Photo -Google image 
ပန်း သန္နိဋ္ဌာန်
*********
တစ်ကောင်တည်း ……
ဒါပေမယ့်
ခြင်္သေ့ ………
တစ်ကောင်တည်း ဆိုရင်တောင်
ကေသရာဇာ ဘွဲ့မည်ခံ
မြင့်မား ဝင့်ထည်မှုတွေ ပြိုးပြက်လျှံတယ်……။
တစ်ပွင့်တည်း
ဒါပေမယ့်
နှင်းဆီ ……။
တစ်ပွင့်တည်း ဆိုရင်တောင်
လှသလောက် ဆူးထက်ထက်တွေအစီအရီ
ထိကပါး ရိကပါး သမားတွေကို
သွေးချင်းချင်း နီစေလိမ့်မယ်…။
တစ်ခက်တည်း
ဒါပေမယ့်…
သဇင်……။
တစ်ခက်တည်း ဆိုရင်တောင်
တော်တန်ရုံ မော်မကြည့်ရဲ
အတိမြင့်မြတ်နေတဲ့
ဝင့်ထည်ထည် ဖြူဖြူစင်စင်ပန်း …။
တစ်ယောက်တည်း
ဒါပေမယ့်
မြန်မာ မိန်းကလေး …။
တစ်ယောက်တည်းဆိုရင်တောင်
ဖြူစင်မှုကြောင့် ရှိတဲ့ ကေသရာဇာလို ဣနြေ္ဒ ……
ထက်မြက်မှုကြောင့် လုံခြုံတဲ့ နှင်းဆီလိုဆူး …
ကိုယ်ကျင့် တရားကြောင့် ပြည့်စုံတဲ့ သဇင်လို ဂုဏ်ကျက်သရေနဲ့ ……
နှယ်နှယ်ရရ မမှတ်ကြပါနဲ့ ……။
ဟေ့ …
ကြိုက်တဲ့အရပ်ကို မျက်နှာ မူ
တိုးတက်နေတဲ့ခေတ် ကြီးနဲ့အပြိုင်ရယ်ဖို့
"အင်တာနေရှယ်နယ် " လို့ အသံမထွက်တော့တဲ့အထိ ကြွေးကြော် ပစ်……
ဒါပေမယ့်
တို့ဝတ်စားဆင်ယင်မှု …
တို့ အတု ကို တို့ပြန် ယူ
နေရှင်နယ် သန့်သန့် ယဉ်ကျေးမှုကိုသာ လက်ခံသူ လုပ်ကြရအောင် ……
ရေ လည်း မရောကြေး …ရွှေလည်း မရောကြေး …………။
မြန်မာဆန်ဆန်လေး လှကြပါစေ …။
ဝတ်မှုံလေး

Post a Comment

0 Comments