“ဒီဇင်ဘာအလွမ်း”
**************
ပြတင်းအဖွင့်……………
အေးစက်ပဲ ဆောင်းလေက
မျက်နှာကိုကြမ်းရှရှ နဲ့
နွေးထွေးမှုမရှိပဲ …လာမိတ်ဆက်….တယ်.။
ခံစားချက်မဲ့ နေ ပြီးသား အေးစက်စက် နှလုံးသားက မဖြုံခဲ့ပါဘူး..။
.
ဟိုးအဝေး က ခရစ်စမတ် သီချင်းသံ သဲ့သဲ့ နဲ့ယှဉ်ပြီး..
စိတ် အတွင်း မှာ သက်ပြင်းယဲ့ယဲ့ ကလေး တစ်ခုက နေရာဝင်ယူတယ်…။
.
ပျော်ခဲ့ဖူးတဲ့ ဒီဇင်ဘာတိုင်းက
ခုချိန်မှာဆောင်းအိမ်မက်တွေလို ကယောက်ကယက်..နဲ့..
အကြိမ်ပေါင်းများ စွာ လာလာ နှောက်ယှက်နေကြ…
.
လွမ်းဆွတ် တသ ခြင်းက…
နှင်းတွေရဲ့ လှပ မှုနဲ့ မလိုက်ဖက်..စွာ
အလုအယက် နှလုံးသားကို လာလာ နှိပ်စက် နေကြ..နဲ့.
တမ်းတခြင်း ကဗျာတွေ က နှလုံးသား မှာငိုမဲ့မဲ့ ဖြစ်တည်တယ်.။
.
ဒီလိုနဲ့..
အိပ်ပျက်ရတဲ့ ဒီဇင်ဘာ..
အဲ့ဒီ ကာလ ကို တစ်ခါရောက်တိုင်း ..
သိပ်ခက်တဲ့ အလွမ်းတွေ..
စိတ်ပျက် ဖွယ်ရာ ကောင်းတဲ့ အထီးကျန်ဝမ်းနည်းမှုတွေက..
ထိန်းမနိုင်သိမ်းမရနဲ့..
ပိုပိုပြီး အရိုင်းဆန်လာတော့တယ်လေ….။
.
အမြဲခင်လျက်.
WHP

0 Comments