ကောင်လေးသို့ ..
ငါ့ကို ချစ်ဖို့အတွက်
မီလျံနာ သူဌေးကြီးဖြစ်ဖို့ မလိုပါဘူး.
ဒါပေမယ့်
ထေရ၀ါဒ စစ်စစ်
ဗုဒ္ဓ ဘာသာဖြစ်ဖို့တော့လိုလိမ့်မယ်..
.
.
ငါ့ကို ချစ်ဖို့အတွက်
မင်းသားတစ်ပါးလို.
ခန့်ညားထည်ဝါပြီး..
ချောမောနေစရာမလိုပါဘူး..
ဒါပေမယ့်..
မိဘကိုချစ် ..
တိုင်းပြည် ချစ်ပြီး..
နှလုံးသားဖြူကာ..
ငါနဲ့ စိတ်တူကိုယ်တူဖြစ်ဖို့တော့လိုလိမ့်မယ်...
.
.
.
ငါ့ကိုချစ်ဖို့
ပညာတွေအများကြီးတတ်စရာလည်း မလိုပါဘူး.
ဒါပေမယ့်..တတ်တဲ့ပညာကို..
အစွမ်းကုန်အသုံးချကာ..
လောက ကြီးကို တစ်ထောင့်တစ်နေရာက..
ငါနဲ့ ညီတူ ..
အလှဆင်ပေးနေသူ..ဖြစ်ဖို့တော့ လိုလိမ့်မယ်...
.
.
ငါ့ကိုချစ်ဖို့ အတွက်..
မကြာခဏ ချစ်တယ်လို့ ပြောပေးနေစရာမလိုပါဘူး ..
ဒါပေမယ့် ..
ငါလုပ်သမျှနားလည်...
ငါ့စိတ်သဘောထားတွေကို ဘေးမဖယ်ပဲ..
ဘ၀ခရီး ဘယ်လောက်ကြမ်းကြမ်း ..
ငါနဲ့လျှောက်လှမ်း နိုင်တယ်လို့
ပြောနိုင်စွမ်းရှိသူတော့ဖြစ်ဖို့ လိုလိမ့်မယ်...
.
.
ကောင်လေးရေ..
ပကာသနတွေကို ဘေးဖယ်..
သဘာဝအတိုင်းရှိနေတဲ့ စိတ်ထားဖြူဖြူ ကလေးနဲ့..
ချစ်ခြင်းမေတ္တာနဲ့အရာရာကို ရင်ဆိုင်ဖြေရှင်း..
ကောင်းမှုကုသိုလ်တွေနဲ့ ရှင်သန်ရင်းနဲ့သာ ..
ဘ၀ကိုဖြတ်သန်းမှ...
အခုရော နောင်သံသရာရော..
နင်နဲ့ငါရဲ့ဘ၀တွေ..
အမြဲထာဝရ လှပ နေနိုင်မယ် မဟုတ်ပါလား..လေ...
.
.
ဝတ်မှုံလေး

Post a Comment

0 Comments