ဆန်းကြယ်သော ထိုအရာ
******************
ရယူလိုမှု….တဲ့..
မခွဲခွာ နိုင်ခြင်းနဲ့ပေါင်းလိုက်တော့
“လောဘ” ဖြစ်လာတယ်..
.
အဆုံးရှုံးမခံနိုင်ခြင်း..တဲ့
စိုးရိမ်စိတ်နဲ့ပေါင်းလိုက်တော့
“သ၀န်တိုမှု” ဖြစ်လာတယ်..
.
အလွမ်း…တဲ့..
ရင်ဆိုင်နိုင်မှုမရှိခြင်း နဲ့ ပေါင်းလိုက်တော့
“၀မ်းနည်းခြင်း” တွေဖြစ်လာတယ်..။
.
ပိုင်ဆိုင်လိုတဲ့..လောဘ…
စိုးရိမ်စိတ်တွေထုံမွှမ်းထားတဲ့..သ၀န်တိုခြင်း..
အလွမ်းတွေအပြည့်နဲ့..၀မ်းနည်းခြင်း..
အဲ့ဒါတွေကိုအစမှအဆုံး တိုင် ခင်းကျင်းလိုက်တော့
အဖြေတစ်ခုရလာခဲ့တယ်..
.
“အချစ်”..တဲ့..
အံ့သြဖွယ်ရာ အဲ့ဒီအရာ..ကို
ကျွန်မတို့မက်မက်မောမော တွယ်တာနေခဲ့ကြတယ်လေ..
.
ခင်မင်စွာဖြင့်
WHP

0 Comments