ချစ်သူတွေအတွက် စကားလက်ဆောင်
***************************
***************************
မှန်ဘီလူးခွက် မှာ ပုံရိပ်စစ် ပေါ်တဲ့နေ့ …မှပဲ…
ချစ်သူကိုမေ့ပါ……။
ချစ်သူကိုမေ့ပါ……။
AP ကိန်းစဉ်တန်းက common difference တွေ တူနေသလောက်အချိန်တွေ အထိ
ချစ်သူနဲ့ တူတူရှိနေပါ…။
သစ္စာရှိခြင်း ဟူသော
preservative ကို များများထည့်ရင်း
ချစ်ခြင်းရဲ့ shalf -life ကို ထာဝရ ရှည်ကြာပါစေ……။
ပေါင်းစပ်လို့ မရတဲ့
သင်္ချာက matrix တွေ လို မတူညီတဲ့ order တွေ ရှိကြတာမှ မဟုတ်ပဲ ………
အထင်အမြင်လွဲမှားစရာ ဆိုတာ……
အောင်မှတ် အတွက်ကြည့် ရန်မလိုတဲ့
တစ်မှတ်တန် မေးခွန်းလို
ခပ်ပါးပါးလေး ……
ဘာကိုမှ အပင်ပန်းခံ မတွေးနေပါနဲ့ ………။
omeprazole ရဲ့ အလှအပ ဟာ
diclofenac ရဲ့ အားနည်း ချက်ကြောင့် ပို အသက်ဝင်လာသလိုပေါ့ ..
တစ်ခါတစ်လေ ချစ်သူတွေ ရင်ဆိုင်ရတဲ့
ခါးသက်မှုတွေကြောင့်ပဲ
အချစ်တွေ ပိုပီပြင် လာတာမျိုး ……မဟုတ်လား……။
အနုတ် နဲ့ အနုတ်ပေါင်းလို့
တိုးလာတဲ့ ကိန်းဂဏန်းတွေလို
တန်ဖိုး မရှိ မဖြစ်ချင်ကြပါဘူး…။
ဆန်ကျင် ဖက် ဆန္ဒ တွေ ဖြစ်ခဲ့ရင်တောင်
ချစ်သူ့ဘဝ အတွက်
လှလှပပ အပေါင်းလက္ခဏာလေးတွေ ပေးလိုက်ချင်ကြတာ……
ပဋိပက္ခ ဆိုတာ ချစ်ခြင်းမေတ္တာရဲ့
ပြယုဂ် တစ်ခုပါ ……။
ကော်ဖီခါးခါးလေး တစ်ခွက်လိုပေါ့
ဆိမ့်သက်သက်လေး နဲ့ အရသာ တစ်မျိုး…
ဒေါသ ရဲ့ concentration ကို သိပ်မတိုးမိဖို့တော့လိုအပ်တယ်……။
Chemical system တစ်ခုရဲ့ equilibrium တောင်
ပတ်ဝန်းကျင်ရဲ့ အပူချိန် ဖိအားတွေကို
ဆတ်ဆတ်ထိမခံတုံ့ပြန်တတ်သေးတာ…
ယောက်ျားလေးဆိုတာလည်း နှလုံးသားနဲ့ ……
ဘယ်လောက်ချစ်ချစ် မာနကိုထိ တဲ့အခါ
တုံ့ပြန်ချက် ပေးချင်တတ်ကြတာပေါ့……။
ဘယ်လောက် အေးခဲတဲ့ပုံဆောင်ခဲ တစ်ခု ဖြစ်ဖြစ်
အပူချိန် တစ်ခုမှာ ပူနွေးပြီးအရည်ပျော်တတ်သေးတာ ……
နူးညံ့တဲ့ နှလုံးသားပိုင်ရှင် မိန်းကလေးတွေဟာ ……
ကြင်ကြင် နာနာ ချော့တဲ့ အခါ
ကျေနပ်သာယာ လာတတ်ကြတာပါပဲလေ……။
ထို့ကြောင့်
ရန်ဖြစ်ပါ သို့သော် ပြန်ချော့ပါ…
စိတ်ကောက်ပါ သို့သော် အချိန်မကြာပါစေနှင့်……
……
နွေးထွေးသော ချစ်ခြင်းတစ်ခုဖြင့် နားလည်သော နှလုံးသား အစုံတို့
ပေါင်းစည်းကာ ပျော်ရွှင်သာယာသော ကမ္ဘာငယ် တစ်ခုဖန်ဆင်းကြပါလေ…………။
Genuine love wants what is the best for the other!!
WHP (ဝတ်မှုံလေး၏ စာအိမ်ငယ်)
photo -from ako Thi Ha

0 Comments