အမှတ်တရ

ရန်ဖြစ်မှုတွေများစွာထဲ
ငါတို့.(မမြင်နိုင်တဲ့ကြိုးများနဲ့)
နှောင်ဖွဲ့ခဲ့ကြ……
.
ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုအတွက်နဲ့…အငြင်းပွားကြ…
(ပြီးတော့)….ပြန်ခေါ်ကြ…
.
စိုင်းစိုင်းပြောသလိုဆိုရင်တော့…
ဒါဟာလူငယ်ဘ၀..ပေါ့လေ..
.
သူငယ်ချင်းရေ….
ငါသာ..မီးခံသေတ္တာတစ်ခုဖြစ်ခဲ့မယ်ဆိုရင်…
အဲ့ဒီလူငယ်ဘ၀ကို..
မပျောက်ဆုံးအောင်…လုံလုံခြုံခြုံ…
သော့ခတ်သိမ်းဆည်းထားလိုက်ချင်ပါရဲ့ကွယ်….
.
WHP

Post a Comment

0 Comments