ရပ်
**
အတူတကွ တည်ဆောက်ရမယ့် အနာဂတ်ကို
ဖဲ့ယူ စားသုံးနေချင်တာလည်း …ရပ်။
လုပ်ပိုင်ခွင့်ပိုလိုချင်လို့
ကိုယ်လိုရာ ဆွဲတွေးနေချင်တာမျိုးလည်း…ရပ်။
ငါတကော…ကောမယ်ပြင်မိတိုင်း
ရင်သွေးငယ်တွေ ငိုကြွေးရမယ့်ကိစ္စ ဆိုရင်…ရပ်။
တစ်သက်မှာ တစ်ခါနာရုံမကဘဲ
နှစ်ဖက်မှာ နှစ်ခါနာရတဲ့ ,
အခြေအနေ ဆိုးကိုလည်း …ရပ်။
မတူညီတာတွေကိုယ်စီပဲမို့
တူညီတဲ့ ရည်ရွယ်ချက်နဲ့ ,
အတူတူရပ်နေကြရတဲ့
ဒီမြေ ဒီရေ အတွက် ,
ကိုယ်စီဆုံးရှုံးမှုတွေ …များနေစေတဲ့ …
အားလုံးရဲ့ မျက်ရညိတွေ …ဖြစ်စေတဲ့ …
အဲ့ဒီ "စစ် " ဆိုတာကို ……ရပ်။
မောင်လှမျိုး (ချင်းချောင်းခြံ)
2012 sep 22
**
အတူတကွ တည်ဆောက်ရမယ့် အနာဂတ်ကို
ဖဲ့ယူ စားသုံးနေချင်တာလည်း …ရပ်။
လုပ်ပိုင်ခွင့်ပိုလိုချင်လို့
ကိုယ်လိုရာ ဆွဲတွေးနေချင်တာမျိုးလည်း…ရပ်။
ငါတကော…ကောမယ်ပြင်မိတိုင်း
ရင်သွေးငယ်တွေ ငိုကြွေးရမယ့်ကိစ္စ ဆိုရင်…ရပ်။
တစ်သက်မှာ တစ်ခါနာရုံမကဘဲ
နှစ်ဖက်မှာ နှစ်ခါနာရတဲ့ ,
အခြေအနေ ဆိုးကိုလည်း …ရပ်။
မတူညီတာတွေကိုယ်စီပဲမို့
တူညီတဲ့ ရည်ရွယ်ချက်နဲ့ ,
အတူတူရပ်နေကြရတဲ့
ဒီမြေ ဒီရေ အတွက် ,
ကိုယ်စီဆုံးရှုံးမှုတွေ …များနေစေတဲ့ …
အားလုံးရဲ့ မျက်ရညိတွေ …ဖြစ်စေတဲ့ …
အဲ့ဒီ "စစ် " ဆိုတာကို ……ရပ်။
မောင်လှမျိုး (ချင်းချောင်းခြံ)
2012 sep 22


0 Comments