ခင်ဗျားတို့ အမြင်မတော်လို့ တိုက်ပေါ်က ပြုတ်ကျပြီး အုတ်ဆက်ပွင့်နေတဲ့ ကဗျာဟာ ငါပါပဲ
……………
ထစ်ကနဲဆို ရောဂါက ၃၆၀ ။ လည်နေတဲ့သံသရာထဲ ငါ့ကိုယ်ငါ လုံးချေပစ်ထည့်မိပြီ……။
ရပ်နေတဲ့အမှတ်စက်ကလေးမှာရုန်းကြွနေတဲ့ အတ္တတွေ ။ကန်ချက်က တိုင်ထိပြီး ထွက်သွား။ပြာဖြစ်သွားတဲ့အထိ တစ်ဂိုးမှ မရခဲ့တဲ့လူတွေ လူတွေ။
အထင်ကြီးကြ ။အထုပ်ဆွဲကြ။အထာကိုင်ကြ။ဓားဆွဲကြ။သဘောထားကြီးကြ။မနာလိုကြ။အပေါ်ယံဆန်ကြ။
……………………………
စိတ်ကိုပတ္တာရိုက်ပြီး နံရံတွေနဲ့ဆွဲကပ်ထားလိုက်တယ်။
ရုပ်ဟာ အပေါက်ကြီးနဲ့ သံတိုင်တွေကို လက်အုပ်ချီလို့။
ဖြစ်လေရာ ဘဝမှာ အနုပညာစစ်စစ်နဲ အတူငတ် မွတ်ရပါလို၏ ။
………
မျက်စိကို အကုသိုလ်နဲ့ကင်းရာ နားကို အသံတွေနဲ့ဝေးရာ နှာခေါင်းကိုကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့လွတ်ရာ လည်ချောင်းကို အစာရေစာနဲ့ဝေးရာ ရွှေ့လို့ရရင် ရွှေ့ထားလိုက်ချင်တယ်……။
……
ကြောက်စိတ်ကို ကျောက်ခေတ်ပြန်ပို့ပြီး ဟော့ဒီ မျက်ခွက်ကြီးကို ရင့်ကျက်ချင်ယောင်ဆောင်ထားမိ။
လူတွေ လူတွေ သစ်ပင်မစိုက်ချင်ကြတော့ဘူး။ဆော့ဖ်ဝဲလ်ပဲရေးကြတော့မယ် ထင်ရဲ့။
သဘာဝ တရားကြီးလည်း နည်းပညာနယ်နိမိတ်တွေထဲ စနစ်သစ်တစ်ခုလို ကျွံဝင်နေပြီ။
ရဲရင့်လမင်း
"စကားလုံး MONSTER များသို့ ဘုရား+သခင် မှ Key:G Bossanova ဖြင့် စီရင်အပ်သောအထိတ်+တလန့် ပေးစာ"မှ
ရယ်စရာ
အမှတ်၃၄ ဖေဖော်ဝါရီ ၂၀၁၅

Post a Comment

0 Comments