ဗီတာမင် K ဟာသွေးများခဲစေဖို့ ၊ အရိုးကျန်းမာရေး နဲ့ ကယ်လ်ဆီယမ် ဖြစ်ပေါ်စေဖို့အတွက် မရှိဖြစ်လိုအပ်တဲ့ ဗီတာမင် တစ်မျိုးပဲဖြစ်ပါတယ်။ဗီတာမင် K ဟာ ရောင်ရမ်းမှုတွေကို ကုသဖို့နဲ့ လျော့ကျစေဖို့အတွက်လဲ အကူအညီပေးပါတယ်။ဒီဗီတာမင်ဟာအလွန်ကောင်းမွန်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း တစ်ခု ဖြစ်ပြီး ဦးနှောက်နဲ့ နာ့ဗ်ကြောတွေရဲ့စွမ်းဆောင်ရည်တွေကို မြင့်မားစေတဲ့ spingolipids လို့ခေါ်တဲ့ lipid ထုတ်လုပ်ရာမှာမရှိမဖြစ်လိုအပ်ပါတယ်။
ဗီတာမင် K ဟာ ခန္ဓာကိုယ်အတွက်အလွန်အရေးပါပြီး အစားအစာတွေမှာလဲပေါများစွာ ပါဝင်လေ့ရှိပါတယ်။သူဟာဆီမှာပျော်ဝင်တဲ့ ဗီတာမင်အမျိုးအစားတစ်ခုဖြစ်တဲ့အတွက် ဆီတွေနဲ့အတူ ယှဉ်တွဲနေလေ့ရှိပါတယ်။


သင်ဟာထိခိုက်ဒဏ်ရာ တစ်ခုရခဲ့မယ်ဆိုပါစို.။ ထိုဒဏ်ရာများကို ကုသဖို့အတွက် ဗီတာမင် K ဟာ ခန္ဓာကိုယ့်ရဲ့ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လာပါပြီ။
ဗီတာမင် K ကိုခန္ဓာကိုယ်မှသဘာဝအတိုင်း ထုတ်လုပ်နိုင်ပါတယ်။အူလမ်းကြောင်းမှာရှိတဲ့ ဘက်တီးရီးယား လေးများမှထုတ်လုပ်ခြင်းဖြစ်ပါတယ်။ လုံလောက်တဲ့ ဗီတာမင် K ပမာဏကို ရရှိဖို့အတွက် သင့်ရဲ့အူလမ်းကြောင်းဟာ ကျန်းမာနေဖို့လိုအပ်ပါတယ်။



အမျိုးသမီးများအတွက် တစ်နေ့လျှင် ဗီတာမင်ကေ 90 micrograms လိုအပ်ပြီး အမျိုးသားများအတွက်တော့ တစ်နေ့လျှင် 120 micrograms လိုအပ်ပါတယ်။
ဗီတာမင် K လုံလောက်စွာမရပါက သွေးတိတ်ရန်ခက်ခဲခြင်း၊ နှာခေါင်းသွေးလျှံခြင်း နှင့်အရိုးများကြွပ်ဆတ်ခြင်းတို့ဖြစ်တတ်ပါတယ်။
ဗီတာမင် K ချို့တဲ့ရခြင်း၏ အဓိကအကြောင်းရင်းအချို့မှာ-
- ၀မ်းပျော့စေသည့် Mineral Oil ပါဝင်သောအစားအစာအမြောက်အများစားမိခြင်း
- ၀မ်းသွားခြင်း
- ပြင်းထန်စွာ အပူလောင်ခြင်း
- Antibiotics(ပိုးးသတ်ဆေး) များ များစွာသောက်နေရခြင်း (ထိုဆေးများသည် အူလမ်းကြောင်းအတွင်းရှိ Vitamin K ထုတ်ပေးသော ဘက်တီးရီးယားများကိုပါသေစေနိုင်သဖြင့်) စသည့်အကြောင်းများကြောင့်အဖြစ်များပါသည်။
ဗီတာမင် K ဟာအခြား ဗီတာမင်များနှင့် ယှဉ်ပါက ထိခိုက်ဒဏ်ရာများအလျင်အမြန်ပျောက်ကင်းစေရန်နှင့် သွေးအလွယ်တကူ တိတ်စေရန်အတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်တစ်ခုပင်ဖြစ်ပါသည်။ပုံမှန်ကျန်းမာသူတစ်ဦးအဖို့ ခန္ဓာကိုယ်မှ ထုတ်လုပ်နိုင်သော်လည်း အချို့အခြေအနေများတွင် ဗီတာမင် K လုံလောက်စွာရှိရန်လိုအပ်ပါသည်။ သင်သည် ဒဏ်ရာများအလွယ်တကူ မပျောက်ကင်းခြင်း ၊ သွေးတိတ်ရန် ခက်ခဲခြင်းများဖြစ်နေပါက ဗီတာမင် K ကြွယ်ဝသော အစားအစာများကို သင့်ခန္ဓာကိုယ်မှ လိုအပ်နေပါပြီ။
ကိုက်လန် ၊ အစိမ်းရောင် ဂေါ်ဖီပန်းများ ၊ မုန်ညင်း ၊ တရုတ်နံနံစတဲ့အသီးအရွက်များနဲ့ အစိမ်းရောင်အရွက်ရှိတဲ့ ဟင်းသီးဟင်းရွက်များမှာ ဗီတာမင် K ပေါများစွာပါဝင်လေ့ရှိပါတယ်။
ဒါကြောင့် ဗီတာမင်ကေ လုံလောက်စွာရရှိဖို့အတွက် အစိမ်းရောင်အသီးအရွက်တွေကိုများများစားလိုက်ကြရအောင်။
ဝတ်မှုံဖြူ
Ref;www.vitamin.com , Naturopath –ever heard of vitamin K

Post a Comment

0 Comments