ရုပ်ဆိုး မလေး လှတဲ့နေ့
****************
****************
ရုပ်ချောတဲ့သူကို
မနာလို နေရုံနဲ့
ကိုယ့်ရုပ်က ချောမလာနိုင်ဘူးလို့
တွေးမိတဲ့အခါ …………။
မနာလို နေရုံနဲ့
ကိုယ့်ရုပ်က ချောမလာနိုင်ဘူးလို့
တွေးမိတဲ့အခါ …………။
အောင်မြင်နေတဲ့သူ ကို
ကျရှုံး စေချငိရုံနဲ့
ကိုယ့် အောင်မြင်မှုတွေက
လင်းလက်မလာဘူး ဆိုတာ
သိ ခဲ့တဲ့အခါ ……။
ကျရှုံး စေချငိရုံနဲ့
ကိုယ့် အောင်မြင်မှုတွေက
လင်းလက်မလာဘူး ဆိုတာ
သိ ခဲ့တဲ့အခါ ……။
ကံကောင်းနေတဲ့သူကို
မရှုစိမ့်ကာ အဆိုးဖြစ်စေချင်ရုံနဲ့
ကိုယ့် ကံဆိုးမှုတွေ က
ဆိုးသထက် ဆိုးလာရုံပဲဆိုတာ
သိ မိ ခဲ့တဲ့အခါ ……။
မရှုစိမ့်ကာ အဆိုးဖြစ်စေချင်ရုံနဲ့
ကိုယ့် ကံဆိုးမှုတွေ က
ဆိုးသထက် ဆိုးလာရုံပဲဆိုတာ
သိ မိ ခဲ့တဲ့အခါ ……။
ဟိုးရှေး အတိတ်က ကောင်းမှုကုသိုလ်တွေကြောင့်
ဖြစ်ပေါ်လာတဲ့ "ပါရမီ" ဆိုတာ
မှန်ပေါ်က ပုံရိပ်လို
ပြုံးရင်ပြုံးတဲ့အရိပ် ငိုရင်ငိုတဲ့အရိပ်
တစိမ့်စိမ့် ထင်တတ်တာကို
သိ လာ မိတဲ့အခါ ………။
ဖြစ်ပေါ်လာတဲ့ "ပါရမီ" ဆိုတာ
မှန်ပေါ်က ပုံရိပ်လို
ပြုံးရင်ပြုံးတဲ့အရိပ် ငိုရင်ငိုတဲ့အရိပ်
တစိမ့်စိမ့် ထင်တတ်တာကို
သိ လာ မိတဲ့အခါ ………။
ကုသိုလ် ကောင်းမှု
စေတနာ အစုစုတွေနဲ့
ရုပ်ဆိုးမလေးဟာ
အေးချမ်းဖြူစင်စွာ
တကယ် လှပ လာပါတော့တယ် ………။
စေတနာ အစုစုတွေနဲ့
ရုပ်ဆိုးမလေးဟာ
အေးချမ်းဖြူစင်စွာ
တကယ် လှပ လာပါတော့တယ် ………။
ဝတ်မှုံလေး


0 Comments