သမီးလက်သည်းကလေး ညှပ်တာ
နာသွားလို့  ငိုတော့
မေမေသိပ်ချစ်တယ်ဆိုတဲ့ ဖေဖေနဲ့ရန်ဖြစ်ကာ
မေမေ့ မျက်ဝန်းမှာ
ဒေါ သမိုးတွေ
နေရာ အနှံ့ အပြား ရွာ တယ် ။

.
သမီးကဗျာ ရွတ်လို့ရတဲ့ဆု
သမီး ပညာရည်ချွန်ဆု တွေနဲ့
ဂါရဝပြုတော့
ဝမ်းသာကြည်နူးစိတ်တွေဖြစ်တည်ကာ့
မေမေ့မျက်ဝန်းမှာပီတိမိုးတွေနေရာ အနှံ့အပြားရွာတယ်။

.
သမီး နေမကောင်းဖြစ်ကာ
အဖျားတွေတက်တော့
စိုးရိမ်ပူပန်းမှုတွေတိုးကာ့
ထွေးပွေ့ထားတဲ့ သမီးရဲ့ ကိုယ်ပေါ်
မေမေ့ရဲ့ သောက မိုးတွေ
နေရာအနှံ့ အပြားရွာချ
ထိုမှတစ်ဆင့် သမီးမျက်နှာပေါ်
ပိုးပိုးပေါက်ပေါက်ကျတယ်
.
သမီးကြောင့်
မေမေ
ငိုခဲ့ ရတာတွေများခဲ့ပါပြီ
.
သမီးကြောင့် ရွာချခဲ့ တဲ့
မေမေ့မျက်ရည်တွေ
.
သမီးကိုစောင့်ရှောက် ခဲ့ ရတဲ့
မေမေ့ရဲ့
အကျိုးမျှော်ကိုးမှုတစ်စုံတစ်ရာကင်းတဲ့
သန့်စင်တဲ့ မေတ္တာတွေ
အဲ့ဒါတွေကို
အောက်မေ့ တ သ
အမေများနေ့မှာ မေမေ့အတွက်
ချရေးမိတယ်
.
သေချာတာက
သမီးအတွက်
မေမေ့နှလုံးသားက အမြဲ လှနေမှာပဲဆိုတာပေါ့..... ။
.
ဝတ်မှုံ

Post a Comment

0 Comments