ရတနာလို့ ခေါ်ထိုက်တဲ့အကြောင်းတရား ငါးပါးရှိပါသတဲ့ …
-စိတ်ကမြတ်နိုးချစ်ခင် စွဲလမ်းရင်
-အဖိုးတန်ကြေးအများကြီးထိုက်ရင်
-အတုမရှိတဲ့အရာမျိုး ဖြစ်ရင် (နောက်ထပ် တူတာ မရှိရင်ပေါ့)
-တွေ့ခဲကြုံခဲ ရှားပါးတဲ့ အရာ ဖြစ်ရင်
-မွန်မြတ် တဲ့သူ တွေ အထက်တန်းစား ပုဂ္ဂိုလ်တွေရဲ့ အသုံး အဆောင်ဖြစ်ရင် ……တဲ့ ။
အဲ့ဒီအကြောင်းအချက်တွေထဲက တစ်ချက်ချက်နဲ့ညီရင် ရတနာထိုက်ပါသတဲ့။
ဟုတ်တယ်နော်။ကျွန်မတို့ သားသမီးတွေကို မိဘတွေက မြတ်နိုးချစ်ခင်ကြလို့
"သားသမီးရတနာ" လို့တင်စားကြတာဖြစ်မှာ။ စိန်ရွှေ တွေကျတော့တန်ကြေး
အများကြီးပေးရလို့ဖြစ်မယ်။"စိန်ရွှေရတနာ"လို့ခေါ်ကြပြန်ရော။ဗုဒ္ဓမြတ်စွာဘုရား
ကျတော့ဘုန်းတော်အန္တန တန်ခိုးတော်အနန္တ အတုမရှိမို့ "ဘုရားရတနာ"
လို့ကျွန်မတို့ ရိုသေစွာ ဆည်းကပ်ပူဇော်ကြပြန်တယ်။
ရှားပါးရင်လည်း
ရတနာတဲ့။ တွေ့ခဲကြုံခဲရင်ပေါ့ဒီနေရာမှာ ကျွန်မ တို့ မြန်မာမိန်းကလေးတွေကို
ပြေးမြင်မိတယ်။ အင်မတန် ကျက်သရေ အိနြေ္ဒနှင့် ပြည့်စုံသော
လျှပ်ပေါ်လော်လီခြင်းကင်းသော မိန်းကလေးများ အဖြစ်
သမိုင်းအဆက်ဆက်ဝင့်ထည်ခဲ့ကြသူလေးများ။လုံခြုံသော ဝတ်စားဆင်ယင်မှုများဖြင့်
ကိုယ်နှုတ်အမူအရာ စောင့်စည်းသူလေးများ။
ဒါပေမယ့်
ခေတ်ရေစီးကြောင်းကို လိုက်ပြီး ကိုးရီးယား ဖက်ရှင် မလုံ့တလုံ
ဆင်ယင်မှုများကြားတွင် ထို ဣနြေ္ဒရှင် မလေးများမှာ ပါးလျား
ရှားပါးလာခဲ့လေပြီ။တန်ဖိုးနားလည် သူ များအတွက်တော့ ရှားပါးလေ အဖိုးတန်လေ ပဲ
မဟုတ်ပါလား။
အမြင်မတော်ဘူး ဟု ပြောလျှင်လည်း "လှတာကိုမနာလိုတာ"
ဟုသာထင်မြင်မည့်သူများ အတွက်ရိုးရိုးလေးနှင့်လည်း လှပါကြောင်း ဋီကာဖွင့်ကာ
မပြောဝံတော့ပါ။သို့သော် "လူတိုင်းလိုလို ဝတ်နေတာပဲ ငါ့ကို
သူငယ်ချင်းတွေကလည်း တောဂိုက်လို့ပြောလှပြီ ငါလည်း ပုံစံပြောင်းတော့မယ်" ဟု
အတုမြင်အတတ်သင် ပြုမှုကြောင့် ထိုမြန်မာ့ ဂုဏ်ဆောင် ရှားပါးရတနာ
မကလေးများ၏ ဆင်ယင်မှု တွေ ပျောက်ဆုံးသွားမည်ကိုသာ စိုးရိမ်မိပါတော့သည်။
ဝတ်မှုံလေး



0 Comments