ရပ်
***
ငိုသံဆူညံ
နှလုံးသား ပဲ့ကြွေ
ဘဝ တွေ အက်ကွဲ …
အလဲလဲ မပြိုစေဖို့ …
………ရပ်။
ရင်နင့်သီကြွေး
အလွမ်းတေး ဆို …
ချစ်သူ ကောင်မလေး တွေ ခဏခဏ မငို ရစေဖို့
………ရပ်။
ဆာလောင် ငတ်မွတ် …
ဝဋ်ဒုက္ခတွေ …မကျန်စေဖို့ …
ဘဝင် သည်းလှိုက်
ကျိုက်ကျိုက် ဆူ ဝေ …
သနားစဖွယ်
အဖမဲ့ ကလေးလေးတွေ မကျန်စေဖို့
……ရပ် ။
ကောင်းကျိုး တစ်ခုမှမပေး…
ယမ်းငွေ့ တဝေဝေ
ငြိမ်းချမ်းခြင်းတွေ ကင်းဝေး
အသက်တွေ လောင်းကြေးထပ်
ရင့်နင့်ခြင်းတွေနဲ့ ဆင်နွှဲ
အဲ့ဒီ ……စစ်ပွဲ …ဆိုတာတွေ……ရပ်။
ဝတ်မှုံလေး

Post a Comment

0 Comments