ကိုယ် က
ကမ္ဘာတစ်ခြမ်း
.
သူက
ကမ္ဘာတစ်ခြမ်း
.
သတ်သတ်စီနေပေမယ့်
အလွမ်း တွေဆင်တူ
ချစ်ခြင်း တွေ ဖြူ ကြတယ်
.
ကိုယ်က သူ့ ကို လွမ်းရ
သူက ကိုယ့်ကို တမ်းတ နဲ့
အလွမ်း ဆိုတာကို
တံတား ထိုး
ယုံကြည်မှုဆိုတဲ့
ပန်း အိုးလေးထဲ
အချစ်ဆိုတဲ့ သစ်ပင်ကို
စိုက်ပျိုး
လောကဓံ နေ မိုး တွေရဲ့
အစမ်းသပ်ကို ကြံ့ကြံ့ခံ
အဲ့ဒီလိုနဲ့
တွေ့ရမယ့် ရက်တွေကိုတွေး
ကြံဖန်ပြီး ပျော်နေကြ သေးတော့တယ် .
.
တကယ်တော့
နှလုံးသား နှစ်ခုဆိုတာ
နီးစပ်ဖို့ မိုင်အကွာအဝေးတွေ
မလိုဘူး မဟုတ်ပါလားလေ..။
.
ဝတ်မှုံလေး
ကမ္ဘာတစ်ခြမ်း
.
သူက
ကမ္ဘာတစ်ခြမ်း
.
သတ်သတ်စီနေပေမယ့်
အလွမ်း တွေဆင်တူ
ချစ်ခြင်း တွေ ဖြူ ကြတယ်
.
ကိုယ်က သူ့ ကို လွမ်းရ
သူက ကိုယ့်ကို တမ်းတ နဲ့
အလွမ်း ဆိုတာကို
တံတား ထိုး
ယုံကြည်မှုဆိုတဲ့
ပန်း အိုးလေးထဲ
အချစ်ဆိုတဲ့ သစ်ပင်ကို
စိုက်ပျိုး
လောကဓံ နေ မိုး တွေရဲ့
အစမ်းသပ်ကို ကြံ့ကြံ့ခံ
အဲ့ဒီလိုနဲ့
တွေ့ရမယ့် ရက်တွေကိုတွေး
ကြံဖန်ပြီး ပျော်နေကြ သေးတော့တယ် .
.
တကယ်တော့
နှလုံးသား နှစ်ခုဆိုတာ
နီးစပ်ဖို့ မိုင်အကွာအဝေးတွေ
မလိုဘူး မဟုတ်ပါလားလေ..။
.
ဝတ်မှုံလေး


0 Comments