မဆိုသော သစ္စာ
************
မနက်လင်းတိုင်းတွေ့ရတဲ့
"Good morning" ……
အဲ့ဒီ massage လေးက ကိုယ့်ရဲ့ မင်္ဂလာရှိတဲ့ နံနက် ကလေးကို
အမြဲဖွင့်သစ် ပြီး အပျော်တွေခင်းကျင်းတယ်………။
ညအချိန်ရောက်တိုင်းတွေ့ရ တဲ့
"Good night"…
အဲ့ဒီ စာကြောင်း ကလေးကြောင့်
သာယာ မှုတွေ စီးဆင်း…
အမြဲ တမ်း မက်ခဲ့တယ်
သူဆုတောင်းပေး သလို
"Have a sweet dream"
စိတ်ညစ်ရင် ကြည့်မိတတ်တဲ့
နှင်းဆီခင်း…
တစ်နေ့နေ့မှာ နှစ်ယောက် အတူ နင်းလျှောက်ကြဖို့ စိတ်ကူးယဉ်ကြရင်း…………။
ဘယ်တော့ဖြစ်ဖြစ် အမြဲနွေးထွေးတဲ့ ဖုန်းထဲကသူ့ စကားသံ ……
အပြန်အလှန် အားပေးမှုတွေနဲ့
နားလည် စွာ ချည်နှောင်ခဲ့ကြပြန်တယ်။
ဘယ်လောက် အလုပ်ရှုပ်ရှုပ်
သူအမြဲ ဖတ်ပြီး အားပေးတတ်တဲ့
ကိုယ့် ကဗျာလေး…
အဲ့ဒါ စာကြောင်းတွေ ဆက်ရေးနိုင်ဖို့
ကိုယ့်အတွက် အဖိုး မဖြတ်နိုင်တဲ့
အားဖြည့်ဆေး………။
ဝေးပါစေ…ချစ်သူ
မိုင်တွေ ဘယ်လောက် ထောင်ချီပြီးဝေးဝေး……ပေါ့
တကယ်တော့
အကွာအဝေး…ဆိုတာ
သိပ်ချစ်တဲ့ သူနှစ်ဦး အတွက်
ကိန်းဂဏန်းတွေ ထက် ပို မလေးနက်တဲ့အရာ……။
ကိုယ်တို့ဟာ မိုင်တွေ ဘယ်လောက်ဝေးဝေး …နီးနီးလေး…
ကိုယ်တို့ကို ဘာတွေ ဘယ်လောက်ခြားခြား မခြားကြေး…
ဒါဟာ ကိုယ်တို့ နှစ်ဦး မဆိုပဲ ဖြစ်တဲ့သစ္စာ …
ထာဝရ အတွက် အမြဲတည်တံ့ရှည်ကြာပါလိမ့်မယ်………။
Genuine love wants what is the best for the other!
WHP

Post a Comment

0 Comments