“မောင်နှင့်မယ်”
*************
မောင် ။ ။
ဒီမောင်ကိုရမလားလို့
တစ်ညများတစ်ခါနှစ်ခါ
Chats လိုက်ရတာ
မောင်မပါ ၊ လက်ညောင်းကာ တစ်မုန်း
အသုံးလွန် ဒီ gtalk ကိုလ
(မကြီးရယ်)
ရှက်လိုက်ပါဦး။
.
မယ်။ ။
ဒီမယ်ကိုရမလားလို့
အင်္ကျီများ တစ်ထေ နှစ်ထေ
လဲလှယ်ပြီးလေ
ဓာတ်ပုံတွေ အမှန်
ပလူပျံလို့ မဆုံး
အသုံးလွန် ဒီ facebook ကိုမှ
(မောင်ကြီးရယ်)
ရှက်ရမယ် မဆုံး ။

.
မောင်။ ။
ရှက်ချင်တောင်မရှက်နိုင်။
လိုင်းက မခိုင်။
Chats မယ်လို့ အပိုင်
ဆိုင်ထိုင်မိကာမှ
နှေးလှတဲ့ဒီလိုလိုင်း
(မကြီးရယ်)
နှိုင်းလို့တောင်မရ..။ ။
.
မယ်။ ။
ထိုင်ပါတဲ့ ထိုင်ပါ။
VZO ,Skype တွေလဲ
ဝဲလိုက်တော့မှာ..။
ရုပ်ကမလာ
ဘာဆိုဆို မကြား
ထားရတယ် စိတ်ကလေးကို လ
(မောင်ကြီးရယ်)
အေးဆေးစွာတအား..။ ။
.
အင်းလေးတိုက်တေး
ကျေးလက်ရိုးရာတေး
ကော်နက်ရှင် နှေးသော အင်တာနက်ခေတ်..
စာအိမ်ငယ်မှ အပေ အတေ အက်မင် :P
.
ခက်ဆစ်အဖွင့်
**********
တစ်ထေနှစ်ထေ = တစ်ထည် နှစ်ထည်( ဒေသအခေါ်အဝေါ်)
.
အင်းလေးဒေသမှာ လူငယ်မောင်မယ်တို့ဟာ မျက်နှာချင်းဆိုင်ပြီး တေးကဗျာတွေကို အပြိုင်အဆိုင် ရွတ်ဆိုတဲ့အစဉ်အလာရှိပါသတဲ့။အဲ့ဒီလိုရွတ်ဆိုရတဲ့ တေးကဗျာတွေကို တိုက်တေး (သို့) ချိုးတေးလို့ခေါ်ပါတယ်။အဲ့ဒီလို ချိုးတေးလေးတွေဟာ ဒုတိယကမ္ဘာစစ်ဖြစ်ပြီးတဲ့နောက် တိမ်မြုပ်ပျောက်ကွယ်သွားရပါတော့သတဲ့။တိုက်တေးလေးတွေ ပြန်ဖတ်နေရင်း မယ်နှင့်မောင် အပြန်အလှန် ပြောဆို ကြတဲ့ မြန်မာ ရိုးရာ ချိုးတေးလေး တွေရဲ့ ချစ်စရာကောင်းပုံကို သူငယ်ချင်းတို့ကို မျှဝေ ပေးနိုင်ဖို့ ၊ ကျွန်မရဲ့ အင်တာနက်အပေါ် မကျေ နပ် ချက်တွေကို ဖွင့်အံ နိုင်ဖို့ ၊သူင ယ်ချင်းတို့လည်း ပျော်ရွှင်နိုင်စေဖို့..
ကျွန်မရဲ့ ပေါက်ကရကဗျာလေးကို ဖော်ပြပေးလိုက်ပါတယ်။မူရင်းရေးသားသူ အမည်မသိရှေးစာဆို ခွင့်လွှတ်နိုင်ပါစေလို့လည်း တောင်းဆုပြုပါတယ်:P
.
(မျက်စိ နောက်လည်း စိတ်ထဲမထား ခင်စိတ်ထားဖြင့် တအားချစ်လျက် အမျက်အဤ မထွက်သည်လည်း ဖြစ်ကြပါစေသော်ဝ် :P)
.
ပျော်ရွှင်ကြပါစေ.။
အမြဲခင်လျက်
WHP

Post a Comment

0 Comments