မချစ်တတ်တော့တာ မဟုတ်ပါဘူး
မချစ်ချင်တော့တာပါ
ချစ်ခြင်းက လွမ်းဆွတ်စရာ
ရင်နာတာတွေ များခဲ့လွန်းလို့
.
မလွမ်းတတ်တော့တာ မဟုတ်ပါဘူး
မလွမ်းချင်တော့တာပါ
လွမ်းဆွတ်ခြင်းက ရင်ကိုလောင်ကျွမ်း
တမ်းတ ခြင်းမှာ
အမုန်း တရား တွေဝင်
အပြစ်တွေလည်းမြင်လာ တတ်လွန်းလို့
.
မမုန်းတတ်တော့တာ မဟုတ်ပါဘူး
မမုန်းချင်တော့တာပါ
အမုန်းဆိုတာ ခံစားကြေကွဲရ
မေ့ပျောက် ဖို့ အခါခါ ကြိုးစားရင်း
အပြုံးဆိုတာတွေကို
စိတ်မပါ့တပါနဲ့
ဟန်ဆောင်ခင်းကျင်းရလွန်းလို့
.
ဒီလိုနဲ့
မမေ့တတ်ခဲ့တဲ့ နှလုံးသား
နေ့ ရက် များစွာကိုကျော်ဖြတ်
ပျော်ချင်ယောင်ဆောင်နေတတ်ခဲ့တယ် ။
.
ဝတ်မှုံလေး
မချစ်ချင်တော့တာပါ
ချစ်ခြင်းက လွမ်းဆွတ်စရာ
ရင်နာတာတွေ များခဲ့လွန်းလို့
.
မလွမ်းတတ်တော့တာ မဟုတ်ပါဘူး
မလွမ်းချင်တော့တာပါ
လွမ်းဆွတ်ခြင်းက ရင်ကိုလောင်ကျွမ်း
တမ်းတ ခြင်းမှာ
အမုန်း တရား တွေဝင်
အပြစ်တွေလည်းမြင်လာ တတ်လွန်းလို့
.
မမုန်းတတ်တော့တာ မဟုတ်ပါဘူး
မမုန်းချင်တော့တာပါ
အမုန်းဆိုတာ ခံစားကြေကွဲရ
မေ့ပျောက် ဖို့ အခါခါ ကြိုးစားရင်း
အပြုံးဆိုတာတွေကို
စိတ်မပါ့တပါနဲ့
ဟန်ဆောင်ခင်းကျင်းရလွန်းလို့
.
ဒီလိုနဲ့
မမေ့တတ်ခဲ့တဲ့ နှလုံးသား
နေ့ ရက် များစွာကိုကျော်ဖြတ်
ပျော်ချင်ယောင်ဆောင်နေတတ်ခဲ့တယ်
.
ဝတ်မှုံလေး


0 Comments