မေ…မိုး
*****
ကောင်းကင်ငိုတဲ့ မေ တစ်နေ့ကပေါ့ ……
ပူခြစ်တောက်လောင်နေတဲ့
ကွဲထွက်လုနီး ဝန်းကျင်ကြီးဟာ…
"ဒိန်း" "ဒလိန်း' သံတွေနဲ့အတူ……
မထိတ်သာမလန့်သာနဲ့ …
ချမ်း…မြ…လှ…ပ …
သစ်ရွက်စိမ်းစိမ်းလေးတွေဟာ
မျက်နှာမှာမတင် ရတာကြာတဲ့ …
ရွှန်း …ပ …လတ်… ဆတ်……
ရေစက်ကလေးတွေ ……
တလက်လက်ကို ……
လေရဲ့ တိုက်တွန်းချက်အတိုင်း…
ဘယ်ညာ ယိမ်းပြီး ငြင်းဆန်လိုက်ကြတယ်……။
…ရေသောက်မြစ်တွေက
တိတ်တခိုး …ပျော်ရွှင်,..လို့။
ဥယျာဉ်မှူး မလို …
သစ်ပင်လေးတွေ ……ရေစိုတယ်……။
ဆီ ထရီ ဇင်း တွေမသောက် …
ယားယံခြင်း နဲ့ အပူဝေဒနာတွေ ပျောက်တယ် ………။
မောင်မင်းကြီးသားများ
လျှပ်စစ် အန္တရာယ်မဖြစ်စေဖို့ စေတနာတွေ ……
အလွှားလိုက် …အလွှားလိုက်……ထား။
ခေါင်မိုးပေါ်က မီးချောင်းလေးလည်း …
အနားပေးခံရရှာတယ်……။
ဖယောင်းတိုင်တို …တစ်ခုဟာ
လင်း …ပြိုး…လက်…ထင်း…
လျှပ်နွယ်ဝင်း တွေနဲ့ ……အပြိုင် …
ရှိုက်…သံ…ဆူ…လှိုက် …
မိုးတိမ်ရဲ့ မျက်ရည်စီးကြောင်းကိုလိုက်ပြီး……
ဘယ် ညာ ယိမ်းနွဲ့ …
အလင်း ရောင်ကို ဖျစ်ညှစ် ဖန်တီးပေးခဲ့ရှာရ……

အဲ့ဒီမေတစ်ညကပေါ့……
လောကကြီးဟာ……
မိုးတိမ် …ကောင်မလေးရဲ့ …
မျက်ရည် အလျှံပယ် ထုတ်လုပ်နိုင်မှု နှလုံးသားအတွက် ……
အပြုံးတွေလက်ကနဲ …လက်ကနဲ…ထ
လက်ခုပ်သံတဖြောင်းဖြောင်းကို ဆူညံညံ တီးခတ်ပြခဲ့တယ်……။
ဝတ်မှုံလေး
6.5.2015 (WED )
9:29 PM