သစ်ပင်အကြောင်း
*************
*************
အထီးကျန်ခြင်းကိုမှ နှစ်သက်တတ်တဲ့
ဆိတ်ငြိမ်သစ်ပင်……
ဆိတ်ငြိမ်သစ်ပင်……
စာအုပ်တွေနဲ့
ရေလောင်းပေါင်းသင် ပေးမှ ရှင်တယ် ………။
ရေလောင်းပေါင်းသင် ပေးမှ ရှင်တယ် ………။
အဖြူထည် အရိပ်နဲ့
လွှမ်းခြုံလွှင့် မှ ပွင့်တယ် ……။
လွှမ်းခြုံလွှင့် မှ ပွင့်တယ် ……။
စေတနာနဲ့ ခူးကာ ဆွတ်မှ
ညွတ်တယ်...။
ညွတ်တယ်...။
သမိုင်း ကို မရိုင်းစေ မှ
ကိုင်းတယ်.....
ကိုင်းတယ်.....
ဂရုဏာတွေ နဲ့ ရိုက်ကာချိုးမှ
ကျိုးတယ်………။
ကျိုးတယ်………။
နောက်ဆုံးတော့လည်း ……
သစ်ပင်ဟာ သစ်ပင်သဘာဝ…
ကွဲကြေ ပြိုကျ ရင်တောင်
မခံစားရသလို …
ငြိမ်သက် နေပြ ရတဲ့ အလေ့အထ……
သစ်ပင်ဟာ သစ်ပင်သဘာဝ…
ကွဲကြေ ပြိုကျ ရင်တောင်
မခံစားရသလို …
ငြိမ်သက် နေပြ ရတဲ့ အလေ့အထ……
"ခွင့်လွှတ်နိုင်စွမ်းအား" ကြားက
ကြေမွ နေတဲ့ ……
ကြေမွ နေတဲ့ ……
သစ်ပင်ရဲ့ နှလုံးသားထဲကို
ကြည့်စေချင်လှတယ်…………။
ကြည့်စေချင်လှတယ်…………။
အမြဲခင်လျက်
ဝတ်မှုံလေး
ဝတ်မှုံလေး


0 Comments