ငြင်းပယ်ခြင်း
*********
ဘာသာစကားမျိုးစုံကို အရည်ကျိုသောက်
နိုင်ငံတကာကိုရောက်နေတဲ့ရှင့်ရဲ့
ထက်မြက်မှုတွေက အားကျမက်မောဖွယ်ဆိုရင်တောင်
ကျွန်မတို့မိသားစုက
အဲ့ဒီအရာတွေထက်
ဘာပဲဖြစ်ဖြစ် ဆိုးတူကောင်းဖက် မျှဝေပေး..
အေးအေးဆေးဆေး နေတတ်တဲ့သူကို သာ လိုအပ်ကြတယ်..။
.
ချောမော လွန်းတယ်လို့ ချီးမွမ်းခံရ တဲ့ရှင့်ရဲ့ ရုပ်ရည်
သူမတူအောင်ထူးချွန်လှတဲ့ရှင့်ရဲ့ ပညာအရည်အချင်း
ဝင့်ကြွားတောက်ပလွန်းတဲ့ အ၀တ်အစား
ခမ်းနားထည်ဝါတဲ့ အနာဂတ် နဲ့ ဓနအင်အားတွေက
မက်မောလောက်ပါရဲ့.
ဒါပေမယ့်
ကျွန်မနှလုံးသား အတွက်တော့
ဖြူစင်တဲ့ စိတ်ထား
မြင့်မြတ်သန့်ရှင်းတဲ့ နှလုံးသားနဲ့
ကျွန်မချစ်သူကပဲ
ရှင့်ထက် ပိုမို သာလွန်နေဆဲပါ..။

.
“တန်ဖိုး” ဆိုတာကို သတ်မှတ်ပုံချင်း
“ငွေကြေး” ဆိုတာကို နေရာပေးပုံချင်း
“ရိုးသားမှု” နဲ့ “အဆင့်အတန်း” ဆိုတာကို ယူဆပုံချင်း
တစ်ယောက်နဲ့ တစ်ယောက် မတူကြတာမို့
တုံးတယ်..လို့ မှတ်ချက်တစ်ခု ချနိုင်ပါရဲ့..။
ကျွန်မရဲ့ ခံယူချက်ကိုတော့
ဘယ်တော့မှ ခ၀ါမချတော့မှာသေချာနေတာမို့
“စိတ်မကောင်းပါဘူး” ဆိုတာကလွဲရင်
ရှင့်အတွက်ပြောစရာ စကား
နှလုံးသားထဲမှာဘာမှမကျန်တော့ပါဘူး.။
နှလုံးသားရဲ့ ကွက်လပ်နေရာမှန်သမျှကို
ဖြူစင်လှတဲ့ ကျွန်မရဲ့ ချစ်သူက ရသွားပြီလေ..။
.
ခင်မင်စွာဖြင့်
WHP

Post a Comment

0 Comments