အပျိုကြီး
******
၁။
စကားပြောငြား ၊အလွန်ကြွား
အားထားချင်စိတ်နည်းပါးတယ်..။

၂။
အငြင်းသန်လျက် အစားမက်
စကားဖက်ကာ ပြောဖို့မလွယ်။

၃။
စည်ပိုင်း ခန္ဓာ လှပစွာ
ကာလာစုံနဲ့ ခြယ်သမယ်…။

၎။
ယောက်ျား ဟူသည် ရန်သူမည်
မရသည်က ကောင်းလိမ့်မယ်..
ရခဲ့ပါက ကိုယ့်ဘဝ
မလှပမှာ ကြောက်ရတယ်..။

၅။
ဟိုတွေးဒီတွေး ရင်တွေလေး
ရတက်မအေးကာ စိတ်ညစ်မယ်..။
.
ဒီငါးချက်နှင့်တစ်ချက်ငြိ
ကွက်တိ ခေါင်းစဉ် ဖြစ်တော့မယ်.
.
တိုက်ဆိုင်သူမှာ မနေသာ
ခေါင်းစဉ်ပြန်ကာကြည့်ကြမယ်.
.
သူငယ်ချင်းတို့ပျော်ရွှင်ကြပါစေ..။
.
ခင်မင်စွာဖြင့်
WHP
22.11.2013
6:31 PM

Post a Comment

0 Comments