ကျွန်မ ရှုံးနိမ့်တဲ့ အခါ
သူက ကျွန်မ နားမှာ အမြဲရှိတယ်…။

ကျွန်မ ပျော်ရွှင်ရင်လည်း
သူ့ကိုလက် တွဲပြီး
ခရီးဆက်တယ်…။

ကျွန်မ မျက်ရည် ကျတဲ့ အခါ
သူကြောင့် အားအင်တွေပြန်တက်
လမ်းကြောင်းမှန်ပေါ်
ပြန်လည် လှမ်း လာနိုင်ခဲ့တယ် …။

သူ …ဆိုတဲ့
ကျွန်မ နဲ့ မခွာ မခွာ ရှိနေတဲ့
ယုံကြည်ခြင်း…
သူ့ကြောင့်
ကျွန်မ ကမ္ဘာ လင်းလက်ခဲ့တယ်…။
.
အမြဲခင်လျက်
ဝတ်မှုံလေး …

Post a Comment

0 Comments