ချစ်ခြင်း မေတ္တာတွေ
အကုန်ရောက်
အမုန်းတွေပျောက်အောင်
ချစ်သူ ရဲ့ အပြုံးထဲ
ဘာတွေ ထည့် သုံးထားပါသလဲ
.
ဘယ်လောက်ပဲ
ချစ်သူရက်စက်စက်
ကိုယ်က ဘာကြောင့်မမုန်းရက်နိုင်ခဲ့ပါသလ
.
ဘယ်လောက်ပဲ ချစ်သူမုသားစကားတွေဆိုဆို
ဘာကြောင့် ကိုယ်က အပိုလို့မထင်ခဲ့ရပါသလဲ
.
ဘယ်လောက်ကြာကြာ
ချစ်သူ ခွဲခွာ သွားတာပဲဖြစ်ဖြစ်
ဘာကြောင့်ကိုယ်က အပြစ်မမြင်ခဲ့ရပါသလဲ
.
ဒါဟာ
ကိုယ့်အတွက်
ဖြေရှင်းမရတဲ့
နှလုံးသား ပုစ္ဆာ
ကြေကွဲခံစားရလွန်းတော့
ရင်ဘတ်တွေပါ နာလာခဲ့တယ်။

ဝတ်မှုံလေး

Post a Comment

0 Comments