သူတစ်ပါးရဲ့ အကျိုးစီးပွားကလွဲလို့ဘာကို မှ မမျှော်လင့်ပဲ ဆောင်ရွက် ပေး တတ်တဲ့သူ တွေဟာ သူရဲကောင်းတွေ…ပေါ့။
အဲ့ဒီလို ဘာအကျိုးမှ မမျှော်လင့် တဲ့အတွက်လည်း သူရဲကောင်းတွေဟာ လူမသိသူမသိ နဲ့ ဘဝ နိဒါန်း ချုပ်သွားကြတာများတယ်လေ။ဖတ်ဖူးတဲ့အင်္ဂလိပ် ကဗျာလေးထဲကလို ကျောက်တုံးလေး တစ်ခု မှတ်တိုင်လေးတစ်ခု ဘာဆို ဘာတစ်ခုမှ တောင်မစိုက်ထူပဲ မြေဆွေး ဘဝနဲ့ မာနကင်းကင်း လောကကြီးကို အကျိုး ပြုရင်းပေါ့။
သူရဲကောင်းဟာ "အသိမှတ်ပြုခံရမှု" အတွက်
ဝမ်းနည်း ပူဆွေးမှု မရှိဘူး။သူက ပေးဆပ်နေရရင်ကို ပျော်နေတတ်တာမျိုး။အကြောင်းတစ်ခုခုကြောင့် သူ့လုပ်ရပ်ကို သိသွားလို့ ချီးမွမ်းကြရင် မပျော်သလို အကြောင်းတစ်ခုခုကြောင့် သူ့အပေါ် လူတွေ အထင်လွဲရင်လည်း ဝမ်းမနည်းဘူး။
လောကကြီးရဲ့ ချီးမွမ်း ကဲ့ရဲ့ ပြောင်းလဲနေတာတွေကို လိုက်ပြီး သူရဲကောင်းရဲ့စိတ်ဟာ မပြောင်းလဲဘူး ။ တစ်သမတ်တည်း…။
ကျွန်မ သိပ်ကြိုက်လို့ မှတ်ထားဖြစ်တဲ့ ကဗျာ စာသားလေးတစ်ခုရှိတယ်။
"လက်ဖက်ရည်တစ်ခွက်တောင် တည်ခင်း ဧည့်မခံတတ်တဲ့အမှန်တရား"တဲ့
အဲ့ဒီလို ခပ်တည်တည် သဘောထားနဲ့ ကြိုက်နှစ်သက်လောက်ချင်စရာ တစ်စက်မှမရှိတဲ့ အမှန်တရား ထဲမှာ …
လူမသိ သူမသိ သူရဲကောင်းတွေ ဘယ်လောက် အရေ အတွက် များနေမှာပါလိမ့်……။
ဝတ်မှုံလေး

Post a Comment

0 Comments