သိပ်မလှတဲ့ ပန်းပါ
အိနြေ္ဒ တော့မနွမ်းဘူး
.
သိပ်မကောင်း တဲ့မှတ်ဥာဏ်ပါ
အဓိပ္ပါယ် မရှိတာတော့
လက်သင့်မခံဘူး
.
သိပ် မတတ်တဲ့ ပညာပါ
အကျိုးတော့ပြုနိုင်တယ်
.
သိပ် ဖွင့်ဟ ဝန် မခံ တဲ့ အချစ်ပါ
ဘယ် အရာနဲ့ မှတ်ကျောက်တင်ပါစေ
စစ်တော့စစ်တယ်
.
သိပ် မပိုင်ဆိုင်တဲ့ ငွေပါ
လိုချင် တပ်မက်စိတ်တွေတော့
များလွန်းမနေဘူး

သိပ်မကြီး တဲ့မာန ပါ
ဘယ်လိုလူပဲဖြစ်ဖြစ်
လှည့်မကြည့်
စိတ်ရင်းနဲ့သာရှားရှားပါးပါး
ခင်မိတတ်တယ်
.
ဒီလိုနဲ့
သိပ်မလိမ္မာတဲ့ ကောင်မလေး
တာဝန်တွေတော့ကျေချင်ခဲ့သေးတယ်
.
.

အမြဲခင်လျက်
ဝတ်မှုံ

Post a Comment

0 Comments