တစ်ခုကို ရဖို့
တစ်ခုကို ချနင်းရမယ်ဆိုရင်
အဲ့ဒီပိုင်ဆိုင်ခြင်းဆိုတဲ့မြစ်ထဲ
ငါ့ ဆန္ဒတွေ သမရိုးကျမစီးဆင်းချင်တော့ဘူး။
.
တစ်ယောက်ကိုလွမ်းလို့
တစ်ယောက်ကို လှမ်းရမယ်ဆိုရင်
အဲ့ဒီ သမုဒယနွံထဲ
ငါ့အတ္တတွေ မကျိုးနွံချင်တော့ဘူး။
.
အချစ်တဲ့
.့
တစ်ပုဒ်ပျောက် တစ်ပုဒ်ရောက်
လက်ဖျောက်တစ်ချက် အတွင်း
ဖန်ဆင်းနိုင်တဲ့
တန်ခိုးရှင်တစ်ဦးရဲ့
မှော်ကဗျာ ဖြစ်ခဲ့ရင်
.
တစ်ပွင့်ကြွေ တစ်ပွင့်ဝေ
ပန်းကလေးတွေ ဖြစ်ခဲ့ရင်
.
နှလုံးသားကိုလည်း
အသစ်ပြန်လည် အစားထိုး
ချစ်ခြင်းတွေရိုကျိုး
ဒီပုစ္ဆာ က ရလဒ် ဒီလောက်ဘယ်ဆိုးပါ့ မလဲလေ.
.
ခုတော့
တစ်သက်မှာ တစ်ခါဖြစ်
ချစ် ခြင်းတွေက
လှောင်ရယ် ပစ် ကြတယ်
.
ဒီလိုနဲ့
တမ်းတခြင်းနှင်းဆီတွေတောင် ဖူးသစ်
အလွမ်းတွေနဲ့ နုမျစ်
.
ကြေကွဲခြင်းတွေ နဲ့
ကဗျာ စာ မျက်နှာ တစ်ခုကိုလှစ်ခဲ့ရတော့တယ်
.
(အချစ်သစ်မရှာတော့ဘူး ဆိုတဲ့ သူ တစ်ဦး တောင်းဆိုထား တဲ့စာစုလေးပါ)
.

အမြဲခင်လျက်
ဝတ်မှုံ

Post a Comment

0 Comments