"တစ်ယောက်ယောက်ထံက မျှော်လင့်ခြင်း ဆိုတာ အမြဲတမ်း အတွက် နာကျင်စေတယ်……"
ရှိတ်စပီးယား ပြောခဲ့တဲ့ စကားလေး ပါ ။ တကယ်တော့ မျှော်လင့်ခြင်း ဆိုတာ တစ်နည်း အားဖြင့် လောဘ ပါပဲ။ လိုချင်တပ်မက် စိတ် တွေများ လာတဲ့အခါ ကိုယ်တိုင်တောင်မသိလိုက်ပဲ မြိုက်လောင်မှုတွေ ကြား မှာကူးခတ်နေရတတ်ပါတယ်။
ဘယ်သူ့ဆီကမှ ဘာကိုမှ မမျှော်လင့်တော့တဲ့အခါ မပျော်ရွှင်ရင်တောင် ငြိမ်းချမ်းသွားတတ်ပါတယ်။
ဘာကိစ္စပဲဖြစ်ဖြစ် ကိုယ်မျှော်လင့် သလို မတွေ့ကြုံလာတဲ့ အခါ ကျွန်မနှုတ်ဖျားက ရှိတ်စပီးယားရဲ့ စကားလေး ဖွဖွ ရေရွတ်မိရင် စိတ်သက်သာရာ ရသွားတတ်ပါတယ်။
တကယ်တော့……
"တစ်ယောက်ယောက်ထံက မျှော်လင့်ခြင်း ဆိုတာ အမြဲတမ်းအတွက် နာကျင်စေပါတယ်"
အမြဲခင်လျက်……
ဝတ်မှုံလေး


0 Comments