သုညကို ပစ်ခတ်သူများ
***************

အတ္တအချင်းချင်း
ဖိတိုက်မိလို့
ခေါင်းငိုက်စိုက်ကျပြီူ
ပြုံးပြသွားတဲ့ …သူငယ်ချင်းမျိုး
တစ်ယောက်မှမမြင်ဖူးဘူး။
ဟန်ဆောင်ပြုံးပြဖို့ ……
မေ့လျော့တတ်ကြတဲ့အပြင်
ရန်စောင် မာန်စောင်နဲ့
အလံထောင် ဟစ်ကြွေး ကြေညာ
စစ်အေးကမ္ဘာက
တိုက်ပွဲလိုမျိုး……
ရှေ့တစ်လှမ်းတိုးပြီး……
ရိုက်ချိုးဖို့ ……ပြင်ဆင်နေကြ ။

ငါက ,
နဂိုကတည်းက
သုညပါကွာ ။
သုညမှာ……ဘာမှ
မရှိပေမယ့်.......,
ဘာမှမရှိတဲ့ ……တရား
ငါ…………, သိပ်ချစ်တဲ့
အင်အားပေါ့………။
ငါ့ကို ,
ဝိုင်းဝန်း ပစ်ခတ်လိုက်စမ်းပါ……။

မောင်လှမျိုး (ချင်းချောင်းခြံ)
2012 Nov 16

Post a Comment

0 Comments