စားဝတ်နေမှု ၊အစုစုကို
ဂရုမထား ၊လူနင်းပြားနှင့်
တစ်သားတည်းသာ နေတတ်ရှာ၏
အာဏာမလို ထက်ကိုမမှန်း
မငမ်းခွင့်ရေး မတွေးစည်းစိမ်
နှလုံးအိမ်တွင် ကြိမ်ကြိမ်စဉ်းစား
စာရေးသားရန် စိတ်အားသန်ခဲ့
ပြည်မြန်လွတ်လပ် ရတုံလတ်သော်
ချဉ်းကပ်တောရွာ အေးငြိမ်းစွာတွင်
စာပေရေးမှု ဓိဋ္ဌာန်ပြူ၏ ။
ပြည်သူ့အကျိုး ဆောင်သယ်ပိုးစဉ်
အပ်ကျိုးတစ်ချောင်း ယောင်းမတတို
မရလိုသည့် ဗိုလ်ချုပ်နှင့်သာ
နှိုင်းစရာမူ
ပမာမင်းကြီးရန်နောင်တည်း..။
.
ဗိုလ်ချုပ်အောင်ဆန်းကဗျာများ
စာမျက်နှာ ၁၆
ကျေးဇူးဆပ်လော့ ကဗျာမှ
.

Post a Comment

0 Comments