တောင်ငူ တစ်မြို့လုံး ပိတောက်ဖုံးတဲ့နေ့ ……
စက်ဘီး နင်းရာ လမ်းလျှောက်
ဝါ ထိန် ရွှေ ဝင်း
သင်းမြ ချိုရီ …
ပိတောက်တွေ ……အစီအရီ ……။
ဆရာဝန်
ဆရာမ
သူနာပြု
ဈေးသည်မလေး…
အသီးသီး ရဲ့ ခေါင်းမှာ
ပိတောက်ဟာ …
မာန်မာန မရှိ
အဆင့်အတန်း လည်းမရွေးပဲ ပန်ဆင်သူကို
မွှေးမြ လှပစေ ……
အားလုံးဟာ ပိတောက်တွေ တဝေဝေနဲ့ ……။
တောင်ငူ တစ်မြို့လုံး ပိတောက်တွေ ဖုံး တဲ့ နေ့မှာ ……
တန်းတူညီတူ အခွင့်အရေးတစ်ခုကို
အလွှာပေါင်းစုံက မိန်းကလေးတွေ ခေါင်းမှာနေရာယူလျက်
ပိတောက်ဟာ မာန ကင်းစွာပေးဆပ်ခဲ့တယ် ……။
ဝတ်မှုံလေး

Post a Comment

0 Comments