အသက် ၁၆ ကနေ ၂၀ နှစ် အရွယ် လူငယ်တွေဟာ
Flumox tablet နဲ့တူပါတယ် ……
ထုပ်ပိုးပုံ ဒီဇိုင်းက အလန်းဇယား
တန်ကြေးက လည်းမြင့်
နုနယ်ပျိုမျစ်
ဆန်းသစ်တဲ့ အာနိသင်တွေနဲ့ ……
ဘယ် ward ကို ပဲပေးပေး
"ဟင့်အင်း " လို့ ငြင်းမယ့်သူမရှိ
အမြဲ မျက်နှာ ပွင့်လန်းနေတတ်ကြတယ် ……ကိုယ့်အာနိသင်ကို အသုံးချ…
လောကကြီးကို လှပစေဖို့ အကောင်းဆုံးအရွယ်ပေါ့ ……။

အသက် ၂၀ နှစ်မှ ၃၀ နှစ် အတွင်း
ရောက်လာတဲ့အခါ ……
diclofenac sodium လိုပါပဲ …
ပဋိဇီဝ ဆေးမဟုတ်သော်ငြား
ကိုက်ခဲ နာကျင်မှုတွေ တော်တော်များများမှာ သူ့ကိုအားထားရတယ်…
ထုပ်ပိုးမှုက စူးစူးရှရှသိပ်မတောက်ပဘူး
ကြည့်ပျော်ရှုပျော် ဖြစ်အောင် လှလာတတ်ကြတယ် ……။
ဘယ်ward မှာဖြစ်ဖြစ် သူ့ကို မသုံးတာ မရှိသလောက်ပဲ ……။
လူနာတော်တော်များများရဲ့
နာကျင်ခြင်းတွေကို သက်သာစေတယ် …
လောကကြီး အတွက် လိုအပ်နေတဲ့ကွက်လပ်တွေ …
analgesic action နဲ့ အားဖြည့် နှစ်သိမ့်ပေး စေသင့်ပါတယ်………။
အသက် ၃၀နှစ် မှ ၅၀ နှစ် အတွင်း အရွယ်ကတော့
omeprazole လို အရွယ်ပါ …
ရင့်ကျက်လာတဲ့အရွယ်လို့လည်းပြောလို့ရတယ်
ortho ward တို့ surgical ward တို့လောက်မှာပဲ
diclofenac sodium ကို အမှားတွေမရှိအောင် တွဲထိန်းပေးတယ်……
…မခံမရပ်နိုင်အောင် ဗိုက်အောင့်ပြီး ဒုက္ခဖြစ်
မအီမသာဖြစ်မှ သူ့ သတိပေးခဲ့တာ
သူ့ကို ကြိုမသောက်ဖြစ်တာကို သတိရကြတယ် …
၂၀ ၂၅ နှစ် diclofenac တွေသာ သူတို့ရဲ့
ပဲ့ပြင်ပေးမှုကို လက်ခံ
ကလန် ကဆန် မလုပ်ခဲ့ရင်
လောကကြီး အတွက် သူတို့ဟာ
အကောင်းဆုံးတွဲဖက် ဆေးတစ်ခွက် ပါပဲ ……။
အသက် ၅၀ နှစ် မှ အသက် ၈၀ အရွယ် ၉၀ အရွယ်တွေကတော့ …
paracetamol(acetamenophan) ကြီးတွေပါ
para ကိုသောက်လို့ အန္တရာယ် ဖြစ်တာ နည်းသလို …
သူတို့စကားနားထောင်လို့
ဒုက္ခ ရောက်တယ် ဆိုတာ ရှားပါးပါတယ်…
ရှေးဦးပထမဆေး … ဖြစ်ပါတယ် …
ထုပ်ပိုးပုံက အရိုးရှင်းဆုံးပေမယ့် ……
ကျက်သရေ ရှိလှပါတယ် …
ပေါပေါ ရနေလို့ တန်ဖိုးမရှိဘူး ထင်ရပေမယ့်
အအေးမိဖျားနာကအစ တန်ဖိုးအထားရဆုံးပါ……
ကမ္ဘာပေါ်မှာ paracetamol.မရှိရင် ဘာဖြစ်မလဲ တွေးကြည့်ပါ။ လက်လှမ်း အမီဆုံး ဆေးပေမယ့် တန်ဖိုးအရှိဆုံး ဖြစ်နေတယ် ဆိုတာ မေ့နေတတ်ကြပါတယ်။
လူကြီးမိဘတွေဟာ ကျွန်မတို့ဘဝ အတွက် အခြေခံ အကျဆုံး paracetamol ဆေးလိုပါပဲ။ တစ်ခါတစ်လေ သူတို့ရဲ့စကားကို အရေးမပါဘူး ထင်တတ်ကြပေမယ့် ကျွန်မတို့ဘာဖြစ်ဖြစ် ကျွန်မတို့လက်လှမ်း မီတဲ့နေရာမှာ နှလုံးသားရဲ့ နာဖျား ခြင်းအတွက် side effect နည်းနည်း နဲ့ အမြဲအဆင်သင့် သူတို့ရဲ့ အာနိသင်တွေကို ကမ်းလင့်ကာ ပေးဆပ်နေတတ်ကြတယ် မဟုတ်ပါလား………။
WHP
ဝတ်မှုံလေး၏ စာအိမ်ငယ်

Genuine love wants what is the best for the other!
Photo -preparing for tomorrow tourism

Post a Comment

0 Comments