ကြုံရဖြစ်ရ ဤ လောက၌ စွဲလာသန္ဓေ တည်နေဖြစ်လာ သတ္တဝါတို့၏ အသက်သည် အမှတ်နိမိတ် သင်္ကေတ မရှိပါချေ။
ပြုလုပ်စရာ ကိစ္စ အဝဝ ကျန်ရှိနေသေးသဖြင့် မသေပါရစေနှင့်ဟု ချိန်းချက် သတ်မှတ်ချက်လည်း မရှိပါချေ။
ဤမျှကြာလျက် အသက်ရှည်အံ့ဟူ၍ မည်သူမျှ ပိုင်ပိုင်မိမိ မသိအပ်နိုင် ။
အကြောင်းအရပ် ကာလကြာတည် ရှည်ရန် ခဲယဉ်းလည်း ခဲယဉ်းလှချေသည်။
မြက်ပေါ်ဆီးနှင်း အပ်ပေါ်မုန်ညင်းတစ်မျှ နည်းကျဉ်း လည်း နည်းကျဉ်း လှချေသည်။
ထိုအသက် သမုတ် နာမ်ရုပ်သည်လည်း ပြောထူများလှ ဆင်းရဲဒုက္ခ နှင့် ထာဝစဉ်မပြတ် ယှဉ်နေပါ၏ ။
သုတ္တနိပါတ

Post a Comment

0 Comments