု ကာမေသု စာပိ ဘိက္ခု။အတိက္ကမ္မ ဘဝံ သမေစ္စ ဓမ္မံ၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
မြတ်စွာဘုရား၏အဖြေ တတိယ ဂါထာ
၄။ ဝိပိဋ္ဌိကတွာန ပေသုဏာနိ၊ ကောဓံ ကဒရီယံ ဇဟေယျ ဘိက္ခု။အနုရောဓ ဝိရောဓ ဝိပ္ပဟီနော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
မြတ်စွာဘုရား၏အဖြေ စတုတ္ထ ဂါထာ
၅။ ဟိတွာန ပိယဉ္စ အပ္ပိယဉ္စ၊ အနုပါဒါယ အနိဿိတော ကုဟိဥ္စိ။သံယောဇနိယေဟိ ဝိပ္ပမုတ္တော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
မြတ်စွာဘုရား၏အဖြေ ပဉ္စမ ဂါထာ
၆။ န သော ဥပဓီသု သာရမေတိ၊ အာဒါနေသု ဝိနေယျ ဆန္ဒရာဂံ။သော အနိဿိတော အနေညနေယျော၊ သမ္မာ သော လောကေပရိဗ္ဗဇေယျ။
မြတ်စွာဘုရား၏အဖြေ ဆဋ္ဌမ ဂါထာ
၇။ ဝစသာ မနသာ စ ကမ္မုနာ စ၊ အဝိရုဒ္ဓေါ သမ္မာ ဝိဒိတွာ ဓမ္မံ။နိဗ္ဗာနပဒါဘိပတ္ထယာနော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
မြတ်စွာဘုရား၏အဖြေ သတ္တမ ဂါထာ
၈။ ယော ဝန္ဒတိ မန္တိ နုန္နမေယျ၊ အက္ကုဋ္ဌောပိ န သန္ဓိယေထ ဘိက္ခု။လဒ္ဓါ ပရဘောဇနံ န မဇ္ဇေ၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
မြတ်စွာဘုရား၏အဖြေ အဋ္ဌမ ဂါထာ
၉။ လောဘဉ္စ ဘဝဉ္စ ဝိပ္ပဟာယ၊ ဝိရတော ဆေဒနဗန္ဓနာ စ ဘိက္ခု။သော တိဏ္ဏကထံကထော ဝိသလေက္ခာ၊ သမ္မာ သော လောကေပရိဗ္ဗဇေယျ။
မြတ်စွာဘုရား၏အဖြေ နဝမ ဂါထာ
၁၀။ သာရုပ္ပံ အတ္တနော ဝိဒိတွာ၊ နော စ ဘိက္ခု ဟိံသေယျ ကဉ္စိ လောကေ။ယထာ တထိယံ ဝိဒိတွာ ဓမ္မံ၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
မြတ်စွာဘုရား၏အဖြေ ဒသမ ဂါထာ
၁၁။ ယဿာ နုသယာ န သန္တိ ကေစိ၊ မူလာ စ အကုသလာသမူဟတာသေ။သော နိရာသော အနာသိသာနော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
မြတ်စွာဘုရား၏အဖြေ ဧကာဒသမ ဂါထာ
၁၂။ အာသဝခီဏော ပဟီနမာနော၊ သဗ္ဗံ ရာဂပထံ ဥပါတိဝတ္တော။ဒန္တော ပရိနိဗ္ဗုတော ဌိတတ္တော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
မြတ်စွာဘုရား၏အဖြေ ဒွါဒသမ ဂါထာ
၁၃။ သဒ္ဓေါ သုတဝါ နိယာမဒဿီ၊ ဝဂ္ဂဂတေသု န ဝဂ္ဂသာရိ ဓီရော။လောဘံ ဒေါသံ ဝိနေယျ ပဋိဃံ၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
မြတ်စွာဘုရား၏အဖြေ တေရသမ ဂါထာ
၁၄။ သံသုဒ္ဓဇိနော ဝိဝဋ္ဋဆဒ္ဒေါ၊ ဓမ္မေသု ဝသီ ပါရဂူ အနေဇော။သင်္ခါရနိရောဓဉာဏကုသလော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
မြတ်စွာဘုရား၏အဖြေ စုဒ္ဒသမ ဂါထာ
၁၅။ အတီတေသု အနာဂတေသု စာပိ၊ ကပ္ပါတီတော အတိစ္စဝိသုဒ္ဓိပညော။သဗ္ဗာယတနေဟိ ဝိပ္ပမုတ္တော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
မြတ်စွာဘုရား၏အဖြေ ပန္နရသမ ဂါထာ
၁၆။ အညာယ ပဒံ သမေစ္စ ဓမ္မံ၊ ဝိဝဋံ ဒိသွာန ပဟာနမာသဝါနံ။သဗ္ဗုပဓီနံ ပရိက္ခယာနော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
နိမ္မိတဘုရားက ချီးကျူးအနုမောဒနာပြုပုံ
၁၇။ အဒ္ဓါ ဟိ ဘဂဝါ တထေ၀ ဧတံ၊ ယော သော ဧဝံဝိဟာရီ ဒန္တော ဘိက္ခု။သဗ္ဗသံယောဇနယောဂဝီတိဝတ္တော၊ သမ္မာသော လောကေပရိဗ္ဗဇေယျတိ။
သမ္မာပရိဗ္ဗာဇနီယသုတ္တံ နိဋ္ဌိတံ။
နတ်တို့အား တိုက်တွန်းခြင်း
သဗ္ဗေသု စက္ကဝါဠေသု, ယက္ခာ ဒေဝါစ ဗြဟ္မနော။ယံ အမှေဟိကတံ ပုညံ, သဗ္ဗသမ္ပတ္တိသာဓကံ။သဗ္ဗေတံ အနုမောဒိတွာ, သမဂ္ဂါ သာသနေရတာ၊ပမာဒရဟိတာ ဟောန္တု, အာရက္ခာသု ဝိသေသတော။သာသနဿ စ လောကဿ, ဝုဍ္ဎိဘဝတု သဗ္ဗဒါ၊သာသနမ္ပိစ လောကဉ္စ, ဒေဝါ ရက္ခန္တု သဗ္ဗဒါ။သဒ္ဓိံ ဟောန္တု သုခိသဗ္ဗေ, ပရိဝါရေဟိ အတ္တနော၊အနီဃာ သုမနာ ဟောန္တု, အဝေရာ သုမနာ ဟောန္တု,အဗျာပဇ္ဇာ သုမနာ ဟောန္တု, အသောက သုမနာ ဟောန္တု,သဟသဗ္ဗေဟိ ဉာတိဘိ။
ပုရာဘေဒသုတ် ပါဠိတော်
နိမ္မိတရုပ်ပွားတော်ဘုရား၏ အမေး တစ်ဂါထာကထံဒဿီ ကထံသီလော၊ ဥပသန္တောတိ ဝုစ္စတိ။တံ မေ ဂေါတမ ပဗြူဟိ၊ ပုစ္ဆိတော ဥတ္တမံ နရံ။
မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁)
ဝီတတဏှော ပုရာဘေဒါ၊ ပုဗ္ဗမန္တ မနိဿိတော။ဝေမဇ္ဈေ နုပသင်္ခေယျော၊ တဿ နတ္ထိ ပုရက္ခတံ။
မြတ်စွာဘုရား၏ အဖြေ ဂါထာ (၂)
အက္ကောဓနော အသန္တာသီ၊ အဝိကတ္ထီ အကုက္ကုစော။မန္တဘာဏီ အနုဒ္ဓတော၊ သဝေဝါစာယတော မုနိ။
မြတ်စွာဘုရား၏ အဖြေ ဂါထာ (၃)
နိရာသတ္တိ အနာဂတေ၊ အတီတံ နာနုသောစတိ။ဝိဝေကဒဿီ ဖဿေသု၊ ဒိဋ္ဌီသု စ န နီယတိ။
မြတ်စွာဘုရား၏ အဖြေ ဂါထာ (၄)
ပတိလီနော အကုဟကော၊ အပ္ပိဟာလု အမစ္ဆရီ။အပ္ပဂဗ္ဘော အဇေဂုစ္ဆော၊ ပေသုဏေယျေစ နောယုတော။
မြတ်စွာဘုရား၏ အဖြေ ဂါထာ (၅)
သာတိယေသု အနဿာဝီ၊ အတိမာနေ စ နော ယုတော။သဏှော စပဋိဘာနဝါ၊ န သဒ္ဓေါ န ဝိဇ္ဇတိ။
မြတ်စွာဘုရား၏ အဖြေ ဂါထာ (၆)
လာဘကမျာ န သိက္ခတိ၊ အလာဘေ စ န ကုပ္ပတိ။အဝိရုဒ္ဓေါ စ တဏှာယ၊ ရသေသု နာနုဂိဇ္ဈတိ။
မြတ်စွာဘုရား၏ အဖြေ ဂါထာ (၇)
ဥပေက္ခကောသဒါသတော၊ န လောကေ မညတေ သမံ။န ဝိသေသီ န နီစေယျော၊ တဿ နော သန္တိ ဥဿဒါ။
မြတ်စွာဘုရား၏ အဖြေ ဂါထာ (၈)
ယဿ နိဿယနာ နတ္ထိ ဉတွာ ဓမ္မံ အနိဿိတော။ဘဝါယ ဝိဘဝါယ ဝါ၊ တဏှာ ယဿ န ဝိဇ္ဇတိ။
မြတ်စွာဘုရား၏ အဖြေ ဂါထာ (၉)
တံ ဗြူမိ ဥပသန္တောတိ၊ ကာမေသု အနပေက္ခိနံ။ဂန္ထာတဿ န ဝိဇ္ဇန္တိ၊ အတရီ သော ဝိသတ္တိကံ။
မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၀)
န တဿ ပုတ္တာ ပသဝေါ၊ ခေတ္တ ဝတ္ထုဉ္စ ဝိဇ္ဇတိ။အတ္တာ ဝါပိ နိရတ္တာဝါ၊ န တသ္မိံ ဥပလဗ္ဘတိ။
မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၁)
ယေန နံ ဝဇ္ဇုံ ပုထုဇ္ဇနာ၊ အထော သမဏဗြာဟ္မဏာ။တံ တဿ အပုရက္ခတံ၊ တသ္မာ ဝါဒေသု နေဇတိ။
မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၂)
ဝီတဂေဓော အမစ္ဆရီ၊ နဥဿေသု ဝဒတေမုနိ။န သမေသု န သြမေသု၊ ကပ္ပံ နေတိ အကပ္ပိယော။
မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၃)
ယဿ လောကေ သကံ နတ္ထိ၊ အသတာ စ နသောစတိ။ဓမ္မေသု စ န ဂစ္ဆတိ၊ သ ဝေသ န္တောတိ ဝုစ္စတီတိ။
ပုရာဘေဒသုတ္တံ နိဋ္ဌိတံ။
နတ်တို့အား တိုက်တွန်းခြင်း
သဗ္ဗေသု စက္ကဝါဠေသု, ယက္ခာ ဒေဝါစ ဗြဟ္မနော။ယံ အမှေဟိကတံ ပုညံ, သဗ္ဗသမ္ပတ္တိသာဓကံ။
သဗ္ဗေတံ အနုမောဒိတွာ, သမဂ္ဂါ သာသနေရတာ၊ပမာဒရဟိတာ ဟောန္တု, အာရက္ခာသု ဝိသေသတော။
ကလဟဝိဝါဒသုတ် ပါဠိတော်
နိမ္မိတဘုရား၏ အမေးဂါထာ (၁)
ကုတောပဟူတာ ကလဟာ ဝိဝါဒါ၊ ပရိဒေဝသောကာ သဟမစ္ဆရာ စ။မာနာတိမာနာ သဟပေသုဏာ စ၊ ကုတောပဟူတာ တေ တဒိင်္ဃ ဗြူဟိ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၂)
ပိယပ္ပဟူတာ ကလဟာ ဝိဝါဒါ၊ ပရိဒေဝသောကာ သဟမစ္ဆရာ စ။မာနာတိမာနာ သဟပေသုဏာ စ၊ မစ္ဆေရယုတ္တာ ကလဟာ ဝိဝါဒါ၊ဝိဝါဒဇာတေသု စ ပေသုဏာနိ။
နိမ္မိတဘုရား၏ အမေးဂါထာ (၃)
ပိယာ သု လောကသ္မိံ ကုတောနိဒါနာ၊ ယေ စာပိ လောဘာ ဝိစရန္တိလောကေ။အာသာ စ နိဋ္ဌာ စ ကုတောနိဒါနာ၊ ယေ သမ္ပရာယာယ နရဿ ဟောန္တိ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၄)
ဆန္ဒာနိဒါနာ နိ ပိယာနိ လောကေ၊ ယေ စာပိ လောဘာ ဝိစရန္တိ လောကေ။အာသာ စ နိဋ္ဌာ စ ဣတောနိဒါနာ၊ ယေ သမ္ပရာယာယ နရဿ ဟောန္တိ။
နိမ္မိတဘုရား၏ အမေးဂါထာ (၅)
ဆန္ဒော နု လောကသ္မိံ ကုတောနိဒါနော၊ ဝိနိစ္ဆရာ စာပိ ကုတောပဟူတာ။ကောဓဉ္စ မောသဝဇ္ဇဉ္စ ကထံကထာ စ၊ ယေ ဝါပိ ဓမ္မာ သမဏေန ဝုတ္တာ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၆)
သာတံ အသာတန္တိယမာဟု လောကေ၊ တမူပနိဿာယ ဟောတိ ဆန္ဒော။ ရူပေသု ဒိသွာ ဝိဘဝံ ဘဝဉ္စ၊ ဝိနိစ္ဆယံ ကုဗ္ဗတိ ဇန္တု လောကေ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၇)
ကောဓော မောသဝဇ္ဇဉ္စ ကထံကထာ စ၊ ဧတေပိ ဓမ္မာ ဒွယမေ၀ သန္တေ။ကထံကထီ ဉာဏပထာယ သိက္ခေ၊ ဉတွာ ပဝုတ္တာ သမဏေန ဓမ္မာ။
နိမ္မိတဘုရား၏ အမေးဂါထာ (၈)
သာတံ အသာတဉ္စ ကုတောနိဒါနာ၊ ကိသ္မိံ အသန္တေ န ဘဝန္တိ ဟေတေ။ဝိဘဝံ ဘဝဉ္စာပိ ယမေတမတ္ထံ၊ ဧတံ မေ ပဗြူဟိ ယတောနိဒါနံ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၉)
ဖဿနိဒါနံ သာတံ အသာတံ၊ ဖဿေ အသန္တေ န ဘဝန္တိ ဟေတေ။ဝိဘဝံ ဘဝဉ္စာပိ ယမေတမတ္ထံ၊ ဧတံ တေ ပဗြူမိ ဣတောနိဒါနံ။
နိမ္မိတဘုရား၏ အမေးဂါထာ (၁၀)
ဖဿောနု လောကသ္မိံ ကုတောနိဒါနော၊ ပရိဂ္ဂဟာ စာပိ ကုတောပဟူတာ။ကိသ္မိံ အသန္တေ န မမတ္တ မတ္ထိ၊ ကိသ္မိံ ဝိ ဘူတေ န ဖုသန္တိ ဖဿာ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၁၁)
နာမဉ္စ ရူပဉ္စ ပဋိစ္စ ဖဿော၊ ဣစ္ဆာနိဒါနာနိ ပရိဂ္ဂဟာနိ။ဣစ္ဆာယ သန္တျာ န မမတ္တ မတ္ထိ၊ ရူပေ ဝိဘူတေ န ဖုသန္တိ ဖဿာ။
နိမ္မိတဘုရား၏ အမေးဂါထာ (၁၂)
ကထံ သမေတဿ ဝိဘူတောတိ ရူပံ၊ သုခံ ဒုက္ခဉ္စာပိ ကထံ ဝိဘောတိ။ဧတံ မေ ပဗြူဟိ ယထံ ဝိဘောတိ၊ တံ ဇာနိယာမာတိ မေ မနော အဟု။
မြတ်စွာဘုရား၏ အဖြေဂါထာ (၁၃)
န သညသညီ န ဝိသညသညီ၊ နောပိ အသညီ န ဝိဘူတသညီ။ဧဝံ သမေတဿ ဝိဘောတိ ရူပံ၊ သညာနိဒါနာ ဟိ ပပဉ္စသင်္ခါ။
နိမ္မိတဘုရား၏ အမေးဂါထာ (၁၄)
ယံတံ အပုစ္ဆိမှ အကိတ္တယီ နော၊ အညံ တံ ပုစ္ဆာမ တဒိင်္ဃ ဗြူဟိ။ဧတ္တာ၀ တဂ္ဂံ နု ဝဒန္တိ ဟေကေ၊ ယက္ခဿ သုဒ္ဓိံဣဓ ပဏ္ဍိတာသေ၊ဥဒါဟု အညမ္ပိ ဝဒန္တိ ဧတ္တော။
မြတ်စွာဘုရား၏ အဖြေဂါထာ (၁၅)
ဧတ္တာဝတဂ္ဂမ္ပိ ဝဒန္တိ ဟေကေ၊ ယက္ခဿ သုဒ္ဓိံဣဓ ပဏ္ဍိတာသေ။တေသံ ပနေကေ သမယံ ဝဒန္တိ၊ အနုပါဒိသေသေ ကုသလာဝဒါနာ။
မြတ်စွာဘုရား၏ အဖြေ နိဂုံးချုပ်ဂါထာ (၁၆)
ဧတေ စ ဉတွာ ဥပနိဿိတာတိ၊ ဉတွာ မုနီ နိဿယေ သော ဝိမံသီ။ဉတွာ ဝိမုတ္တော န ဝိဝါဒမေတိ၊ ဘဝါဘဝါယ န သမေတိ ဓီရော။
ကလဟဝိဝါဒသုတ္တံ နိဋ္ဌိတံ။
နတ်တို့အား တိုက်တွန်းခြင်း
သဗ္ဗေသု စက္ကဝါဠေသု, ယက္ခာ ဒေဝါစ ဗြဟ္မနော။ယံ အမှေဟိကတံ ပုညံ, သဗ္ဗသမ္ပတ္တိသာဓကံ။သဗ္ဗေတံ အနုမောဒိတွာ, သမဂ္ဂါ သာသနေရတာ၊ပမာဒရဟိတာ ဟောန္တု, အာရက္ခာသု ဝိသေသတော။သာသနဿ စ လောကဿ, ဝုဍ္ဎိဘဝတု သဗ္ဗဒါ၊သာသနမ္ပိစ လောကဉ္စ, ဒေဝါ ရက္ခန္တု သဗ္ဗဒါ။သဒ္ဓိံ ဟောန္တု သုခိသဗ္ဗေ, ပရိဝါရေဟိ အတ္တနော၊အနီဃာ သုမနာ ဟောန္တု, အဝေရာ သုမနာ ဟောန္တု,အဗျာပဇ္ဇာ သုမနာ ဟောန္တု, အရောဂါ သုမနာ ဟောန္တု,အသောက သုမနာ ဟောန္တု, သဟသဗ္ဗေဟိ ဉာတိဘိ။
စူဠဗျူဟသုတ် ပါဠိတော်
နိမ္မိတဘုရား၏ အမေးဂါထာ (၁)
သကံ သကံ ဒိဋ္ဌိပရိဗ္ဗသာနာ၊ ဝိဂ္ဂယှ နာနာ ကုသလာ ဝဒန္တိ။ယော ဧဝံ ဇာနာတိ သ ဝေဒိ ဓမ္မံ၊ ဣဒံ ပဋိက္ကောသ မကေဝလီ သော။
နိမ္မိတဘုရား၏ အမေးဂါထာ (၂)
ဧဝမ္ပိ ဝိဂ္ဂယှ ဝိဝါဒယန္တိ၊ ဗာလော ပရော အက္ကုသလောတိ စာဟု။သစ္စော နု ဝါဒေါ ကတမော ဣမေသံ၊ သဗ္ဗေ၀ ဟီမေ ကုသလာဝဒါနာ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၃)
ပရဿ စေ ဓမ္မ မနာနုဇာနံ၊ ဗာလော မကော ဟောတိ နိဟီနပညော။သဗ္ဗေ၀ ဗာလာသု နိဟီနပညာ၊ သဗ္ဗေဝိမေ ဒိဋ္ဌိပရိဗ္ဗသာနာ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၄)
သန္ဒိဋ္ဌိယာ စေ ဝန ဝီဝဒါတာ၊ သံသုဒ္ဓပညာ ကုသလာ မုတီမာ။န တေသံ ကောစိ ပရိဟီနပညော၊ ဒိဋ္ဌီ ဟိ တေသမ္ပိ တထာ သမတ္တာ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၅)
န ဝါဟမေတံ တထိယန္တိ ဗြူမိ၊ ယမာဟု ဗာလာ မိထု အညမညံ။သကံ သကံ ဒိဋ္ဌိ မကံသု သစ္စံ၊ တသ္မာ ဟိ ဗာလောတိ ပရံ ဒဟန္တိ။
နိမ္မိတဘုရား၏ အမေးဂါထာ (၆)
ယမာဟု သစ္စံ တထိယန္တိ ဧကေ၊ တမာဟု အညေ တုစ္ဆံ မုသာတိ။ဧဝမ္ပိ ဝိဂ္ဂယှ ဝိဝါဒယန္တိ၊ ကသ္မာ န ဧကံ သမဏာ ဝဒန္တိ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၇)
ဧကံ ဟိ သစ္စံ န ဒုတိယံ မတ္ထိ၊ ယသ္မိံ ပဇာ နော ဝိဝဒေ ပဇာနံ။နာနာ တေ သစ္စာနိ သယံ ထုနန္တိ၊ တသ္မာ န ဧကံ သမဏာ ဝဒန္တိ။
နိမ္မိတဘုရား၏ အမေးဂါထာ (၈)
ကသ္မာ နု သစ္စာနိ ဝဒန္တိ နာနာ၊ ပဝါဒိယာသေ ကုသလာဝဒါနာ။သစ္စာနိ သူတာနိ ဗဟူနိ နာနာ၊ ဥဒါဟု တေ တက္က မနုဿရ န္တိ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၉)
နဟေ၀ သစ္စာနိ ဗဟူနိ နာနာ၊ အညတြ သညာယ နိစ္စာနိ လောကေ။တက္ကဉ္စ ဒိဋ္ဌီသု ပကပ္ပယိတွာ၊ သစ္စံ မုသာတိ ဒွယဓမ္မ မာဟု။
မြတ်စွာဘုရား၏ အဖြေဂါထာ (၁၀)
ဒိဋ္ဌေ သုတေ သီလဝတေ မုတေ ဝါ၊ ဧတေ စ နိဿာယ ဝိမာနဒဿီ။ဝိနိစ္ဆယေ ဌတွာ ပဟဿမာနော၊ ဗာလော ပရော အက္ကုသလောတိ စာဟ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၁၁)
ယေနေ၀ ဗာလောတိ ပရံ ဒဟာတိ၊ တေနာတုမာနံ ကုသလောတိ စာဟ။သယ မတ္တနာ သော ကုသလောဝဒါနော၊ အညံ ဝိမာနေတိ တဒေ၀ ပါဝ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၁၂)
အတိသာရ ဒိဋ္ဌိယာ၀ သော သမတ္တော၊ မာနေန မတ္တော ပရိပုဏ္ဏမာနီ။သယမေ၀ သာမံ မနသာဘိသိတ္တော၊ ဒိဋ္ဌီ ဟိ သာ တဿ တထာသမတ္တာ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၁၃)
ပရဿ စေ ဟိ ဝစသာ နိဟီနော၊ တုမော သဟာ ဟောတိ နိဟီနပညော။အထ စေ သယံ ဝေဒဂု ဟောတိ ဓီရော၊ န ကောစိ ဗာလော သမဏေသုအတ္ထိ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၁၄)
အညံ ဣတော ယာဘိဝဒန္တိ ဓမ္မံ၊ အပရဒ္ဓါ သုဒ္ဓိ မကေဝလီ တေ။ဧဝမ္ပိ တိတ္ထျာ ပုထုသော ဝဒန္တိ၊ သန္ဒိဋ္ဌိရာဂေန ဟိ တေဘိရတ္တာ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၁၅)
ဣဓေ၀ သုဒ္ဓိံဣတိ ဝါဒယန္တိ၊ နာညေသု ဓမ္မေသု ဝိသုဒ္ဓိ မာဟု။ဧဝမ္ပိ တိတ္ထျာ ပုထုသော နိဝိဋ္ဌာ၊ သကာယေန တတ္ထ ဒဠှံ ဝဒါနာ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၁၆)
သကာယနေဝါပိ ဒဠှံဝဒါနော၊ ကမေတ္ထ ဗာလောတိ ပရံ ဒဟေယျ။သယမေ၀ သော မေဓဂ မာဝဟေယျ၊ ပရံ ဝဒံ ဗာလ မသုဒ္ဓိဓမ္မံ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၁၇) ရှေ့ပိုင်း
ဝိနိစ္ဆယေ ဌတွာ သယံ ပမာယ၊ ဥဒ္ဓံ သ လောကသ္မိံ ဝိဝါဒ မေတိ။
နောက်ဆုံးညွှန်ကြားတော်မူပုံ ဂါထာ (၁၇-ခ)
ဟိတွာန သဗ္ဗာနိ ဝိနိစ္ဆယာနိ၊ န မေဓဂံ ကုဗ္ဗတိ ဇန္တု လောကေတိ။
စူဠဗျူဟသုတ္တံ နိဋ္ဌိတံ။
မေတ္တာပို့, အမျှဝေ,
ဧတ္တာဝတာ စ အမှေဟိ, သမ္ဘတံ ပုညသမ္ပဒံ၊သဗ္ဗေ ဒေဝါနုမောဒန္တု, သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။ဧတ္တာဝတာ စ အမှေဟိ, သမ္ဘတံ ပုညသမ္ပဒံ၊သဗ္ဗေဘူတာ နုမောဒန္တု, သဗ္ဗေယက္ခာ နုမောဒန္တုသဗ္ဗေ ဂန္ဓဗ္ဗ နုမောဒန္တု , သဗ္ဗေကုမ ္ဘဏ် နုမောဒန္တုသဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။ဒါနံ ဒဒန္တု သဒ္ဓါယ, သီလံ ရက္ခန္တု သဗ္ဗဒါ၊ဘာဝနာဘိရတာ ဟောန္တု, ရက္ခန္တု သဗ္ဗဒေဝတာ။
မဟာဗျူဟသုတ် ပါဠိတော်
နိမ္မိတဘုရား၏ အမေးဂါထာ (၁)
ယေ ကေစိ မေ ဒိဋ္ဌိပရိဗ္ဗသာနာ၊ ဣဒမေ၀ သစ္စန္တိ ဝိဝါဒယန္တိ။သဗ္ဗေ၀ တေ နိန္ဒမနွာနယန္တိ၊ အထော ပသံသမ္ပိ လဘန္တိ တတ္ထ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၂)
အပ္ပံ ဟိ ဧတံ န အလံ သမာယ၊ ဒုေ၀ ဝိဝါဒဿ ဖလာနိ ဗြူမိ။ဧတမ္ပိ ဒိသွာ န ဝိဝါဒယေထ၊ ခေမာ ဘိပဿံ အဝိဝါဒဘူမိံ။
အဖြေဂါထာ (၃)
ယာ ကာစိမာ သမ္မုတိယော ပုထုဇ္ဇာ၊ သဗ္ဗာ၀ ဧတာ န ဥပေတိ ဝိဒွါ။အနုပယော သော ဥပယံ ကိမေယျ၊ ဒိဋ္ဌေ သုတေ ခန္တိ မကုဗ္ဗမာနော။
အဖြေဂါထာ (၄)
သီလုတ္တမာ သညမေနာဟု သုဒ္ဓိံ၊ ဝတံ သမာဒါယ ဥပဋ္ဌိတာသေ။ဣဓေ၀ သိက္ခေမ အထဿ သုဒ္ဓိံ၊ ဘဝူပနီတာ ကုသလာဝဒါနာ။
အဖြေဂါထာ (၅)
သစေ စုတော သီလဝတတော ဟောတိ၊ ပဝေဓတီ ကမ္မ ဝိရာဓယိတွာ။ပဇပ္ပတီ ယတ္ထယတီ စ သုဒ္ဓိံ၊ သတ္ထာ၀ ဟီနော ပဝသံ ဃရမာ။
အဖြေဂါထာ (၆)
သီလဗ္ဗတံ ဝါပိ ပဟာယ သဗ္ဗံ၊ ကမ္မဉ္စ သာဝဇ္ဇ နဝဇ္ဇမေတံ။သုဒ္ဓိံ အသုဒ္ဓိန္တိ အပတ္ထယာနော၊ ဝိရတော စရေ သန္တိ မနုဂ္ဂဟာယ။
အဖြေဂါထာ (၇)
တမူပနိဿာယ ဇိဂုစ္ဆိတံ ဝါ၊ အထ ဝါပိ ဒိဋ္ဌံ ၀ သုတံ မုတံ ဝါ။ဥဒ္ဓံသရာ သုဒ္ဓိ မနုတ္ထုနန္တိ၊ အဝီတတဏှာ သေ ဘဝါဘဝေသု။
အဖြေဂါထာ (၈-က)
အတ္ထယမာနဿ ဟိ ဇပ္ပိတာနိ၊ အဝေဓိတံ ဝါပိ ပကပ္ပိတေသု။
အဖြေဂါထာ (၈-ခ)
စုတူပပါတော ဣဓ ယဿ နတ္ထိ၊ သ ကေန ဝေဓေယျ ကုဟိံ ၀ ဇပ္ပေ။
နိမ္မိတဘုရား၏ အမေးဂါထာ (၉)
ယမာဟု ဓမ္မံ ပရမန္တိ ဧကေ၊ တမေ၀ ဟီနန္တိ ပနာဟု အညေ။သစ္စော နု ဝါဒေါ ကတမော ဣမေသံ၊ သဗ္ဗေ၀ ဟီမေ ကုသလာဝဒါနာ။
မြတ်စွာဘုရား၏ အဖြေဂါထာ (၁၀)
သကံ ဟိ ဓမ္မံ ပရိပုဏ္ဏ မာဟု၊ အညဿ ဓမ္မံ ပန ဟီန မာဟု။ဧဝမ္ပိ ဝိဂ္ဂယှ ဝိဝါဒယန္တိ၊ သကံ သကံ သမ္မုတိ မာဟု သစ္စံ။
အဖြေဂါထာ (၁၁)
ပရဿ စေ ဝမ္ဘယိတေန ဟီနော၊ န ကောစိ ဓမ္မေသု ဝိသေသိ အဿ။ပုထူ ဟိ အညဿ ဝဒန္တိ ဓမ္မံ၊ နိဟီနတော သမှိ ဒဠှံဝဒါနာ။
အဖြေဂါထာ (၁၂)
သဒ္ဓမ္မပူဇာပိ နေသံ တထေဝ၊ ယထာ ပသံသန္တိသကာယနာနိ။သဗ္ဗေ၀ ဝါဒါ တထိယာ ဘဝေယျုံ၊ သုဒ္ဓီ ဟိ နေသံ ပစ္စတ္တမေဝ။
အဖြေဂါထာ (၁၃)
န ဗြဟ္မဏဿ ပရနေယျ မတ္ထိ၊ ဓမ္မေသု နိစ္ဆေယျ သမုဂ္ဂဟီတံ။တသ္မာ ဝိဝါဒါနိ ဥပါတိဝတ္တော၊ န ဟိ သေဋ္ဌတော ပဿတိ ဓမ္မမညံ။
အဖြေဂါထာ (၁၄)
ဇာနာမိ ပဿာမိ တထေ၀ ဧတံ၊ ဒိဋ္ဌိယာ ဧကေ ပစ္စေန္တိ သုဒ္ဓိံ။အဒက္ခိ စေ ကိဉ္စိ တုမဿ တေန၊ အတိသိတွာ အညေန ဝဒန္တိသုဒ္ဓိံ။
အဖြေဂါထာ (၁၅)
ပဿံ နရော ဒက္ခတိ နာမရူပံ၊ ဒိသွာန ဝါ ဉဿတိ တာနိမေဝ။ကာမံ ဗဟုံ ပဿတု အပ္ပကံ ဝါ၊ န ဟိ တေန သုဒ္ဓိံကုသလာ ဝဒန္တိ။
အဖြေဂါထာ (၁၆)
နိဝိဿဝါဒီ န ဟိ သုဗ္ဗိနာယော၊ ပကပ္ပိတာ ဒိဋ္ဌိပုရက္ခရာနော။ယံ နိဿိတော တတ္ထ သုဘံ ဝဒါနော၊ သုဒ္ဓိံ ဝဒေါ တတ္ထ တထဒ္ဒသာ သော။
အဖြေဂါထာ (၁၇)
န ဗြဟ္မဏော ကပ္ပမုပေတိ သင်္ခါ၊ န ဒိဋ္ဌိသာရီ နပိ ဉာဏဗန္ဓု။ဉတွာ စ သော သမ္မုတိယော ပုထုဇ္ဇာ၊ ဥပေက္ခတီ ဥဂ္ဂဟဏန္တိ မညေ။
အဖြေဂါထာ (၁၈)
ဝိဿဇ္ဇ ဂန္ထာနိ မုနီဓ လောကေ၊ ဝိဝါဒဇာတေသု န ဝဂ္ဂသာရီ။သန္တော အသန္တေသု ဥပက္ခကော သော၊ အနုဂ္ဂဟော ဥဂ္ဂဟဏန္တိ မညေ။
အဖြေဂါထာ (၁၉)
ပုဗ္ဗာသေ၀ ဟိတွာ နေ၀ အကုဗ္ဗံ၊ န ဆန္ဒဂူ နောပိ နိဝိဿဝါဒီ။သ ဝိပ္ပမုတ္တော ဒိဋ္ဌိဂတေဟိ ဓီရော၊ န လိမ္ပတိ လောကေ အနတ္တဂရဟီ။
မြတ်စွာဘုရား၏ နောက်ဆုံးအဖြေဂါထာ (၂၀)
သ သဗ္ဗဓမ္မေသု ဝိသေနိဘူတာ၊ ယံ ကိဉ္စိ ဒိဋ္ဌံ ဝါ သုတံ မုတံ ဝါ။သ ပန္နဘာရော မုနိ ဝိပ္ပမုတ္တော၊ န ကပ္ပိယော နူပရတော န ပတ္ထိယောတိ။
မဟာဗျူဟသုတ္တံ နိဋ္ဌိတံ။
နတ်တို့အား တိုက်တွန်းခြင်း
သဗ္ဗေသု စက္ကဝါဠေသု, ယက္ခာ ဒေဝါစ ဗြဟ္မနော။ယံ အမှေဟိကတံ ပုညံ, သဗ္ဗသမ္ပတ္တိသာဓကံ။သဗ္ဗေတံ အနုမောဒိတွာ, သမဂ္ဂါ သာသနေရတာ၊ပမာဒရဟိတာ ဟောန္တု, အာရက္ခာသု ဝိသေသတော။သာသနဿ စ လောကဿ, ဝုဍ္ဎိဘဝတု သဗ္ဗဒါ၊သာသနမ္ပိစ လောကဉ္စ, ဒေဝါ ရက္ခန္တု သဗ္ဗဒါ။သဒ္ဓိံ ဟောန္တု သုခိသဗ္ဗေ, ပရိဝါရေဟိ အတ္တနော၊အနီဃာ သုမနာ ဟောန္တု, အဝေရာ သုမနာ ဟောန္တု,အဗျာပဇ္ဇာ သုမနာ ဟောန္တု, အရောဂါ သုမနာ ဟောန္တု,အသောက သုမနာ ဟောန္တု, သဟသဗ္ဗေဟိ ဉာတိဘိ။သာသနဿ စ လောကဿ, ဝုဍ္ဎိဘဝတု သဗ္ဗဒါ၊သာသနမ္ပိစ လောကဉ္စ, ဒေဝါ ရက္ခန္တု သဗ္ဗဒါ။သဒ္ဓိံ ဟောန္တု သုခိသဗ္ဗေ, ပရိဝါရေဟိ အတ္တနော၊အနီဃာ သုမနာ ဟောန္တု, အဝေရာ သုမနာ ဟောန္တု,အဗျာပဇ္ဇာ သုမနာ ဟောန္တု, အရောဂါ သုမနာ ဟောန္တု,အသောက သုမနာ ဟောန္တု, သဟသဗ္ဗေဟိ ဉာတိဘိ။
တုဝဋကသုတ် ပါဠိတော်
နိမ္မိတဘုရား၏ မေးခွန်းတော်
၁။ ပုစ္ဆာမိ တံ အာဒိစ္စဗန္ဓု၊ ဝိဝေကံ သန္တိပဒဉ္စ မဟေသိ။ကထံ ဒိသွာ နိဗ္ဗာတိ ဘိက္ခု၊ အနုပါဒိယာနော လောကသ္မိံကိဥ္စိ။
ဗုဒ္ဓမြတ်စွာဘုရား၏ အဖြေတော်
၂။ မူလံ ပပဉ္စသင်္ခါယ၊ မန္တာ ‘အသ္မီ’တိ သဗ္ဗ’မုပရုန္ဓေ။ယာ ကာစိ တဏှာ အဇ္ဈတ္တံ၊ တာသံ ဝိနယာ သဒါ သတော သိက္ခေ။
မိမိဂုဏ်, ဆရာ့ဂုဏ်ဖြင့် မာနမတက်ပါလင့်
၃။ ယံကိဉ္စိ ဓမ္မ မဘိဇညာ၊ အဇ္ဈတ္တံ အထ ဝါပိ ဗဟိဒ္ဓါ။န တေန ထာမံ ကုဗ္ဗေထ၊ န ဟိ သာ နိဗ္ဗုတိ သတံ ဝုတ္တာ။
မာန သုံးမျိုးလုံးကို ပယ်ရန်
၄။ သေယျော န တေန မညေယျ၊ နီစေယျော အထ ဝါပိ သရိက္ခော။ဖုဋ္ဌော အနေကရုပေဟိ၊ နာ’တုမာနံ ဝိကပ္ပယံ တိဋ္ဌေ။
အဇ္ဈတ္တ၌သာ ငြိမ်းစေရမယ်
၅။ အဇ္ဈတ္တ မေဝု ပသမေ၊ န အညတော ဘိက္ခု သန္တိ မေသေယျ။အဇ္ဈတ္တံ ဥပသန္တဿ၊ နတ္ထိ အတ္တာ ကုတော နိရတ္တာ ဝါ။
သမုဒ္ဒရာအလယ် ရေပြင်လို တည်ငြိမ်စေရမယ်
၆။ မဇ္ဈေ ယထာ သမုဒ္ဒဿ၊ ဦမိ နော ဇာယတိ ဌိတော ဟောတိ။ဧဝံ ဌိတော အနေဇဿ၊ ဥဿဒံ ဘိက္ခု န ကရေယျ ကုဟိဉ္စိ။
နိမ္မိတဘုရားရှင်၏ တောင်းပန်ချက်
၇။ အကိတ္တယီ ဝိဝဋစက္ခု၊ သက္ခိဓမ္မံ ပရိဿယ ဝိနယံ။ပဋိပဒံ ဝဒေဟိ ဘဒ္ဒန္တေ၊ ပါတိမောက္ခံ အထ ဝါပိ သမာဓိံ။
စက္ခုန္ဒြေ စောင့်စည်းရေး
၈။ စက္ခူဟိ နေ၀ လောလဿ၊ ဂါမကထာယ အာဝရယေ သောတံ။ရသေစ နာနုဂိဇ္ဈေယျ၊ န စ မမာယေထ ကိဉ္စိ လောကသ္မိံ။
ဒုက္ခတွေ့ရင် မညည်းနဲ့ ရှုမှတ်ပယ်ပါ
၉။ ဖဿေန ယဒါ ဖုဋ္ဌဿ၊ ပရိဒေဝံ ဘိက္ခု န ကရေယျ ကုဟိဉ္စိ။ဘဝဉ္စ နာဘိ ပတ္ထေယျ၊ ဘေရဝေသု စ န သမ္ပဝေဓေယျ။
ပစ္စည်းပိုသိမ်းထားမှု သန္နိဓိ ကင်းရမည်
၁၀။ အန္နာန မထော ပါနာနံ၊ ခါဒနီယာနံ အထောပိ ဝတ္ထာနံ။လဒ္ဓါ န သန္နိဓိံကယိရာ၊ န စ ပရိတ္တသေ တာနိ အလဘမာနော။
အခြေခံများနှင့်တကွ သမာဓိအကျင့်
၁၁။ ဈာယီ န ပါဒလောလဿ၊ ဝိရမေ ကုက္ကုစ္စာ နပ္ပမဇ္ဇေယျ။အထာ သနေသု သယနေသု၊ အပ္ပသဒ္ဒေသု ဘိက္ခု ဝိဟရေယျ။
အအိပ်နည်းပါး အနိုးများလျက် ကြိုးစားနေသင့်
၁၂။ နိဒ္ဒံ န ဗဟုလီကရေယျ၊ ဇာဂရိယံ ဘဇေယျ အာတာပီ။တန္ဒိံ မာယံ ဟဿံ ခိဍ္ဍံ၊ မေထုနံ ဝိပ္ပဇဟေ သဝိဘူသံ။
ဗေဒင်ဟော ဆေးကု မပြုရှောင်ကြဉ် သူတော်စင်
၁၃။ အာထဗ္ဗဏံ သုပိနံ လက္ခဏံ၊ နော ဝိဒဟေ အထောပိ နက္ခတ္တံ။ဝိရုတဉ္စ ဂဗ ္ဘကရဏံ၊ တိက ိစ္ဆံ မာမကော န သေဝေယျ။
ကဲ့ရဲ့သံ ချီးမွမ်းသံ သည်းခံနိုင်ပါစေ
၁၄။ နိန္ဒာယ နပ္ပဝေဓေယျ၊ န ဥန္နမေယျ ပသံသိတော ဘိက္ခု။လောဘံ သဟ မစ္ဆရိယေန၊ ကောဓံ ပေသုဏိယဉ္စ ပနုဒေယျ။
ရဟန်းကောင်း အရောင်းအဝယ် မပြုရ၊ ကဲ့ရဲ့ဖွယ်အမှု မပြုရ၊ ငြိတွယ်ရွာ၌မပြုရာ၊
၁၅။ ကာယဝိက္ကယေ န တိဋ္ဌေယျ၊ ဥပဝါဒံ ဘိက္ခု န ကရေယျ ကုဟိဉ္စိ။
ဂါမေ စ နာဘိသဇ္ဇေယျ၊ လာဘကမျာ ဇနံ န လပယေယျ။အကြွားအဝါ ကင်းပါစေ
၁၆။ န စ ကတ္ထိတာ သိယာ ဘိက္ခု၊ န စ ဝါစံ ပယုတ္တံ ဘာသေယျ။ပါပဗ္ဘိယံ န သိက္ခေယျ၊ ကထံ ဝိဂ္ဂါဟိကံ န ကထယေယျ။
မုသာဝါဒမှ ကြဉ်ရှောင်ရမည်
၁၇။ မောသဝဇ္ဇေ န နီယေထ၊ သမ္ပဇာနော သဌာနိ န ကယိရာ။အထ ဇီဝိတေန ပညာယ၊ သီလဗ္ဗတေန နာညမတိမညေ။
စွပ်စွဲ ကဲ့ရဲ့ခံရသော်လဲ အကြမ်းပတမ်း မချေပလင့်
၁၈။ သုတွာ ရုပသိတော ဗဟုံ ဝါစံ၊ သမဏာနံ ဝါ ပုထုဇနာနံ။ ဖရုသေန နေ န ပဋိဝဇ္ဇာ၊ န ဟိ သန္တော ပဋိသေနိ ကရောန္တိ။ အမြဲမပြတ် ရှုမှတ်ကျင့်ပါ
၁၉။ ဧတဉ္စ ဓမ္မမညာယ၊ ဝိစိနံ ဘိက္ခု သဒါ သတော သိက္ခေ။
သန္တိ နိဗ္ဗုတိံ ဉတွာ၊ သာသနေ ဂေါတမဿ န ပမဇ္ဇေယျ။
မမေ့မလျော့ ကျင့်သင့်ပုံ
၂၀။ အဘိဘူ ဟိ သော အနဘိဘူတော၊ သက္ခိဓမ္မ မနီတိဟ မဒဿီ။ တသ္မာ ဟိ တဿ ဘဂဝတော သာသနေ၊ အပ္ပမတ္တော သဒါ နမဿ မနုသိက္ခေတိ။
တုဝဋကသုတ္တံ နိဋ္ဌိတံ။
နတ်တို့အား တိုက်တွန်းခြင်း
သဗ္ဗေသု စက္ကဝါဠေသု, ယက္ခာ ဒေဝါစ ဗြဟ္မနော။ ယံ အမှေဟိ ကတံပုညံ, သဗ္ဗသမ္ပတ္တိသာဓကံ။ သဗ္ဗေ တံ အနုမောဒိတွာ, သမဂ္ဂါသာသနေရတာ၊ ပမာဒရဟိတာ ဟောန္တု, အာရက္ခာသု ဝိသေသတော။သာသနဿ စ လောကဿ, ဝုဍ္ဎိဘဝတု သဗ္ဗဒါ၊သာသနမ္ပိစ လောကဉ္စ, ဒေဝါ ရက္ခန္တု သဗ္ဗဒါ။ သဒ္ဓိံ ဟောန္တုသုခိသဗ္ဗေ, ပရိဝါရေဟိ အတ္တနော၊ အနီဃာ သုမနာ ဟောန္တု, အဝေရာသုမနာ ဟောန္တု, အဗျာပဇ္ဇာ သုမနာ ဟောန္တု, အသောက သုမနာ ဟောန္တု,အရောဂါ သုမနာ ဟောန္တု, သဟသဗ္ဗေဟိ ဉာတိဘိ။သာသနဿ စ လောကဿ, ဝုဍ္ဎိ ဘဝတု သဗ္ဗဒါ၊ သာသနမ္ပိစလောကဉ္စ, ဒေဝါ ရက္ခန္တု သဗ္ဗဒါ။ သဒ္ဓိံ ဟောန္တု သုခိသဗ္ဗေ, ပရိဝါရေဟိအတ္တနော၊ အနီဃာ သုမနာ ဟောန္တု, အဝေရာ သုမနာ ဟောန္တု,အဗျာပဇ္ဇာ သုမနာ ဟောန္တု, အရောဂါ သုမနာ ဟောန္တု, အသောကသုမနာ ဟောန္တု, သဟသဗ္ဗေဟိ ဉာတိဘိ။
မေတ္တာပို့, အမျှဝေ,
` ဧတ္တာဝတာ စ အမှေဟိ, သမ္ဘတံ ပုညသမ္ပဒံ၊ သဗ္ဗေ ဒေဝါနုမောဒန္တု,သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။ ဧတ္တာဝတာ စ အမှေဟိ, သမ္ဘတံ ပုညသမ္ပဒံ၊ သဗ္ဗေနာဂါ နုမောဒန္တု, သဗ္ဗေ ယက္ခာ နုမောဒန္တု သဗ္ဗေ ဂန္ဓဗ္ဗ နုမောဒန္တု , သဗ္ဗေကုမ ္ဘဏ္ဍံ နုမောဒန္တု, သဗ္ဗေ ဘူတာ နုမောဒန္တု, သဗ္ဗေသတ္တာ နုမောဒန္တု,သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။ ဒါနံ ဒဒန္တု သဒ္ဓါယ, သီလံ ရက္ခန္တု သဗ္ဗဒါ၊ဘာဝနာဘိရတာ ဟောန္တု, ရက္ခန္တု သဗ္ဗဒေဝတာ။


0 Comments