ငါး
***
တစ်ဘဝလုံးလိုလို
ငါးရယ်လို့ တစ်ကောင်တစ်လေမှမမိ……
ကြည့်……
မိမယ့်မိတော့ စကြဝဠာကြီး…
အပေါ်ဆွဲတင်လိုက်တော့
ငါ့ငါးမျှားတံဟာ ကိုင်းညွတ်ပြီး
သက်တန့်ဖြစ်သွား……
ငါ့ကို ပြန်မျှားခဲ့ပေါ့။
မောင်ချောနွယ်

Post a Comment

0 Comments