ထိုသူ
****
သူသိသူတတ် သူသာမြတ်၍
သူ့နှုတ်ထွက်ထား အမှားများဖြင့်
တနင့်တပိုး စီးချင်းထိုးကာ
အနိုင်ယူသူ ထိုထိုသူ……။
ရှင်းပြသူကို ပြစ်များယူ၍
ငြူစူ စောင်းမြောင်း မကောင်းတွေပြော
ခပ်ပေါပေါဥာဏ် ပညာသံဖြင့်
တဖျစ် တောက်တောက်
သူ့ပြစ်ပျောက်အောင် စွမ်းဆောင်လွန်မြောက်
ထိုသူ လောက်ကို …
စကားထည့် ဆို မကြောက်လိုခဲ့ …။
ရာထူးဂုဏ်ဝါ ကြီးမြင့်ပါလည်း
ပြောဆို ချိုသာ မရှိပါမူ …
တန်ခိုး ရှိစမ်း အရိုင်းပန်းဟု …
ဆိုမှန်းသိနေ ကဲ့ရဲ့လေအံ့……။
ရှေ့နောက် မကြည့် သတိမထား
အမှားများကို ကျူးလွန်ပါစေ …
စေတနာမသိ အမှားမရှိဟု
ကြွေးကြော်နေသူ ထိုထိုသူကို ……
ဟိုဒီအမှား များစမ်းပါစေ ……
ရပ်ကြည့်နေမည် …
နောင် လွန်သောခါ သိရခါမှ
မဟာဒုက္ခ ချုံးချုံးကျလျက် ……
တ သ တမ်း ညည်း မ ငိုနှင့် ………။
ကဗျာက နည်းနည်း တော့ အားပါသွားတယ် ………:D
(မှတ်ချက် ။ ။ အခက်အခဲပြဿနာတစ်ခု တွေ့လေလေ senior အစ်မကို အရမ်း ချစ်လေလေ ……♥♥ )
WHP (ဝတ်မှုံလေး၏ စာအိမ်ငယ် )

Post a Comment

0 Comments