ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးက
စိတ်ခံစားချက်တွေဟာ သင်ခန်းစာတွေပေးနိုင်တယ်ဆိုတာသိခဲ့တဲ့အခါ…
ပညာရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာတယ် …
ပညာရှိတဲ့အမျိုးသမီးဟာ့ 
အဲ့ဒီ သင်ခန်းစာတွေကို ဘဝတစ်လျှောက်လုံး
မပျောက်ပျက်အောင်ထိန်းသိမ်းသွားတယ်…။

ထက်မြက်တဲ့အမျိုးသမီးက
ဝံ့ကြွားပလွှား ခြင်းဟာ သူတစ်ပါးကို ပူလောင်စေတယ်လို့သိတဲ့အခါ…
အေးဆေးတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာတယ်…။
အေးဆေးတဲ့အမျိုးသမီးဟာ
အဲ့ဒီပူလောင်မှုတွေကို လွှတ်ချ…
အောင်မြင်မှုတွေနဲ့အတူ ငြိမ်သက်စွာ ရပ်တည်ပြတယ်…။
လှပတဲ့အမျိုးသမီးက
ကြွရွလှပခြင်းဟာ မနာလိုဖွယ်ရာ ဝန်းကျင်တစ်ခုကို ဖန်တီးကြောင်း
ကောင်းကောင်းသိတဲ့အခါ.…
ကျက်သရေရှိတဲ့အမျိုးသမီးဖြစ်လာတယ်…။
ကျက်သရေရှိတဲ့အမျိုးသမီးဟာ …
ဣနြေ္ဒလက်ဝတ်ရတနာကို နှလုံးသားမှာ ဆင်မြန်း…
လောကရဲ့မင်္ဂလာအရှိဆုံး ပန်းကလေးပေါ့…။
ဝတ်မှုံလေး

Post a Comment

0 Comments