အသက်ထက်ဆုံး
************

ကိုယ်က,တော့……
ဘဝ, ခရီးတိုတိုလေးမှာ ……
ခလုတ်ခဏခဏတိုက်ရလောက်အောင်
ညံ့ဖျင်းလိုက်ပုံများ
ဟားတိုက်သံတွေကိုတောင်
အပြစ်မဆိုဝံ့ဘူး။

…ကိုယ်,မသောက်သုံးဖူးခဲ့တဲ့
သစ္စာရေ တစ်ပိုင်တစ်နိုင်စာလောက်ကို
ဘုရားမှာ ဆုပန်ရင်း...
သူငယ်ချင်းတွေကို
တစ်ငုံစီ ..တိုက်လိုက်ချင်ပါတယ်။

ယုံပါ …
"ချစ်တယ်" ဆိုတာ
ပါးစပ်က, ပြောရင်
တစ်ခွန်းတည်း။

ခိုင်မြဲမှုက
အသက်ထက်ဆုံး……
ယုံပါ။

မောင်လှမျိုး(ချင်းချောင်းခြံ)

Post a Comment

0 Comments