လုပ်ငန်းခွင် ဆိုရင် လုပ်ငန်းခွင်လို ပြောဆိုနေထိုင် နိုင်ရမှာပါပဲ ……။
ကိုယ်က အမှုအမှတ်မဲ့ စိတ်ထဲရှိသလို ပြောလိုက်ပေမယ့် ကိုယ့်ရဲ့တာဝန်ယူနိုင်မှုအပေါ်ထိခိုက်သွားတတ်ပါတယ်……။
ရင့်ကျက်မှုဆိုတာ အသက် အရွယ်နဲ့ မသက်ဆိုင်တာမျိုးပါ ။
ဟန်ဆောင်ပြောဆိုတတ်ဖို့မဟုတ်ပေမယ့် အရာရာ ကို မကောင်းမြင်ပြီး
ပြစ်တင်ရှုံ့ချ နေရင် ကိုယ့်ရဲ့ role ကို ကိုယ်ကိုယ်တိုငိ
ရိုက်ချိုးနေမိသလို ဖြစ်တတ်ပါတယ်။
ပေးအပ်ထားခြင်းခံရတဲ့ တာဝန်ကို အကောင်းဆုံး ဆောင်ရွက်ပြီး ကိုယ့်ဖက်က မပြေလည်ချက်တွေကိုလည်း ညှိနှိုင်းဆောင်ရွက် သင့်ပါတယ်။
ဆီမီးတိုင် ဆိုတာ မီးကူးညှိလိုက်လို့ မှိန်သွားတာမျိုး မရှိပါဘူး ။ပိုပြီး ထွန်းလင်းတောက်ပလာတာမျိုးပါ။
ဆီမီးတိုင်လို လူမျိုးတွေဟာ သူတို့ရဲ့ ထက်မြက်မှုတွေကို အသုံးချကာ
သူတစ်ပါး နားမလည်တာကို ပြသ အကျိုးအမြတ်တွေကို မျှဝေ ခံစား
မြင့်မြတ်တဲ့စိတ် ထားတွေရှိကြပါတယ်။
ဆီမီးတိုင်လို အလင်းညှိပေးတတ်တဲ့ သူတွေစုဝေးရာ လုပ်ငန်းခွင်ဟာ ပင်ပန်းသည့်တိုင် ပျော်ရွှင်သာယာဖွယ် နေရာ ဖြစ်လာပါတော့တယ်……။
အမြဲခင်လျက်
ဝတ်မှုံလေး
ဝတ်မှုံလေး


0 Comments