သံသရာ
******
မဖြစ်ချင်တာတွေက ခပ်များများ..တွေ့..။
ဖြစ်ချင်တဲ့အရာတွေ ခပ်မှားမှား နဲ့
ဖြစ်နိုင်တဲ့အရာတွေကို ကျတော့ မေ့နေတတ်ကြတဲ့သဘောတွေ..။
.
တချို့တွေမှာက ငွေကများ မေတ္တာက ရှား..။
တချို့ ကျတော့ လည်း ငွေကပါး မေတ္တာကျတော့များ နဲ့..
ရတိုင်း မလို လိုတာတွေကျတော့လဲ မရ.
များ လှ တဲ့ ဘ၀ တွေ..။
.
တချို့က သောက တွေ ဖြေ လို့ မရ
တချို့က လော ဘ တွေ ပြေလို့မရ..
ဒေါသတွေနဲ့ မူးသူကမူး
မောဟတွေနဲ့ ရူးသူကရူး..
မာန တွေနဲ့ လူး သူက လူး..နဲ့..ပေါ့..။
.
ငါလည်းပဲ မငြိမ်းအေး သေးတဲ့
ပုထုဇဉ်တစ်ဦး..။
သံသရာ..ဆိုတဲ့ပင်လယ်ပြင်ကြီးမှာ
သံယောဇဉ်တွေ မကုန်သေးသမျှတော့
ငြိမ်းအေးခြင်းတရားကို ရှာဖွေရင်း
မမောနိုင် မပန်းနိုင် လက်ပစ်ကူးနေရဦးမယ်..။
.
ခင်မင်စွာဖြင့်
.
WHP
******
မဖြစ်ချင်တာတွေက ခပ်များများ..တွေ့..။
ဖြစ်ချင်တဲ့အရာတွေ ခပ်မှားမှား နဲ့
ဖြစ်နိုင်တဲ့အရာတွေကို ကျတော့ မေ့နေတတ်ကြတဲ့သဘောတွေ..။
.
တချို့တွေမှာက ငွေကများ မေတ္တာက ရှား..။
တချို့ ကျတော့ လည်း ငွေကပါး မေတ္တာကျတော့များ နဲ့..
ရတိုင်း မလို လိုတာတွေကျတော့လဲ မရ.
များ လှ တဲ့ ဘ၀ တွေ..။
.
တချို့က သောက တွေ ဖြေ လို့ မရ
တချို့က လော ဘ တွေ ပြေလို့မရ..
ဒေါသတွေနဲ့ မူးသူကမူး
မောဟတွေနဲ့ ရူးသူကရူး..
မာန တွေနဲ့ လူး သူက လူး..နဲ့..ပေါ့..။
.
ငါလည်းပဲ မငြိမ်းအေး သေးတဲ့
ပုထုဇဉ်တစ်ဦး..။
သံသရာ..ဆိုတဲ့ပင်လယ်ပြင်ကြီးမှာ
သံယောဇဉ်တွေ မကုန်သေးသမျှတော့
ငြိမ်းအေးခြင်းတရားကို ရှာဖွေရင်း
မမောနိုင် မပန်းနိုင် လက်ပစ်ကူးနေရဦးမယ်..။
.
ခင်မင်စွာဖြင့်
.
WHP



0 Comments