လိုအပ်ချက် မှာ ပြည့်စုံ သွား တဲ့ အချိန် ဆိုတာရှိပေမယ့်
လောဘမှာတော့ ရပ်တန့်သွား တဲ့အချိန် ဆိုတာ မရှိပါဘူး။
တစ်ဖက်မှာ လောဘ တွေ များနေသမျှ အခြားတစ်ဖက်မှာ လိုအပ်ချက်တွေ ရှိနေဦးမှာပါပဲ …။
ကိုယ့်လောဘ ကိုယ့်အတ္တ ဟာ အခြား တစ်ဖက်ရဲ့ လိုအပ်ချက် ဖြစ်နေစေသမျှ ငြိမ်းချမ်း ပျော်ရွှင်ခြင်းတွေဟာ
တစ်ဖက်စောင်းနင်း ဖြစ်နေကြရပါဦးမယ်……။
ပုထုဇဉ် တွေမို့
စွန့်လွှတ် ဖို့ မဖြစ်နိုင်ပေမယ့် ……
ကိုယ့်လောဘကလေးကို
ခပ်ပါးပါးလေးလျှော့ချ
ကမ္ဘာကြီးကို အလှဆင်ကြည့်ကြမယ် ……။
ငြိမ်းချမ်းအေးမြ ကာ ပိုပြီးပျော်ရွှင်လာ ဖို့ မျှော်လင့်ပါမယ်။
အမြဲခင်လျက်
ဝတ်မှုံလေး

Post a Comment

0 Comments