ဆုတောင်း
********
ကိုယ်ကျိုးငယ်မှ ရှာချင်
ငွေ မြူး တစ်ခန်း လှစ်
အားတွေ ဖြစ်လို့
အကျင့် ရယ် မကောင်း
စိတ်မှာ အောင်းကြသည်
အပေါင်း အဖော် ဖွေ ရှာလို့ လေး…။
ဒုက္ခငယ် မှ တစ် ပွေ့
စဉ်မမွေ့ ဖြင့် တစ်ကွေ့တစ်ခါ
ကြုံတွေ့လာသော် မကြာ ဆန်းစစ်
အားအင်သစ်ဖြင့် အစစ်အမှန်
ရုန်းကန်ပြန်သည်
ထိုထို လောကဓံက
ဖန်ရှာ လေကော…။
********
ကိုယ်ကျိုးငယ်မှ ရှာချင်
ငွေ မြူး တစ်ခန်း လှစ်
အားတွေ ဖြစ်လို့
အကျင့် ရယ် မကောင်း
စိတ်မှာ အောင်းကြသည်
အပေါင်း အဖော် ဖွေ ရှာလို့ လေး…။
ဒုက္ခငယ် မှ တစ် ပွေ့
စဉ်မမွေ့ ဖြင့် တစ်ကွေ့တစ်ခါ
ကြုံတွေ့လာသော် မကြာ ဆန်းစစ်
အားအင်သစ်ဖြင့် အစစ်အမှန်
ရုန်းကန်ပြန်သည်
ထိုထို လောကဓံက
ဖန်ရှာ လေကော…။
လွန်မောရန်တော့ မဖြစ်
ကမ္ဘာ သစ်တွင်
ချွေး စက် တင် စမ်း
စိတ် သစ် တွေ ပန်း သည် …
ခမ်းခမ်းကြေ လို့
ချုံး ကျ နေ အားမာန်
မတန် တ ဆ ဝန်မမျှ လျက်
ညစ်ညစ် ကြေ ထန် စွာ
ကြမ္မာ ငယ် ဆိုးပါလို့
ယိမ်း ယိုင် လာ ခြင်း…။
ရူပါ ရယ် က မလှ
နောင်ခါ ကျလျှင်
ဘဝတစ်ခါ ဖြစ်ခဲ့ လှာ သော်
စိတ်ပျက် စရာ မကြုံ
ရည်ကြည် မကုန်ပဲ
မြဲ မွေ့ ငယ် တစေ
ပျိုပျို နေ ရချည့်
တွေ ဝေ လို့ မရသူ
စိတ် မှာ မပူပဲ ရယ်
်မြဲ မကွာ နေစေကြောင်း
ဆုတောင်းရင်းလေ…။
.
အဲချင်း
ဝတ်မှုံလေး ။


0 Comments