ခုခံစွမ်းအားကိုအားပေးသော သဘာဝအစားအစာများ
ခုခံစွမ်းအားစနစ်ဟာ  ခန္ဓာကိုယ်တွင့်းသို့ ရောဂါဖြစ်စေနိုင်သောအရာများ  ပြင်ပ မှအန္တရာယ်ရှိသောအရာ ၀တ္ထုများ ၀င်ရောက်ခြင်းကိုကာကွယ်ပေးပါတယ်။ရောဂါရဲ့တိုက်ခိုက်ခြင်းခံရတဲ့ ဆဲလ်တွေ တစ်နည်းအားဖြင့်  အန္တရာယ်အလွန်များတဲ့
ကင်ဆာဆဲလ် (maglinent cells ) တွေကိုဖျက်ဆီးပေးပါတယ်။ဆဲလ်အပျက်အဆီးတွေကိုလည်းဖယ်ရှားရှင်းလင်းပေးပါတယ်။
ထို့ကြောင့်ခုခံစွမ်းအားစနစ်ကို အားပေးသောအစားအစာတွေဟာ ကျန်းမာရေးကိုများစွာ ကောင်းမွန်စေပါတယ်။အားလုံးအသိပါပဲ။ အာဟာရပြည့်ပြီး ကောင်းမွန်တဲ့အစားအစာတွေကိုစားသုံးတဲ့သူတစ်ယောက်ဟာ အာဟာရပြည့်ဝစွာမစားသုံးထက်သူထက်တော့ ပိုကျန်းမာမှာအမှန်ပါပဲ ……
အောက်မှာ ခန္ဓာ ကိုယ်ရဲ့ခုခံစွမ်းအားကိုကောင်းမွန်စေတဲ့ သဘာဝအစားအစာအချို့ကိုဖော်ပြပေးထားပါတယ်။
Echinacea
ဒီအပင်ဟာကိုခံစွမ်းအားကိုတိုးမြှင့်တဲ့နေရာမှာ နာမည်ကြီး ဆေးဘက်ဝင်အပင်ဖြစ်ပါတယ်။
သူ့ကိုအခြားဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်တဲ့ golden seal ဆိုတဲ့အပင်နဲ့တွဲပြီးသုံးလေ့ရှိပါတယ်။သူ့တစ်မျိုးတည်းကိုလည်းလက်ဖက်ရည်အဖြစ်သောက်သုံးနိုင်ပါတယ်။ဒေစီမျိုးနွယ်အုပ်စုဝင်ဖြစ်တဲ့ ဒီအပင်ဟာ သာမန်အအေးမိ ဖျားနာခြင်းမျိုးတွေသာမက အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါတွေအထိ ကာကွယ်ပေးနိုင်ပါတယ်။
echinacea and golden esa
echinacea and golden esa
ဂျင်စင်း
ဂျင်စင်းမှာမျိုးကွဲတွေအများကြီးရှိပါတယ်။အဲ့ဒီမျိုးကွဲတွေအနက်က ဆေးဘက်အ၀င်ဆုံးဂျင်ဆင်းကတော့ Panax Ginseng လို့ခေါ်တဲ့ကိုးရီးယားဂျင်စင်းပဲဖြစ်ပါတယ်။သူ့မှာ ginsinosides လို့ခေါ်တဲ့စ္စည်းအဓိက ပါဝင်ပြီး ရောင်ရမ်းနာနဲ့ကင်ဆာရောဂါတွေကိုသက်သာပျောက်ကင်းစေတဲ့အစွမ်းသတ္တိရှိတယ်လို့လေ့လာတွေ့ရှိမှုတွေကဆိုပါတယ်။ဒါ့အပြင်ဂျင်စင်းဟာကိုယ်ခံစွမ်းအားကိုကောင်းမွန်စေပြီး ဆီးချိုရောဂါနဲ့ပတ်သက်တဲ့အခြေအနေ တွေကိုလည်း လျှော့ချနိုင်တာကိုတွေ့ရှိရပါတယ်တဲ့။
ကြက်သွန်ဖြူ
မီးဖိုချောင်ရဲ့မရှိမဖြစ်  ကြက်သွန်ဖြူကတော့ရှေးယခင်ကတည်းက ဆေးဘက်ဝင်အပင်အဖြစ်တန်ဖိုးထားခဲ့ကြတာဖြစ်ပါတယ်။ လေ့လာမှူတွေအရ နယူးယောက်ရှိ  Albert Einstein College of Medicine of Yeshiva University မှ လက်ထောက်ပါမောက္ခ Dr. Ellen Tattelman က ကြက်သွန်ဖြူဟာ နှလုံးနှင့်ပတ်သတ်တဲ့ရောဂါများကိုပျောက်ကင်းစေပြီး ရောဂါပိုးမွှားအချို့ကိုသေစေနိုင်ရုံသာမက ကင်ဆာရောဂါအတွက်ပါ ကောင်းကျိုးရှိကြောင်းထပ်မံ အတည်ပြုပြီးဖြစ်တယ်လို့ဆိုပါတယ်။အချဉ်ရည်နဲ့တွဲဖက်စားရတဲ့ဟင်းလျာတွေမှာလည်း ကြက်သွန်ဖြူဟာ ပြီးပြည့်စုံကောင်းမွန်တဲ့ စားသောက်ဖွယ်ရာတစ်ခုဖြစ်နေပြန်ပါတယ်။
နနွင်း
နနွင်းမှာတော့ cucurmin ပါဝင်ပါတယ်။cucurmin ဟာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ သိသိသာသာရှိတဲ့အရာတစ်ခုဖြစ်ပါတယ်။သူဟာ ရောဂါပိုးမွှားတွေကို နိုင်နင်းရုံသာမက ရောင်ရမ်းနာတွေကို သက်သာစေပြီး အစာအိမ်ကို ချောမွေ့ကောင်းမွန်စေပါတယ်။cucurmin ဟာ ကျောက်ကပ်ရဲ့အပေါ်က  adrenal gland ကနေပြီး ရောင်ရမ်းမှုကိုသက်သာစေတဲ့ဟော်မုန်းစစ်ထုတ်ခြင်းကိုပိုမိုများပြားစေပါတယ် ။ဒီနည်းအားဖြင့်ရောင်ရမ်းခြင်းတွေကိုသက်သာစေပါတယ်။တိရစ္ဆာန်အချို့မှာစမ်းသပ်ကြည့်တဲ့အခါနနွင်းဟာ အသည်းကို အရက်နဲ့ အချို့သော အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေရဲ့ အန္တရာယ်မှလည်း ကာကွယ်ပေးတာကိုတွေ့ရပြန်ပါတယ်။နနွင်းဟာ သည်းခြေရည်စီးဆင်းမှုကို လှုံ့ဆော်ပေးခြင်းဖြင့် လည်းအစာခြေတဲ့နေရာမှာအကူအညီပေးပါတယ်။
ဂျင်း
ဂျင်းဟာ ရောင်ရမ်းနာ ၊နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေနဲ့  သွေးကြောပိတ်ခြင်းကိုသက်သာစေရုံမက ကိုလက်စထရောကိုလည်းလျော့ကျစေပါတယ်။ တိရစ္ဆာန်အချို့ ကိုဂျင်းပြုတ်ရည် တိုက်ပြီးလေ့လာကြည့်တဲ့အခါ ကိုလက်စထရောနဲ့သွေးကြောပိတ်နိုင်စွမ်း ဟာသိသိသာသာလျော့ကျသွားတာကိုတွေ့ရပါတယ်။ဒါ့အပြင် ဂျင်းဟာ ရောင်ရမ်းခြင်းနဲ့ သက်ဆိုင်တဲ့မျိုးရိုးဗီဇ လက္ခဏာကိုလည်း တားဆီးပေးနိုင်တာကိုတွေ့ရှိရပါတယ်။
ပန်းငရုတ်ပွ
ဒီငရုတ်ပွဟာ အရမ်းစပ်တဲ့ capsaicin လိုငရုတ်သီးအမျိုးအစားမျိုးမဟုတ်ပါဘူး။ ငရုတ်သီး ဆိုပေမယ့်  ချိုချိုလေးနဲ့ကြွပ်ကြွပ်လေးဖြစ်ပါတယ်။သူ့မှာ leucopene ဆိုတဲ့ ကင်ဆာအန္တရာယ်ကို လျှော့ချနိုင်တဲ့ ရောင်ခြယ်ပစ္စည်းပါဝင်ပါတယ်။သူ့မှာပါဝင်တဲ့ ဘီတာကရိုတင်း ဟာ ဗီတာမင်အေ နဲ့ zeaxanthin အဖြစ်ပြောင်းလဲပြီး အမြင်အာရုံေ၀၀ါးခြင်းနဲ့ အတွင်းတိမ်တွေကို ကာကွယ်ပေးနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။
ဂျင်ဂို (Gingo biloba)
ဂျင်ဂိုရွက်မှာ bilobalides နဲ့ gingobalides ဆိုတဲ့ ဓါတ်တိုးဆန့်ကျင်စ္စည်းတွေပါဝင်ပါတယ်။ထိုပစ္စည်းတွေဟာ ခန္ဓာကိုယ်ကို  free radical တွေကြောင့်ပျက်စီးမှု့မှ ကာကွယ်ပေးပါတယ်။ဒါ့အပြင် ဓါတ်ရောင်ခြည်တွေရဲ့အန္တရာယ်ကိုလည်းကာကွယ်ပေးနိုင်ပါတယ်။လေ့လာမှု့တွေအရ ဂျင်ဂိုမှာ  ဓါတ်ရောင်ခြည်ကြောင်ဖြစ်တဲ့အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့ပစ္စည်းအမြောက်အမြား ပါဝင်တာကိုတွေ့ရှိရပါတယ်။နောက်ဆုံးတွေ့ရှိချက် အရ ဂျင်ဂိုဟာ ဓါတ်ရောင်ခြည်ကြောင့် ဆဲလ်ထဲမှာဖြစ်ပေါ်နေတဲ့ ဓါတ်တိုးပစ္စည်းတွေနဲ့  free radicals တွေကိုချေဖျက်နိုင်တဲ့အတွက် ဆဲလ်များသေဆုံးခြင်းကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ဂျင်ဂို ဟာ ဦးနှောက်ကိုအန္တရာယ် ဖြစ်စေနိုင်မှုမှ ငါးဆယ်ရာခိုင်နှုန်းလျှော့ချနိုင်တာကိုလည်းတွေ့ရပြန်ပါသေးတယ်။
Ganoderma
Ganoderma ဆိုတာ Reishi လို့လူသိများတဲ့ ခါးသက်တဲ့အရသာရှိတဲ့ လင်ဇီး မှိုတစ်မျိုးပဲဖြစ်ပါတယ်။သူဟာသက်ရှည်ကျန်းမာခြင်းကိုပေးစွမ်းနိုင်တဲ့ တရုတ်ရိုးရာ ဆေးဖက်ဝင်မှိုအဖြစ်လူသိများပါတယ်။အခြားလေ့လာတွေ့ရှိချက်တွေအရ ထိုမှိုဟာခုခံစွမ်းအားကိုမြှင့်တင်ပေးပြီး ကင်ဆာရောဂါကိုတိုက်ဖျက်နိုင်တယ်လို့ဆိုပါတယ်။ ထို့ပြင်
ထိုမှိုဟာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိရုံသာမက  ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။
Astragulus
Astralugus ဟာလည်း တရုတ်ဆေးဖက်ဝင်အပင်တစ်မျိုးပဲဖြစ်ပါတယ်။သူဟာ ခုခံစွမ်းအားကိုလှုံ့ဆော်ပေးပြီး အစာခြေခြင်းနဲ့ ကျောက်ကပ်ရဲ့အပေါ်က adrenal gland ရဲ့လုပ်ငန်းဆောင်တာတွေကိုမြှင့်တင် ကူညီပေးပါတယ်။ ဒါ့အပြင်သူဟာ ဆီးရွှင်စေတဲ့အာနိသင်လည်းရှိပါတယ်။သူ့မှာ polysaccharides ,saponin နဲ့  flavonoid စတဲ့ပစ္စည်းတွေပါဝင်ပါတယ်။ ထိုပစ္စည်းတွေရဲ့အာနိသင်ကြောင့် အအေးမိဖျားနာခြင်းတွေကိုပျောက်ကင်းစေဖို့အတွက်လဲ အသုံးပြုနိုင်ပါတယ်။ အစာခြေစနစ်မှာ သူ့ရဲ့ကောင်းကျိုးကတော့ အက်ဆစ်ထွက်တဲ့နှုန်းကို လျော့နည်းစေခြင်းပဲဖြစ်ပါတယ်။ ဒီနည်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ဇီဝ ဖြစ်ပျက်မှုနှုန်းကို မြန်စေပြီး မလိုအပ်တဲ့  အညစ်အကြေးတွေကို အလျင်အမြန်စွန့်ထုတ်ဖို့ အကူအညီပေးပါတယ်။
ကြောင်လက်သည်းပင်
ဒီအပင်ကတော့ အစာအိမ်ဆိုင်ရာပြဿနာတွေအတွက် အသုံးများတဲ့ အပင်တစ်မျိုးပဲဖြစ်ပါတယ်။ မကြာသေးခင်ကမှ သိရှိရတာတော့ ဒီအပင်ဟာ ခန္ဓာကိုယ်ကို ရောဂါပိုးမွှားတွေ ရဲ့အန္တရာယ် မှ ကာကွယ်ပေး နိုင်ပြီး ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာများမဖြစ်နိုင်အောင်လည်းတားဆီးနိုင်စွမ်း ရှိတဲ့ ခုခံစွမ်းအားကိုလှုံ့ဆေိာပေးတဲ့ပစ္စည်းတွေပါရှိကြောင်းလည်း သိရှိရပါတယ်တဲ့။ဒီအပင်မှာပါဝင်တဲ့ oxidole alkaloids တွေဟာ ရောဂါဖြစ်စေနိုင်သောပစ္စည်းများ ပြင်ပမှ ခန္ဓာကိုယ်တွင်းဝင်ရောက်လာတဲ့ပိုးမွှားများကို ဖျက်ဆီးတိုက်ဖျက်နိုင်ရန်အတွက် ခုခံအားစနစ်ရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးပါတယ်။
  ခုခံစွမ်းအား စနစ်ကိုအားပေးတဲ့ အစားအစာများကို ကောင်းမွန်စွာစားသုံးခြင်းဟာ  မိမိကျန်းမာရေးကို ငွေကုန်ကြေးကျသက်သာစွာဖြင့်စောင့်ရှောက်နိုင်တဲ့နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်…။ကျန်းမာတဲ့စားသောက်နေထိုင်မှု့စနစ်နှင့်အတူ ကောင်းမွန်စွာအနားယူခြင်း ၊ အကောင်းမြင်ဝါဒ လက်ကိုင်ထားခြင်း ပျော်ရွှင်စွာနေထိုင်ခြင်းဖြင့် သင့်ကျန်းမာရေးကိုငွေကုန်ကြေးကျမများပဲ စောင့်ရှောက်နိုင်ပါပြီ။
naturopath -foods thats naturally boots the immune system  ကို တတ်သလောက် ဘာသာပြန်ဆိုပါသည်။  ပုံများ- google မှယူပါသည်။
Post a Comment
0 Comments