ပါရမီဘက်
*******

နေ မပျော်လည်း …
ရွှေပေါ်မြတင် ငါ့ရင်ခွင်မှာ
သခင်လိုလည်း မစေနှင့် ။

နေမပျော်လည်း …
ငါ့ တိုက်ပွဲမှာ …
သေဖော်သေဖက် ငါ့အတွက်ဆို
ကျေးကျွန်လိုလည်း မနေနှင့် ။

တစ်ဦးမေတ္တာ
တစ်ဦးမှာလေ……
နွေးထွေးဖေးကူ တစ်အူတုံဆင်း
ချစ်ခြင်း မျှ သစ္စာ့မဏ္ဍိုင်
မယိုငိမလဲ မြဲမြဲတွဲကာ
တိုက်ပွဲထဲ…ပျော် အောင်လံတော်ကို
အတူမျှော်၍ ယူပါ …ခင့် ။

မောင်လှမျိုး(ချင်းချောင်းခြံ)

Post a Comment

0 Comments