အချစ်ကိုတိုင်းတာခြင်း
*****************
အချို့အချစ်တွေက အရောင်ကျွတ်တတ်တဲ့ဝတ်အထည်တွေနဲ့တူတယ်
အပြင်ပန်း ကြည့်ရင် သစ်လွင်တောက်ပနေတတ်ပေမယ့် တစ်ခေါက်လောက်ရေလျှော်ကြည့်လိုက်တဲ့အခါ အရောင်တွေလွင့်တစ်ခါနှစ်ခါဝတ်ရုံနဲ့ဟောင်းနွမ်းသွားတတ်တယ်..။ အပေါ်ယံချစ်ခြင်းတရားတွေဟာမူအရာအားဖြင့် သည်းသည်းလှုပ် ၊ဂရုစိုက်မှုတွေနဲ့ရှုပ် နေတတ်ပေမယ့် တကယ်တမ်း လောကဓံ ဆိုတဲ့ရေနဲ့တစ်ခေါက်လောက် လျှော်ကြည့်တဲ့အခါ လွင့်ပါးပျောက်ကွယ်သွားတတ်ကြတယ်။

.
အချို့အချစ် တွေကျတော့ အရောင်မလွင့်တဲ့အ၀တ်အထည်တွေနဲ့တူတယ်။ အပေါ်ယံကြည့်ရင် ဟောင်းနွမ်းတယ်လို့ ထင်ရတယ်.။ဒါပေမယ့် လျှော်လေလေ အရောင်တက်လာလေလေ.။ရေနဲ့ထိလေလေ သစ်လွင်တောက်ပလာလေလေ။တည်မြဲတဲ့ အချစ်စစ်တွေဟာ အမူအရာအားဖြင့်မသိသာတတ်ကြပေမယ့်ဒုက္ခဆင်းရဲတွေ့ လေလေ ပိုပြီး ခိုင်မြဲလာလေလေ။လောကဓံနဲ့ ထိလေလေ ပိုပြီး နက်ရှိုင်း လာလေလေ။
.
အချစ်ရဲ့ အရည်အသွေးကို တိုင်းတာဖို့ အတွက် အကောင်းဆုံး ချိန်တွယ်တဲ့ စက်ကတော့ လောကဓံတွေပါပဲ။ဒုက္ခတွေအပေါ် မငြီးမငြူ ဖြတ်ကျော်နိုင်စွမ်း ကိုမူတည်ပြီးအချစ်ရဲ့အရည်အသွေးတွေဟာ မိုးနဲ့မြေလိုကွာခြားသွားတတ်ကြပါတော့တယ်.။
.
အချစ်စစ်အချစ်မှန်ကိုပိုင်ဆိုင်နိုင်ကြပါစေ။
ခင်မင်စွာဖြင့်
WHP
13.11.2013,6:09PM

Post a Comment

0 Comments